(၁၈၅) ကိုယ်ဝန်ဆောင် အမျိုးသမီး၊ ကြေကွဲထိခိုက်လွယ်သော အရာ

4.6K 629 9
                                    

Burmese Translation of "Doomed to be Cannon Fodder".

Translator - NC

(၁၈၅) ကိုယ်ဝန်ဆောင် အမျိုးသမီး၊ ကြေကွဲထိခိုက်လွယ်သော အရာ

လုံဟန့်တစ်ယောက် ကလေး ဘယ်လောက်လိုချင်နေလဲဆိုတာ သူ့ကိုယ်သူ အသိဆုံး။ သူ ပိုင်ရှန်းရှို့ အိပ်ရာဆီ လျှောက်သွားလိုက်ပြီး ကန့်လန့်ကာကို မတင်လိုက်တယ်။ သူမ ဘေးနားမှာ ထိုင်လိုက်ရင်း လက်ကလေးတွေကို နှိပ်နယ်ပေးနေလိုက်တယ်။ မင်းသားနဲ့ သမားတော်နှစ်ယောက် စကားပြောတာကို နားထောင်ရင်း ရှောင်ရှီကတော့ မူးနောက်ကြောင်အ သွားလေပြီ။ ဒါပေမဲ့ သူမ အခန်းထဲက ရှောင်ထွက်ပေးရမယ်ဆိုတာကိုတော့ အလိုက်သိတယ်။ မင်းသားမျက်နှာထားက သိပ်ပြီး ညှင်သာကြင်နာနေပုံရတာ၊ အထူးသဖြင့် သူမရဲ့ သခင်မကို ကြည့်နေတဲ့အခါမှာပေါ့။ သူတို့နှစ်ယောက် သီးသန့် အချိန်ရအောင် သူမ တိတ်တိတ်လေး ထွက်လာခဲ့လိုက်တယ်။

သူမ အခန်းထဲက ထွက်လာတာနဲ့ ယဲ့မားမား အနားရောက်လာပြီး ပိုင်ရှန်းရှို့ အခြေအနေကို မေးတော့တာပဲ။ လောင်ဖူးရန်ကလဲ လူလွှတ်မေးထားတယ်လေ။ "ရှောင်ရှီ၊ ရှို့သခင်မ ဘယ်လိုနေသေးလဲ၊ တစ်ခုခုဖြစ်သွားလို့လား"

လောင်ဖူးရန် အရမ်းတွေ စိုးရိမ်နေတယ်ဆိုတာ အထိန်းတော်ကြီးတွေ အကုန်လုံးသိတယ်။ မင်္ဂလာဆောင်ရဲ့ နောက်ဆက်တွဲ အရှုပ်ပြဿနာတွေကို ရှင်းနေရလို့ မအားဘူးဆိုပေမဲ့ ပိုင်ရှန်းရှို့ အခြေအနေကို မေးဖို့ မကြာခဏဆိုသလို လူတွေ လွှတ်နေတာ။ သူမရဲ့ ခန်းမဆောင်ထဲမှာ နေရင်းထိုင်ရင်းကို မျက်နှာမှာ ပူပင်သောကတွေ၊ ရတက်မအေးနိုင်မှုတွေ ပြည့်နေရော။ အဓိပ္ပာယ်တော့ ရှိပါတယ်။ သူမ သားရဲ့ စေ့စပ်ကြောင်းလမ်းထားတဲ့ ဇနီးလောင်းဟာ အခြားယောက်ျားတစ်ယောက်ရဲ့ ရင်သွေးကို လွယ်ထားပြီးတဲ့အထိကို လော်လီတဲ့ မိန်းမဖြစ်နေတာကိုး။ ကံကောင်းထောက်မတာဆိုလို့၊ သူမသားနဲ့ မိုးမြေမကန်တော့ဖြစ်လိုက်လို့ တော်သေးတော့တယ်။

ဒါပေမဲ့ အခုလို ချွေးမ မရှိတော့တဲ့ အခြေအနေကြောင့် သူမက ပိုင်ရှန်းရှို့ ကလေးမွေးပေးဖို့ကို ပိုပြီး မျှော်လင့်ချက်ထားလာတော့တာ။ မင်္ဂလာလက်ထပ်ပွဲကြီးတစ်ခုလုံး သဲထဲ ရေသွန်ဖြစ်သွားပြီဆိုတော့ သူမ သားအတွက် နောက်ထပ် သင့်တော်မဲ့ဇနီးလောင်းရှာပေးဖို့ကလဲ အချိန်ဘယ်လောက်ကြာဦးမယ်မသိဘူးလေ။ သားလုပ်သူရဲ့ စိတ်နေသဘောထားအရဆို ဒီလို အကြီးအကျယ် ပြဿနာတက်ပြီးနောက်ပိုင်း ပဏာမဇနီးတောင် လက်ထပ်ယူချင်တော့မဲ့ပုံ မပေါ်တော့ဘူး။ အထိန်းတော်အိုကြီးတွေအားလုံးဟာ လောင်ဖူးရန် ငယ်ငယ်လေးကတည်းက ခစားလာကြသူတွေဆိုတော့ လောင်ဖူးရန်ရဲ့ စိတ်ကိုလဲ နားလည်ကြတယ်။ ဒါကြောင့်မို့ ရောက်တာနဲ့ ပိုင်ရှန်းရှို့ ကျန်းမာရေး ကောင်းရဲ့လားဆိုတာကို မေးကြတော့တာပဲ။

ဗီလိန်ဖြစ်ရန် ကြမ္မာဖန် [Book 1]Where stories live. Discover now