(၆) ညှင်းပန်းနှိပ်စက်၊ မသေမချင်း ရိုက်သတ်

19.6K 2.2K 27
                                    

(၆) ညှင်းပန်းနှိပ်စက်၊ မသေမချင်း ရိုက်သတ် (No_Coz)

ပိုင်ရှန်းရှို့မှာ ရင်းနီးကျွမ်းဝင်နေတဲ့ ခံစားချက်တစ်မျိုး ရိပ်ရိပ်ကလေး ခံစားမိလိုက်တယ်။ ဒါပေမယ့် အရာရာတိုင်း ဖြစ်ပျက်သွားတာ မြန်ဆန်လွန်းလို့ သူမ အတွေးတွေကိုတော့ အာရုံမစုစည်းလိုက်နိုင်ဘူး။

သူမ အသည်းအသန်တွေတွေးပြီး ဘာလို့ရင်းနီးနေတာလဲလို့ စဉ်းစားနေချိန်မှာပဲ၊ လောင်ဖူးရန် ရေခဲရိုက်အေးစက်စက်အသံနဲ့ ပြောလာတယ်။ "ငါ့သားက တိုင်းပြည်အတွက်ရယ်ဆိုပြီး... သက်စွန့်ဆံဖျား စစ်ခင်းခဲ့ရတာ... အခု သူ အိမ်ပြန်လာတော့ မိသားစုထဲကလူ လုပ်ကြံတာခံရတယ်... ဒါမျိုးလုံးဝ လက်မခံနိုင်ဘူး...! အစေခံတွေ လာကြစမ်း... သူ့ကို ဒီနေရာမှာတင် ရိုက်သတ်လိုက်ကြ..."

"လောင်ဖူးရန်... ချမ်းသာပေးပါ...! ဒီတစ်ခါလေး သက်ညာပေးပါ..!!" သို့သော် ဘယ်သူကမှ သူမ ပြောစကားကို နားမထောင်ပေးကြပေ။

အစေခံ မိန်းမကြမ်းကြီးအချို့ ချက်ချင်းထွက်လာပြီး သူမကို ချုပ်ထားလိုက်ကြတော့တယ်။ အစေခံယောက်ျားနှစ်ဦးလည်း ရောက်လာတယ်။ သူတို့နှစ်ဦးလက်ထဲမှာ လက်မောင်းလုံး တစ်ခုစာလောက်ရှိတဲ့ တုတ်တွေကို ကိုင်ထားကြတယ်။ သူတို့နှစ်ယောက် တွေဝေတုန့်ဆိုင်းစွာနဲ့ လောင်ဖူးရန်ကို အတည်ပြုရန် လှမ်းကြည့်လိုက်ကြတယ်။ 

လောင်ဖူးရန်က ပြောလာပြန်တယ်။ "ဘယ်သူမှ အကြည့်မလွှဲရဘူး... ငါ မင်းတို့အားလုံးကို ကြည့်နေစေချင်တယ်... ငါတို့မိသားစုကို ဒုက္ခပေးချင်တဲ့သူတိုင်း ဒီလိုကံကြမ္မာမျိုးနဲ့ အဆုံးသတ်ရမှာပဲ... စတော့...!" သူမ အမိန့်ပေးလိုက်တာနဲ့ တုတ်တွေက မိန်းကလေးရဲ့ ကျောပေါ် သက်ဆင်းလာတယ်။ 

မိန်းကလေးက နာကျင်လွန်းလို့ စူးစူးရဲရဲ အော်ဟစ်ငိုယိုနေတယ်။ သွေးတွေကလည်း ကြမ်းပြင်ပေါ် အိုင်ထွန်းကျလာပြီ. . .။

ပိုင်ရှန်းရှို့တစ်ယောက် သူမ အတွေးအာရုံတွေ လစ်ဟာသွားသလို ခံစားလိုက်မိတယ်။ ဒီလိုအဖြစ်မျိုးကို သူမ အကြောက်ဆုံးပဲ။ သူမရောက်လာပြီး ရက်ပိုင်းအတွင်းမှာတင် ဒီလိုရှေးခေတ်ညှင်းပန်းနှိပ်စက်တာတွေကို တွေ့မြင်လိုက်ရမယ်လို့ကို ထင်မထားခဲ့မိဘူး။

ဗီလိန်ဖြစ်ရန် ကြမ္မာဖန် [Book 1]Where stories live. Discover now