၄၆၇။ "အဆက်မပြတ်ရိုက်ချက်၊ ဒုတိယပုံစံ-၁"

435 43 1
                                    

၄၆၇။ အဆက်မပြတ်ရိုက်ချက်၊ ဒုတိယပုံစံ-၁

ရပ်လိုက် ဂျန်ဝုရှီက ရုတ်တရက် ပြောသည်။

အဖွဲ့က ချက်ချင်း သူတို့ နေရာမှာပင် ရပ်လိုက်သည်။

ဘာဖြစ်လို့ ဖန်ဂျင်က စိုးရိမ်တကြီး မေးသည်။

သွေးနံ့ရတယ် ဂျန်ဝုရှီက ပြန်ပြောသည်။ သူမ မျက်မှောင်ကြုတ်နေ၏။

လိပ်ပြာသားရဲသွေးနံ့လား ကျောက်ချူက ပတ်ပတ်လည် နှာခေါင်းတရှုံ့ရှုံ့ဖြင့် အနံ့ခံသည်။ သို့သော် ပုံမှန်မဟုတ်သော မည်သည့် သွေးနံ့ကိုမျှ သူ မရသဖြင့် လက်လျှော့လိုက်သည်။

လူ့သွေးနံ့ ဂျန်ဝုရှီ၏ မျက်လုံးများ ကျဉ်းမြောင်းနေသည်။ သည်သွေးနံ့က အလွန် ဖျော့သည်။ သူတို့သာ လေညာသို့ ဆန်တက်မလာလျှင် သူတို့ဆီ သည်သွေးနံ့ မရောက်ရှိနိုင်။ လေနှင့် အတူ ပါလာသဖြင့်သာ အနံ့ရပြီး ၎င်းသွေးနံ့က အင်မတန် ပါးလျသည်။ သွေးနံ့လာရာအရပ်သည် သူတို့နေရာနှင့် အကွာအဝေးတစ်ခုမှာ ရှိနေကြောင်း သူမ သုံးသပ်မိသည်။

သူမက လေလမ်းကြောင်းကို ကြည့်လိုက်သည်။ သူတို့က မြေပုံအမှတ်ပြ၏ အစွန်းတစ်ဖက်သို့ ရောက်ရှိနေပြီး သူတို့ ထို့ထက် ဝေးဝေးသို့ ဆက်သွားလျှင် ကျောင်းတော်၏ လုံခြုံရေးအမှတ်ပြ နေရာမှ ကျော်လွန်၍ အန္တရာယ်ဇုံသို့ ချည်းနင်းဝင်ရောက်သွားမည် ဖြစ်သည်။

ကျောက်ချူနှင့် တခြားလူများက ဂျန်ဝုရှီ ကြည့်သော နေရာသို့ စုပြုံ ကြည့်ကြသည်။ ထိုတောအုပ် အစိတ်အပိုင်းက သက်တမ်းရင့် သစ်ပင်ကြီးများဖြင့် အုပ်ဆိုင်းနေပြီး သဘာဝပေါက်ပင်များ ထူထပ်စွာ ရှိနေသည်။ သူတို့ လာခဲ့သည့် နေရာများထက် ပိုမို ထူထပ် သိပ်သည်း၏။ သစ်ပင်တိုင်းက ဆယ်မီတာထက် ပိုမြင့်ကြပြီး အုပ်အုပ်ဆိုင်းဆိုင်း ရှိလွန်းသည်။ သစ်ပင်များကို ကျော်ပြီး ကြည့်ဖို့ မှောင်မိုက်လွန်း၏။

အဲနေရာကနေ သွေးနံ့ လာတာလား ကျောက်ချူက မေးသည်။

ဂျန်ဝုရှီက ခေါင်းညိတ်ပြ၏။

ငါတို့ သွားကြည့်ကြမလား ကျောက်ချူက အသစ်အဆန်း ကြည့်ချင်စိတ် ပြင်းပြနေသည်။ လေညင်းကျောင်းတော်မှ အမှတ်ပြနေရာများမှာ အဆင့်နိမ့် လိပ်ပြာသားရဲများသာ ရှိကြသည်။ သူတို့အတွက် စိန်ခေါ်မှု တစ်ရပ် မဟုတ်ချေ။ ထို့ပြင် သူတို့အလယ်မှာ ယင်ယန်ဝက်ဝံကြီးက မားမားမတ်မတ် ပါဝင်လာသဖြင့် သူတို့ မည်သည့် လိပ်ပြာသားရဲနှင့်မျှ ပက်ပင်း မတွေ့ကြရချေ။ ဒီလိုသာ ဆက်ဖြစ်နေလျှင် ကျောက်ချူက ပျင်းလွန်း၍ ရူးသွားနိုင်သည်ဟု ခံစားလာရသည်။

ပါရမီရှင်သမားတော်(၂)Where stories live. Discover now