၃၆၈။ "အရှေ့ဖက်ဝင်း စည်ပင်လာခြင်း - ၃"

495 42 0
                                    

၃၆၈။ အရှေ့ဖက်ဝင်း စည်ပင်လာခြင်း - ၃

ကျောင်းအုပ်ကြီး၏ တကျည်ကျည်ပြောဆိုနေခြင်းကြောင့် ယန်ဘူဂွေ့၏ အမူအရာက အကြီးအကျယ် အကူအညီကင်းမဲ့သွားရသည်။ ဟီချွဲ့ရှန်က ဘေးတစ်ဖက်တွင် အူမြူးကာ ရပ်နေသည်။

ကျောင်းအုပ်ကြီး.... ဒီလိုသာ ဆက်ဖြစ်နေရင်, အရှေ့ဖက်ဝင်းကို တစ်ယောက်ယောက် ဦးဆောင်ခိုင်းသင့်တယ်၊ ယန်ဘူဂွေ့ အခု လုပ်ခဲ့တာကိုပဲ ကြည့်အုံး၊ သူက ဒီနှစ်တွေမှာ အဲတပည့် နည်းနည်းလေးကိုပဲ ဆွဲဆောင်နိုင်ခဲ့တယ်၊ အဲသူတောင်းစားလေးတွေက လွဲလို့ သူ့ကို ဆရာအဖြစ် လက်ခံတာ ဘယ်သူရှိလို့လဲ၊ အခုလည်း, အရှေ့ဖက်ဝင်းရဲ့ အခြေအနေက ပိုဆိုးရွားလာတယ်၊ သူတို့က နောက်သူတောင်းစားလေး တစ်ယောက်ကို ရွေးချယ်ဖို့ ရုတ်တရက် ဆုံးဖြတ်ကြတယ်၊ သူလည်း အခကြေးငွေ ပေးနိုင်မှာ မဟုတ်ဘူး၊ ကျောင်းတော်ကို မှီခို ကပ်ရပ် စားသောက်မဲ့ သူပဲ ဖြစ်မှာ၊ အဲသူတောင်းစားလေးက ရဲရဲတင်းတင်းနဲ့ တောင်ဖက်ဝင်းက ကျနော့် တပည့်ကို ဒဏ်ရာရအောင် လုပ်လိုက်သေးတယ်၊ ကျောင်းအုပ်ကြီးက အဲလုပ်သာ ဆက်လုပ်ခွင့် ပြုထားရင်, ကျောင်းတော်က ပျက်ကိန်းဆိုက်လိမ့်မယ် ဟီချွဲ့ရှန်က ပက်ပက်စက်စက် လှုံ့‌ဆော်ပေးနေသည်။ သူ့စကားက အဆိပ်ရည်များဖြင့် တစက်စက် ယိုစီးကျနေသည်။

ဒါက..... ကျောင်းအုပ်ကြီးက မျက်မှောင်ကြီး ကြုတ်သွားသည်။ သူက စိတ်အနှောင့်အယှက်ဖြစ်သွားသည်။

ဂျန်ဝုရှီက အဖြစ်အပျက်အားလုံးကို စူးစမ်းလေ့လာကြည့်နေသည်။ သူမ မျက်လုံးများမှာ အေးစက်မာကျောမှုက ပြင်းထန်လာသည်။

ကျောင်းအုပ်ကြီး, ခင်ဗျား တွန့်ဆုတ်နေလို့ မဖြစ်တော့ဘူး၊ ခင်ဗျား မလှုပ်ရှားခင်, အရှေ့ဖက်ဝင်းက မျှော့တွေက တောင်ဖက်ဝင်းက တပည့်တွေ အားလုံးကို ‌နောက်ဆုံး မောင်းထုတ်သွားလိမ့်မယ်၊ အဲတပည့်တွေ အားလုံးက... ဟီချွဲ့ရှန် သူ့စကားကိုပင် ဆုံးအောင် မပြောရသေးချေ။ ထိုစဉ်....

ဂျန်ဝုရှီက သူမလက်ကို ကျောင်းအုပ်ကြီး၏ စားပွဲတွင် ရိုက်ချလိုက်သည်။ သူမအသံက ရှင်းလင်းနေသဖြင့် တခြားသူများက သူမကို လှည့်ကြည့်ကြသည်။ စားပွဲပေါ်ရှိ သေးသွယ်သည့် လက်လေးကို သူတို့ ငုံ့ကြည့်လိုက်လျှင်, ၎င်းလက်အောက်တွင် ငွေစက္ကူတစ်ရွက်ကို မြင်ကြရသည်။ (bank note-ကို ငွေစက္ကူလို့ အဘိဓာန်မှာ ပြထားသည်။ ရှေးခေတ်သုံး ဘဏ်နုတ်က ခုခေတ် ချက်လက်မှတ်နဲ့ တူပါလိမ့်မည်။)

ပါရမီရှင်သမားတော်(၂)حيث تعيش القصص. اكتشف الآن