(၈) ပါရမီရှင် ရူးကြောင်ကြောင်လေး

20K 2.3K 82
                                    

(၈) ပါရမီရှင် ရူးကြောင်ကြောင်လေး (No_Coz)

ဆောင်းဦးရောက်နေပြီဖြစ်ပေမယ့်လည်း ဒီနေ့ရာသီဥတုကတော့ ပူလောင်အိုက်စပ်နေတယ်။ ဒါပေမယ့် လုံဟန့်အတွက်ကတော့ အပူဒဏ်ကို ခံနိုင်ရည်ရှိကျင့်သားရနေတာကြောင့် ဘာမဟုတ်သလို သဘောထားနိုင်တယ်။

ဆောင်းဥယျာဉ်ကတော့ အစွန်အဖျားမှာ တည်ရှိနေတာကတစ်ကြောင်း၊ အိမ်ဆောင်တ်ေသခင်မ စိတ်နောက်သွားတယ်ဆိုတဲ့ သတင်းကြောင့်ကတစ်ကြောင်းတို့ကြောင့် ဘယ်သူမှ မချဉ်းကပ်ရဲတော့တဲ့ နေရာဖြစ်နေတယ်။ ပတ်ဝန်းကျင်တစ်ခွင်ကလည်း တိတ်ဆိတ်ငြိမ်သက်လို့။ ရံဖန်ရံခါတိုက်ခတ်လာတဲ့ လေပြည်လေးကလည်း ဖြတ်သွားဖြတ်လာတို့အပေါ် ခေတ္တအေးရိပ်မြုံလေးပေးပြီး အပူငွေ့တွေကြားကနေ တဒင်္ဂတော့ ကယ်ထုတ်သွားတတ်တယ်။

လုံဟန့် ဆောင်းဥယျာဉ်ရဲ့ တံခါးပေါက်ဝထိ လျှောက်လာလိုက်တယ်။ သူ့အစေခံက တံခါးကို ခေါက်ပေးတော့မယ့်စဲစဲမှာပဲ လေပြည်တစ်ခု အဆောက်အဦးတွင်းမှ ဖြတ်တိုက်လာကာ စာအချို့ရေးသားထားတဲ့ စာရွက်တစ်ရွက်ကို သယ်ဆောင်လာလေတယ်။ လုံဟန့် စာရွက်ကို လှမ်းဖမ်းလိုက်တယ်။ ဒါပေမယ့် သူ စာတွေကို မဖတ်နိုင်သေးခင်မှာပဲ အခန်းထဲမှ အသံတစ်သံပေါ်ထွက်လာတယ်။ "ရှို့ သခင်မ... စာရွက်တစ်ရွက် လွင့်သွားပြီ..."

တစ်ဖက်ကနေ စိတ်ပျက်အားလျော့နေတဲ့ လေသံတစ်သံထွက်ပေါ်လာတယ်။ "ပေါ့ပါးတဲ့ လေဟာ ငါ့စကားကို နားမလည်နိုင်ဘူး... နားမလည်နိုင်ဘဲနဲ့များ ငါ ရေးထားတာကို ဘာလို့ ခိုးသွားရတာလဲ... အောက်တန်းစား..."

"ရှို့သခင်မ စကားပြောဆင်ခြင်ပါရှင်... ကျွန်မ သွားကောက်ပေးပါမယ်..." ရှောင်ရှီကတော့ သူမရဲ့ သခင်မ အပြောအဆိုကြမ်းတမ်းလာတာကို နားမလည်နိုင်ဖြစ်နေရတယ်။

"မလိုပါဘူး... စက္ကူစုတ်တစ်စပဲဟာကို..." အခန်းတွင်းမှ လူများကတော့ စကားဆက်မပြောတော့။ ဒါပေမယ့်လည်း လုံဟန့်တစ်ယောက် သူမအသံက ကြည်ကြည်လင်လင် ပြတ်ပြတ်သားသားရှိနေတာကို သတိထားမိတယ်။ သူမက ဘယ်လိုလုပ် စိတ်ဖောက်ပြန်နေတဲ့သူ ဖြစ်နိုင်မှာလဲ။ သူ အစေခံကို တံခါးမခေါက်စေတော့ဘဲ ပြန်လှည့်ဖို့ပြင်တယ်။

ဗီလိန်ဖြစ်ရန် ကြမ္မာဖန် [Book 1]Onde histórias criam vida. Descubra agora