(၄၃) သူ၏စိတ်​မရှည်​မှု ၊ မဆင်​မခြင်​ပြုလုပ်​မှု

16.7K 2.4K 57
                                    

(၄၃) သူ၏စိတ်​မရှည်​မှု ၊ မဆင်​မခြင်​ပြုလုပ်​မှု
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

Translator - Jinnie_Grace

ဘယ်သူကကြမ်းပေါ်ထိုင်ချင်မှာလဲ?ဇာတ်လိုက်မင်းသားကမ်း​ပေးတဲ့လက်​ကို လှမ်းမဆွဲ​သေးပဲ သူမချီတုံချတုံဖြစ်​​နေမိ​သေးတာ။ သူ့လက်​ဖဝါးနဲ့ထိလိုက်​တဲ့အခါမှ​တော့ ​ပူ​နွေးမှုတစ်​ခုကိုခံစားလိုက်​ရတယ်​။ ဝတ္ထုအများစုထဲမှာ ဇာတ်​လိုက်​မင်းသား​တွေရဲ့လက်​က ​အေးစက်​တယ်​တယ်​လို့ ​ဖော်​ပြထားတာ များတယ်​မဟုတ်​ဘူးလား။ဘာလို့သူ့ကျမှ​နွေး​နေရတာလဲ?

သူ့လက်ဖဝါးကိုထိလိုက်တာနဲ့ ပူလွန်းတယ်​လို့ ခံစားရလို့ လက်ကို အသာအယာဖယ်လိုက်မိတယ်​။ ကြည့်​ရတာ လက်​ကိုပြန်​ရုတ်​မသွားဘူးဆို​တော့ ကိုင်​လိုက်​လည်း အန္တရာယ်​ရှိမယ့်​ပုံ​တော့ မ​ပေါ်​လောက်​ပါဘူး။အဲ့ဒါ​ကြောင့်​ သူမလက်​ကိုသူ့လက်​ဖဝါးထဲ ထည့်​​ပေးလိုက်​တယ်​။

သူမကိုကြည့်​ရတာ သူ့အစာကိုနမ်းကြည့်နေတဲ့​ကြောင်​ပေါက်​​လေးနဲ့တူတယ်။ ​အဲ့ပုံစံ​လေးကိုကြည့်​ရင်း သူ့နှလုံးခုန်​နှုန်း​တွေရပ်​မတတ်​ပဲ။တစ်​ခါတည်း ဆွဲဖက်​ပြီး ​ခေါင်း​လေးကိုပွတ်​​ပေးချင်​​နေတဲ့စိတ်​ကို မနည်းထိန်းထားရတယ်။ဒါ​ပေမယ့်​ သူအခု​နေသာလှုပ်​ရှားလိုက်​ရင်​ ဒီ​ကောင်​မ​လေးကို ဖြဲ​ခြောက်​သလိုဖြစ်​သွား​တော့မှာ။အဲ့ဒီ​တော့လည်း အိ​နြေ္ဒဆယ်​လိုက်​ရသည်​​ပေါ့။ လုံဟန့်​ ခါးမတ်​မတ်​ပြန်​ရပ်​လိုက်​ရင်း ဘာမှမလုပ်​ပဲ​ပြောလိုက်​တယ်​။
"ဆက်​ကြရ​အောင်​"

"ဟုတ်​ကဲ့"
သူမရဲ့ လက်​​ရေးကို အခုမှပြန်​ကျင့်​​နေရတာ အ​တော်​​လေးရင်​နာဖို့​ကောင်းတယ်​။အထူးသဖြင့်​ ဇာတ်​လိုက်​မင်းသားက သူမရဲ့​ဘေးမှာရှိ​နေလို့ပိုဆိုး။ ​ယောကျာ်းတစ်​​ယောက်​ရဲ့ ထူးခြားတဲ့ ရနံ့​တွေ ​လေထုထဲမှာ ပျံဝဲ​နေတာမို့ သူမစိတ်​ငြိမ်​ငြိမ်​ထားချင်​တာ​တောင်​ မထားနိုင်​ရှာ​တော့ဘူး။

ဒါ​ပေမယ့်​ ​နောက်​တစ်​​ယောက်​က​တော့ ဆွဲတဲ့တစ်​ချက်​ချင်းအလိုက်​ အ​သေအချာကို သူမကို သင်​ပြ​ပေး​နေတယ်​။
တစ်​ခါတစ်​​လေ လက်​​တောင်​ထပ်​ပြီးသင်​​ပေးလိုက်​​သေး။
သူမ ရင်​ထဲမှာ​တော့ ပွစိပွစိနဲဘ မနားတမ်း​ပြော​နေမိပြီ
ဇာတ်​လိုက်​မင်းသား...ရှင်​ကဘာဖြစ်​သွားရတာတုန်း?ရှင်​က ဒီမှာဘာကိစ္စလာထိုင်​​နေရတာလဲ။ဇာတ်​လိုက်​မင်းသမီးကိုသွားရှာ​နေသင့်​တာ​လေ။
ဒါ​ပေမယ့်​ သူမ မသိတာက သူမ​လောက်​နီးနီး ဒီအ​ခြေအ​နေမှာ မသက်​မသာခံစား​နေရတယ်​ ဆိုတာပဲ။

ဗီလိန်ဖြစ်ရန် ကြမ္မာဖန် [Book 1]Where stories live. Discover now