(၉၃) ရှို့မီးလား

5.2K 953 9
                                    

Burmese Translation of "Doomed to be Cannon Fodder".

Translator - No Coz

(၉၃) ရှို့မီးလား
______________________

ပိုင်​ရှန်းရှို့ ရှောင်​ရှီ့ကို အခန်းထဲကနေတွန်းထုတ်​ပြီးတဲ့အခါမှာ ရေစိုအဝတ်​စတစ်​ခုနဲ့ ကိုယ့်​နှာခေါင်းကိုယ်​ အုပ်​ထားလိုက်​တယ်​။ သူမ မွှန်​လာလို့ ချောင်းစဆိုးလာမိပြီလေ။ မီးက အတော်​ကြီးလာတယ်။ သူမ လည်​ချောင်းတွေပါ နာလာရပြီ။ အသက်​ရှူသွင်းလိုက်​တိုင်း ပူလောင်​တဲ့ ခံစားချက်​မျိုး ရနေတော့တယ်။ သူမ ဘေးဘီကို ကြည့်​လိုက်​တော့ မျက်​နှာကျက်​အထိ မီးကူးသွားပြီဆိုတာကို သိလိုက်​ရလေတယ်။ သူမ ချက်​ချင်းလှည့်​ပြီး ကျန်​တဲ့ မိန်းမစေကို အော်​လိုက်​တော့တာပဲ။ "ဘာ ရပ်​လုပ်​နေသေးတာလဲ၊ အခုချက်​ချင်း ဒီက ထွက်​သွားတော့လေ..." 

သူမ စကားတောင်​ မဆုံးသေးဘူး။ မိန်းမစေလေးရဲ့ အပေါ်နားက အဝတ်​လှမ်းစင်​တန်း ကျိုးကျတယ်။ မီးစွဲနေတဲ့ အဝတ်​ပုံကြီး ကောင်​မလေးကိုယ်​ပေါ်ကို ကျလာတော့တာပဲ။ လူလည်း မြေကြီးပေါ် လဲကျသွားတော့တယ်။

ပိုင်​ရှန်းရှို့ အံ့သြမိမဆုံး။ တဒင်္ဂတော့ သူမ တွေဝေနေခဲ့သေးတယ်။ သူမ သွားကယ်​လိုက်​ရမလား။ ပိုင်​ရှန်းရှို့ သူမကို သွားကယ်​လိုက်​ရင် အချိန်​မီ မထွက်​နိုင်​ဘဲ ပိတ်​မိသွားနိုင်​တယ်​။ ဒါပေမဲ့ နာကျင်​စွာ အော်​လိုက်​သံတစ်​သံက ပိုင်​ရှန်းရှို့အတွက်​ အလိုလို အဆုံးအဖြတ်​ ပေးလိုက်​လေတယ်။ ပိုင်​ရှန်းရှို့ အံကြိတ်​လိုက်​ပြီး သူမရှိရာဆီ ပြေးဝင်​သွားလိုက်တော့တယ်။

သူမ မီးလောင်​နေတဲ့ အဝတ်တွေကို ခြေနဲ့ ကန်​လိုက်​ပြီး အစေခံမလေးကို ရေစိုအဝတ်​နဲ့ အုပ်​ပေးလိုက်​တယ်။ ပြီးတော့ သူမကို ပြတင်းပေါက်​နား ဆွဲခေါ်လာလိုက်​တယ်။ အဲ့သလိုလုပ်​နေတဲ့ အတောအတွင်း သူမ လက်​တွေပါ အပူလောင်​သွားလေတယ်။ ဒါပေမဲ့ အဲ့အချိန်​အတွင်း သူမမှာ ဒါကို အရေးတယူ တွေးနေဖို့ အချိန်​ မရခဲ့ဘူး။

"သွားတော့..." ချောင်းတွေဆိုးနေရင်း ဒီစကားတွေကို မနည်းညှစ်​ထုတ်​ ပြောပြီး သူမခန္ဓာကိုယ်​မှာ အဝတ်​စိုတွေ ပတ်​ခြုံထားလိုက်​တယ်။ ပြီးတော့ တစ်​ယောက်​ပြီး တစ်​ယောက်​ သူတို့ ပြတင်းပေါက်​ကနေ ခုန်​ချလိုက်​ကြတယ်။ ပိုင်​ရှန်းရှို့ ခြေထောက်​က ပြတင်းပေါက်​ကနေ လွတ်​တယ်​ဆိုရုံရှိသေး၊ အနောက်​မှာရှိနေတဲ့ အဝတ်​လှမ်းစင်​ကြီးက လုံးဝ ပြိုကျသွားခဲ့တာ။ သူမ လက်​မတင်​လေး ကပ်​လွတ်​သွားတယ်​။ အသက်​ကို လုရှူရင်း ပိုင်​ရှန်းရှို့ မြေကြီးပေါ်မှာပဲ ဆက်​လှဲနေခဲ့မိတယ်​။ မီးခိုးတွေ ရှူခဲ့ပြီးနောက်​မှာ လေသန့်​သန့်​လေးက အတော်​ကို တန်​ဖိုးရှိသွားရောပဲ။ဠ

ဗီလိန်ဖြစ်ရန် ကြမ္မာဖန် [Book 1]Where stories live. Discover now