၂၄၉။ "ပြောမပြသည့် ရည်ရွယ်ချက် - ၃"

1.2K 91 0
                                        

၂၄၉။ “ပြောမပြသည့် ရည်ရွယ်ချက် - ၃”

ဂျန်ဝုရှီ အာမခံပေးခြင်းကြောင့်, ဘိုင်ယန်ရှင်းအန်က သက်ပြင်းအေးချလိုက်သည်။ သူမက ချင်းယန်ကလန်နှင့် လုံးဝ ဖြတ်တောက်ပြီး ဖြစ်သည်။ မည်သူမဆို ဦးနှောက်တစ်ခြမ်းပဲ ရှိလျှင်တောင်, သူမက ချင်ယုယန်နှင့် အပေါင်းပါများ၏ သေခြင်းကို ဆောင်ယူလာဖို့ ဂျန်ဝုရှီနှင့် တကျိတ်တည်း တစ်ဉာဏ်တည်းဆိုတာကို သိနိုင်သည်။ သူမအတွက် ချင်းယန်ကလန်ကို ပြန်သွားဖို့ဆိုတာ မဖြစ်နိုင်တော့ပေ။

သည်ရက်များမှာ ဘိုင်ယန်ရှင်းအန်က ဂျန်ဝုရှီ၏ ကိစ္စများအား ကိုင်တွယ်ပုံ နည်းလမ်းကို စူးစမ်းကြည့်ခဲ့သည့်အတွက် သဘောပေါက်ထားတာ ရှိသည်။ ဂျန်ဝုရှီ၏ အလိုဆန္ဒနှင့် မဆန့်ကျင်သရွေ့, သူမ အသက်က ငြိမ်းချမ်းနေမည် ဆိုတာပင် ဖြစ်သည်။

သူမကိုယ်တွင်းရှိ အဆိပ်မှ တပါး, ဘိုင်ယန်ရှင်းအန်၏ ဘဝက နန်းတွင်းမှာ အတော်ငြိမ်းချမ်းနေသည်။

သူမ ဘယ်သွားသွား သွားနိုင်ပြီး, သူမအတွက် အဆင်ပြေနေတာကို တွေ့ရသည်။

“ချင်းယန်ကလန် ထိန်းချုပ်ထားတဲ့အောက်မှာ တောင်ထွတ် ၁၂လုံးရှိတယ်၊ အဓိက တောင်ထွတ်က အဓိပတိအုပ်ချုပ်မှုအောက်မှာ ရှိတယ်၊ တခြားတောင်ထွတ် ၁၁လုံးမှာ အကြီးအကဲတွေ အသီးသီး အုပ်ချုပ်နေကြတယ်။ တောင်ထွတ်တစ်ခုစီက ကျွမ်းကျင်ရာ နယ်ပယ်တစ်ခုစီကို ကိုယ်စားပြုတယ်၊ သူတို့ထဲမှာ တိမ်လှေခါး တောင်ထွတ်ပိုင်ရှင်က အသက်အငယ်ဆုံးဖြစ်တယ်၊ ပြီးတော့ သူက အရင်အဓိပတိရဲ့ သားလည်း ဖြစ်တယ်။”

“လက်ရှိအဓိပတိက မိသားစုတူကနေ ဆင်းသက်လာတာမဟုတ်ဘူး၊ ဒါပေမဲ့ သူက အရင်အဓိပတိရဲ့ တိုက်ရိုက် တပည့်ဖြစ်တယ်၊ ချင်းယန်ကလန်ရဲ့ ခေါင်းဆောင်ရာထူးက တပည့်လက်ထဲ ဘယ်လို ရောက်ရှိသွားခဲ့တာလဲ ဘယ်သူမှ မသိကြဘူး၊ ဒါပေမဲ့ လက်ရှိအဓိပတိက တိမ်လှေခါးတောင်ထွတ်ရှင်နဲ့ လုံးလုံးအဆင်မပြေတာကိုတော့ လူသိများကြတယ်။”

ပါရမီရှင်သမားတော်(၂)Where stories live. Discover now