၅၀၆။ ဆက်တိုက်ရိုက်ချက်၊ စတုတ္ထပုံစံ-၆

402 39 0
                                    

၅၀၆။ ဆက်တိုက်ရိုက်ချက်၊ စတုတ္ထပုံစံ-၆

လေညင်းကျောင်းတော် ဆရာများက အန္တရာယ်အချက်ပြမီး လက်သွားတာကို မြင်ရလျှင်, အလျင်အမြန် တည်နေရာကို ထောက်လှမ်းကြသည်။

ဒီအမဲလိုက်ပွဲအတွက် အန္တရာယ်ကင်းစေရန် တာဝန်ယူထားသော အဖွဲ့ဝင်များက လေညင်းကျောင်းတော်၏ အဆင့်မြင့် အမူထမ်းများ ဖြစ်ကြသည်။ ဒီအဖွဲ့တွင် ခေါင်းဆောင်လုပ်သူက လူအများ လေးစားသော မဲနယ်ရောင်ဝိညာဉ်စွမ်းအားရှင် နန်ဂုန်းစီ ဖြစ်သည်။ အပြာရောင်အဆင့် အခြားငါးယောက်နှင့် ပါဝင်ဖွဲ့စည်းထားသည်။ တောအုပ်အတွင်း သူတို့ တပည့်များ မတော်တဆမှုမှ အပြည့်အဝ ကာကွယ်တားဆီးပေးရန် ဖွဲ့စည်းထားခြင်း ဖြစ်သည်။

နန်ဂုန်းစီ၏ အသက်က ခြောက်ဆယ်ကျော် ခုနစ်ဆယ်အတွင်းဟု ထင်ရသည်။ သူ၏ ဖြူရောင်သန်းနေသော မုတ်ဆိတ်မွှေးများက သူ့ကို အသက်၇၀, ၈၀လောက်ဟု ထင်စေသည်။ သူ၏ တကယ့်အသက်မှန်က တစ်ရာကျော် ဖြစ်သည်။ သူက ဂုဏ်သိက္ခာမြင့်မားပြီး နာမည်ထင်ရှားသူ ဖြစ်သည်။ ကုန်းမြေတစ်ခွင်တွင် သူ့နာမည်ကို မသိသူ မရှိသလောက် ကျော်ကြား၏။ လက်ရှိ ကျွမ်းကျင်သူ အဆင့်များတွင် တစ်ယောက်အပါအဝင် ဖြစ်သည်။

ဒီတစ်ချိန်လုံး အန္တရာယ်အချက်ပြမီး ပေါ်လာလို့ ကယ်ဆယ်ရေး လုပ်ငန်းစဉ်ကို လုပ်ဆောင်သူများက အပြာရောင်စွမ်းအားရှင် ဆရာများသာ ဖြစ်ကြသည်။ သို့သော် ဒီတစ်ကြိမ် နန်ဂုန်းစီလည်း ပါဝင်လာရသည်။ အန္တရာယ်အချက်ပြမီး ပေါ်လာသော အရပ်က ကျောင်းတော်မှ သတ်မှတ်ပေးထားသော နေရာမှ ကျော်လွန်သောကြောင့် ဖြစ်၏။ ထိုတပည့်များက ကြောက်မက်ဖွယ်ကောင်းသော တောအုပ်တွင် မည်သို့ ကြီးမားသော အန္တရာယ်နှင့် ရင်ဆိုင်နေရမှန်း မည်သူမျှ မသိကြချေ။ ထို့ကြောင့် နန်ဂုန်းစီ ပါဝင်လာရခြင်း ဖြစ်သည်။

နန်ဂုန်းစီက ဆရာများကို ဦးဆောင်၍ အမြန်ဆုံးနှုန်းဖြင့် အန္တရာယ်အချက်ပြမီး ပေါ်လာသော နေရာသို့ သွားနေကြသည်။ သူက အလွန်အမင်း မကျေမနပ် ဖြစ်နေ၏။

အမဲလိုက်ပွဲ မစတင်ခင်မှာ သူတို့ မြေပုံတွင် သတ်မှတ်ထားသော နေရာထက် ကျော်လွန်၍ မသွားကြရန် အထပ်ထပ် သတိပေးထားခဲ့ကြသည်။ သို့သော် အန္တရာယ်အချက်ပြမီး ပေါ်လာသော နေရာက တောအုပ်အတွင်း အနက်ရှိုင်းဆုံးသော နေရာမှ ပေါ်လာခြင်း ဖြစ်သည်။ ထိုတပည့်များက သူတို့ ညွှန်ကြားချက်ကို ချိုးဖောက်သွားတာ သိသာနေ၏။

ပါရမီရှင်သမားတော်(၂)Where stories live. Discover now