(၁၀၁) အစွမ်းထူးများ စတင်ပေါ်လာ

5.6K 840 6
                                    

Burmese Translation of "Doomed to be Cannon Fodder".

Translator - No Coz

(၁၀၁) အစွမ်းထူးများ စတင်ပေါ်လာ
______________________

သို့ပေမဲ့ ဒီ့အတွက်ကြောင့်နဲ့ ပိုင်ရှန်းရှို့ကို အပြစ်တင်ရတော့မှာလား။ သူမ အကူအကယ်မဲ့ ခံစားမိတော့တယ်။ ပြီးတော့ နေ့ခင်းတုန်းက စိတ်လှုပ်ရှားဖွယ် အတွေ့အကြုံတွေကြောင့် သူမ ပင်ပန်းနေနှင့်ပြီးတာ။ ရလဒ်အနေနဲ့ သူမ စားပွဲပေါ် မှောက်လျက်သား အိပ်ပျော်သွားခဲ့တယ်။ ဟော်အာကို မျက်နှာချင်းဆိုင်ထားလျက်ပေါ့။

မမျှော်လင့်ထားတာက၊ သူမ အိပ်ပျော်သွားတာနဲ့ ဟော်အာလဲ အိပ်မက်မက်နေသလိုလို အခြေအနေထဲ ရောက်သွားခဲ့တာပဲ။ အိပ်မက်ထဲမှာ သူတို့တွေ ကျန်းစူးအာကို စုန့်ကျောင်းယွဲ့ရဲ့ အစီအစဥ်အတိုင်း ကျွန်ကုန်သည်ဆီ ပို့လိုက်တယ်။ ဒါပေမဲ့ မျှော်လင့်ချက် မဲ့နေရှာတဲ့ ကျန်းစူးအာဟာ ကျွန်ကုန်သည်ဆီ သွားရာလမ်းမှာ သူမလည်ပင်းကို သူမဘာသာ ဆံထိုးနဲ့ ထိုးကာ အဆုံးစီရင်လေသတဲ့။ သေခါနီးမှာ သူမ ပြောသွားတာက၊ "အားချွမ်၊ ကျွန်မတို့ နောက်ဘဝမှာ ပြန်ဆုံကြတာပေါ့" တဲ့။

အားချွမ်ကတော့ အိပ်မက်ထဲမှာ ရုံးတော်ကို အပို့ခံလိုက်ရပြီး ရုံးတော်က နယ်နှင်ဒဏ်ပေးလိုက်တယ်။ အကျဥ်းထောင်မှာ ခဏထိန်းသိမ်းခံရတုန်းမှာ အားချွမ်လဲ အစောင့်ရဲမက်တစ်ယောက်ရဲ့ လှံကို လုပြီး ကိုယ့်ကိုယ်ကိုယ် ထိုးသတ်သေလိုက်တာ။ သူ ချန်ခဲ့တဲ့ စကားတွေက၊ "စူးအာ မင်း ဘယ်လိုဖြစ်သွားလဲ ကိုယ် သိပါတယ်၊ နောက်... နောက်ဘဝမှာ တို့တွေ ဖူးစာဆုံပါရစေ"

ပိုင်ရှန်းရှို့ အထိတ်တလန့် လန့်နိုးသွားရတော့တယ်။ 'အဲ့ဒါ ဘာကြီးလဲ၊ အိပ်မက်ဆိုးလား၊ ဒါပေမဲ့ အရမ်းကြီး လက်တွေ့ဆန်လွန်းမနေဘူးလား' အထူးသဖြင့် သူမက သူတို့နှစ်ယောက်ရဲ့ အတွေးတွေကို သိနေ ခံစားနေရပြီး၊ သူတို့ သွေးတွေ ထွက်လာတာ တွေ့တဲ့ အချိန်မှာလဲ မူးနောက်သွားရတာကို။

'ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ၊ အိပ်မက်ပဲ မဟုတ်ဘူးလား၊ အိပ်မက်ထဲမှာပါ သွေးကြောက်ပြီး မူးနေသေးတာပဲလား' ပိုင်ရှန်းရှို့ သူမ အိပ်မက်အကြောင်းကို ခွဲခြားစိတ်ဖြာရင်း စေ့စေ့စပ်စပ် တွေးကြည့်နေမိတော့တယ်။ ဘာကြောင့်ရယ် မသိ၊ သူမ စိတ်ထဲ လေးလာမိလေတယ်။ အိပ်မက်တစ်ခုပဲ ဆိုပေမဲ့ သူမ အခြေအနေကို တွေးကြည့်လေလေ၊ သူတို့နှစ်ယောက် တကယ်ကြီး အိပ်မက်ထဲကအတိုင်း လိုက်လုပ်တော့မလို ခံစားမိလေလေပဲ။ သူတို့မှာ မျှော်လင့်ချက် လုံးဝမရှိတော့တဲ့ အခြေအနေကို တွန်းပို့ခံလိုက်ရတာဆိုတော့ နောက်ဘဝကိုပဲ မှန်းမျှော်ရတော့မလို ဖြစ်နေပြီကိုး။

ဗီလိန်ဖြစ်ရန် ကြမ္မာဖန် [Book 1]Where stories live. Discover now