(၆၁) လျိုတာ့ကျားအား အပြစ်​ပေးခြင်း၊ ဒုတိယဇာတ်​လိုက်​ လူနာလာမေး

7.4K 1.1K 14
                                    

Burmese Translation of "Doomed to be Cannon Fodder".

Translator - No_Coz

(၆၁) လျိုတာ့ကျားအား အပြစ်​ပေးခြင်း၊ ဒုတိယဇာတ်​လိုက်​ လူနာလာမေး
____________________________________

"လျှာအဖြတ်​ခံရပါမယ်​၊ ပြီးတော့ ကြိမ်​ဒဏ်​ အချက်​ ၅၀ ပါ" သခင်​မ ပိုင်​ကို ကောင်းကောင်း မစောင့်​ရှောက်​နိုင်​ရင်​ သူ အပြစ်​ပေးခံရမှာလေ။ သူ့ကိုပါ မင်းသားက အပြစ်​လျှော့လျှော့ပေါ့ပေါ့ ပေးအောင်​လို့ ရှုအာ အတတ်​နိုင်​ဆုံး အသံကို ဟိန်းဟိန်းကြီးနဲ့ အော်​ပေးလိုက်​တယ်​။ ပိုင်​ရှန်းရှို့အတွက်​ အထောက်​အပံ့ဖြစ်​ပါစေရယ်​လို့ပေါ့။ ဒီလိုဆိုတော့ ရှုအာတောင်​မှ သြဇာရှိသလိုလို ဘာလိုလိုနဲ့။

"တခြားဟာတွေ ထည့်​မပြောဘဲနဲ့ ဒီပြစ်​မှုနှစ်​ခုနဲ့တင်​ ရှင့်​ကို ကိုယ်​လက်​အင်္ဂါ မစုံမလင်​ ဖြစ်​သွားစေနိုင်​တာနော်​၊ ဆိုတော့ကာ တို့တွေက ကျေးဇူး မသိ ဖြစ်​နေတာလား" ပိုင်​ရှန်းရှို့ လျိုခေါင်းဆောင်​ကို တစ်​ဖျတ်​ကြည့်​လိုက်​တယ်​။ သူမလဲ ကြမ်းချင်​တာပေါ့၊ သူမအကြည့်​ထဲမှာ သတ်​ဖြတ်​လိုရိပ်​တွေ ထည့်​ပြီး ရက်​စက်​ပြချင်​တာပေါ့၊ ဒါပေမဲ့ သူမက နုနုနယ်​နယ်​ နွဲ့နောင်းနေတဲ့ အလှလေးဖြစ်​နေတာကို မေ့သွားခဲ့တယ်​။ အဲ့ဒီတော့ ဒီအကြည့်​ တစ်​ချက်​ကတင်​ လုံဟန့်​ကို စိတ်​နဲ့ ကိုယ်​နဲ့ မကပ်​သလို ဖြစ်​သွားရစေတယ်။ တစ်​ကိုယ်​လုံးလဲ ကိုယ်​အပူချိန်​တွေပါ မြင့်​တက်​သွားရသလိုပဲ။

အခုချိန်​မှာ အချောအလှလေးက သူ့ကို အဲ့သလို ကြည့်​လာဖို့ သူ မျှော်​လင့်​နေမိသွားတယ်​လေ။ အဲ့ဒီ ညို့မျက်​ဝန်းတွေက နူးညံ့နေပြီး ဆွဲဆောင်​မှု ရှိလွန်းနေတာ၊ သူများရဲ့ နှလုံးသားကို တလှပ်​လှပ်​ ဖြစ်​သွားရစေနိုင်​လောက်​အောင်​ တန်​ခိုးအစွမ်းရှိနေသလိုမျိုး။

ဒီလိုမျိုး သိမ်​မွေ့နုနယ်​နေတဲ့ မိန်းမလှလေးက လူတစ်​ယောက်​ယောက်​ကို သေစေနိုင်​လောက်​မယ်​၊ သတ်​မိန့်​ပေးနိုင်​လောက်​မယ်​လို့ လျိုတာ့ကျားလဲ ဘယ်​ယုံနိုင်​ပါ့မလဲ။ ပြီးတော့ သူမက ကိုယ်​လုပ်​တော်​အဆင့်​ပဲလေ။ မင်းသားနဲ့ အိပ်​ခဲ့တဲ့သူ ဖြစ်​နေရင်​တောင်​ ဒီအိမ်​တော်​ရဲ့ အစစ်​အမှန်​ သခင်​မမှ မဟုတ်​ဘဲ။ သူ ဒီရလဒ်​ကို လက်​မခံနိုင်​ဘူး။ သူဟာ မင်းသား ဖခင်​ရဲ့ မိတ်​ဟောင်းဆွေဟောင်းသဘောဖြစ်​ခဲ့တာမို့ မင်းသားသာဆိုရင်​ သူ့ကို ရက်​ရက်​စက်​စက်​ အပြစ်​ပေးမှာ မဟုတ်​ဘူးလို့ သူ အမြဲ မှတ်​ယူထားခဲ့တယ်​။

ဗီလိန်ဖြစ်ရန် ကြမ္မာဖန် [Book 1]Where stories live. Discover now