(၄၉) မသိခဲ့ရပါ၊ တောင်းပန်​ပါသည်​၊

18.1K 2.1K 146
                                    

Burmese Translation of "Doomed to be Cannon Fodder".

(၄၉) မသိခဲ့ရပါ၊ တောင်းပန်​ပါသည်​၊ (No_Coz)

Warning: Mature Contents 🤐

~~~~~~~~~~~~~~~~~~~~~~~~~~~~~~

ပိုင်​ရှန်းရှို့က သူ့ထက်​တောင်​ စိတ်​လှုပ်​ရှားနေသေးတယ်​။ သူမ လက်​ဖဝါးတွေမှာတောင်​ ချွေးတွေ ပြန်​ပြီး အသက်​ရှူ ပါ မြန်​နေတာ။ သူမ မျက်​နှာကလည်း ပူလာတာမှ မျက်​နှာပေါ်မှာ ရေနွေးအိုးတောင်​ တည်​ထားလို့ရတယ်​။ သို့ပေမယ့်​ ရှောင်​ပုန်းလို့က မရတာကြောင့်​ သူမ တတ်​နိုင်​တာဆိုလို့ မျက်​လုံးကို တင်းတင်းမှိတ်​ထားဖို့ပဲ ရှိတော့တယ်​။ သူ ဘာပဲ လုပ်​လုပ်​၊ သူမသာ မျက်​စိဖွင့်​မထားရင်​ သိပ်​ကြောက်​စရာမဟုတ်​လောက်​တော့ဘူးလို့ သူမ မျှော်​လင့်​ထားတဟ်​လေ။

သူမ မျက်​နှာပေါ်တစ်​ခုခု စီးကျလာသလို ခံစားလိုက်​ရတယ်​။ ရေစက်​ကျလာတာလား။ သူမ အများကြီး သိပ်​တွေးမနေဘဲ လက်​နဲ့ သုတ်​လိုက်​တယ်​။ သုတ်​လိုက်​တော့မှ အဲ့အရည်​တွေက ပူနွေးနေတာ သတိထားမိတော့တယ်​လေ။ ဇာတ်​လိုက်​မင်းသား ငိုနေတာတော့ မဟုတ်​လောက်​ပါဘူးနော်​. . .? ဒီလိုအချိန်​မျိုးမှာ ဘယ်​လို ယောက်ျားက ငိုမှာလဲ။ သူ့ချွေးတွေပဲနေမှာပါ။ 'နေဦးဟ— ကြည့်​ရတာ စိတ်​လှုပ်​ရှား ကတုန်​ကရင်​ဖြစ်​နေတာ ငါ တစ်​ယောက်​တည်း မဟုတ်​ပုံပဲ...!' ဒီလိုတွေးမိတော့ သူမ နည်းနည်း ပိုပြီး စိတ်​အေးသက်​သာသွားမိသလိုပဲ။ ဝတ္ထုထဲမှာ ဇာတ်​လိုက်​မင်းသားနဲ့ မိန်းကလေးလင်​တို့ ချစ်​တင်းနှောတဲ့ အခန်းကို သူမ သွားသတိမရလိုက်​ခင်​အထိပေါ့။ သူမ သတိရမိလိုက်​တော့ သူမ ဒီညမှာတော့ ဇာတ်​နာရတော့မှာပဲလို့ လက်​ခံရပြန်​တော့တယ်​။

အမှန်​တိုင်း ပြောရရင်​၊ မော်​ဒန်​ခေတ်​သစ်​က အသက်​ ၂၀ ဝန်းကျင်​ ကောင်​လေးတွေက မိန်းကလေးလက်​ကိုတောင်​ မကိုင်​ဖူးတာ သိပ်​အဆန်းကြီးမဟုတ်​လှဘူး။ ကောလိပ်​သာ ရောက်​နေတာ အရင်​က ရည်းစားတစ်​ခါမှ မထားဖူးတဲ့ FA ကောင်​တွေလည်း ဖြစ်​နိုင်​တာပဲ။

ဒါပေမယ့်​ ရှေးခေတ်​က ယောက်ျားလေးတွေကတော့ စောစောစီးစီး ရင့်​ကျက်​ကြရပြီး အိမ်​ထောင်​လည်း စောစောကျကြတယ်​။ လုံဟန့်​တို့အရွယ်​လောက်​ဆို တော်​တော်​ "အို"ပြီ ပြောလို့ရတယ်​။ ဒါပေမယ့်​ သူက လူပျိုပေါက်​ကလေးလို ပြုမူနေတယ်​လေ။ ဝတ္ထုထဲမှာ ရေးထားသမျှ အတိုင်း အကုန်​မှန်​နေသလိုပဲ။ သူ တကယ်​ကို မိန်းမနဲ့ ယောက်ျားကြားက ဆက်​ဆံရေးတွေကို သိပ်​မသိဘူးပဲ။ မဟုတ်​ဘူး၊ မသိတာထက်​ကို ဆိုးတယ်​ — အခြေခံ နည်းနည်းလေးတောင်​ အတွေ့အကြုံမရှိတာ။

ဗီလိန်ဖြစ်ရန် ကြမ္မာဖန် [Book 1]Where stories live. Discover now