(၅၉) ပထမသခင်​မကို ခုတ်​ပိုင်းလိုမှု

7.9K 1.2K 92
                                    

ကွကို ဆွဲဆိတ်​ကြည့်​စရာ မလိုဘူး၊ ဒါ update အစစ်​ပဲ...

Burmese Translation of "Doomed to be Cannon Fodder".
https://www.volarenovels.com/novel/doomed-to-be-cannon-fodder

(၅၉) ပထမသခင်​မကို ခုတ်​ပိုင်းလိုမှု
~~~~~~~~~~~~~~~~~~~~~~~~~

ရှုအာ ဝင်​လာတော့ သူ့သခင်​ မင်းသားရဲ့ မျက်​နှာတော်​ ညိုမှောင်​နေတာကို တွေ့ရတော့တာပဲ။ မင်းသား အိမ်​သာ သုံးဖို့ လိုသလားလို့ သူ မေးမလို့ ပါးစပ်တောင်​ မဟရသေး။ သူ့ဘက်​ကို မင်းသားရဲ့ သရဲဘီလူးစီးတဲ့ အကြည့်​က အရင်​ ရောက်​လာတော့တယ်​။ သူ့မှာ ခြေမကိုင်​မိ လက်​မကိုင်​မိလောက်​အောင်​ကို လန့်​သွားရတော့တာပဲ။ သူ ဒူးထောက်​ချလိုက်​မိတော့တယ်​။

"ထွက်​သွားစမ်း" စိတ်​ပျက်​သွားမိတဲ့ လုံဟန့်​တစ်​ယောက်​ အိပ်​ရာထဲပဲ ပြန်​လှဲနေလိုက်​တော့တယ်​။ ဒီမိန်းမနဲ့ ဘယ်​လို အစပြုရမလဲ သူ မသိတော့ဘူး။ သူမ အတွေးတွေက ဘယ်​တော့မှ သူနဲ့ တပြေးညီ ရှိနေတာ မဟုတ်​ဘူး။

သူက သူမနဲ့ တရင်းတနီးနေချင်​နေတာ အသိသာကြီးပဲ၊ ဒါပေမဲ့ သူမကတော့ ထွက်​ပြေးဖို့ အကြောင်းပြချက်​ကို ရှာနိုင်​လိုက်​တာမှ မြန်​လွန်းချက်​ပဲ၊ ဒီလိုဖြစ်​သွားမယ်​လို့ကို သူ ထင်​မထားခဲ့တာ။ ဒါပေမဲ့ ခဏနေပါဦး၊ မဟုတ်​သေးဘူးလေ၊ သူမ အကြောင်းပြချက်​တွေ ပေးနေစရာမှ မဟုတ်​တာ။ ဘယ်​ရှုထောင့်​က ဘယ်​လိုပဲ ကြည့်​ကြည့်​၊ သူဟာ သူမရဲ့ အမျိုးသားပဲ၊ ဘယ်​မိန်းကလေးက ကိုယ့်​အမျိုးသားနဲ့ တရင်းတနီးနေဖို့ကို ကြောက်​လန့်​နေမှာလဲ။

ဒါကြောင့်​မို့...

'အရူးမလေး...' လုံဟန့်​ မတတ်​သာစွာပဲ ခေါင်းခါလိုက်​ရင်း ခုထားတဲ့စောင်​ကို နောက်​မှီချလိုက်​တော့တယ်​။ သူမက ဘာဖြစ်​လို့ တခြားမိန်းမတွေလိုမျိုး သူ စိတ်​ကျေနပ်​အောင်​ သူ့နှစ်​လိုမှုရအောင်​ နည်းနည်းလေးတောင်​ အားမထုတ်​နေတာလဲ၊ သူက သိပ်​ပြီး ချဉ်းကပ်​ရခက်​တာလဲ မဟုတ်​ဘဲနဲ့။

သို့ပေမဲ့လည်း သူ သူ့ခြေထောက်​ကို ပြန်​ငုံ့ကြည့်​မိတဲ့အခါမှာ စဉ်းစားမိတော့တယ်​။ သူ့ကို ချွဲနွဲယုယနေလဲ ဘာလုပ်​လို့ရမှာလဲ၊ သူက လောလောဆယ်​ ဒဏ်​ရာရနေတဲ့ဟာကိုး။ သူဟာ ပြီးပြည့်​စုံအောင်​ ပြစ်​ချက်​ကင်းမှဆိုပြီး တစ်​ယူသန်​ဖြစ်တတ်​သူ မဟုတ်​ပေမဲ့လည်း ဒဏ်​ရာကြောင့်​ သူ့ ပထမဆုံးအကြိမ်​ကို စောစောစီးစီး ပြီးသွားစေတာမျိုး မလိုလား။

ဗီလိန်ဖြစ်ရန် ကြမ္မာဖန် [Book 1]Where stories live. Discover now