(၅၈) အစားထိုး တာဝန်​ခံ

11.9K 1.6K 125
                                    

Burmese Translation of "Doomed to be Cannon Fodder".
https://www.volarenovels.com/novel/doomed-to-be-cannon-fodder

(၅၈) အစားထိုး တာဝန်​ခံ
~~~~~~~~~~~~~~~~~

ပထမသခင်​မမှာလည်း ရှို့သခင်​မကိုယ်​တိုင်​ သူ့ကို ထွက်​ကြိုလိမ့်​မယ်​ မထင်​ထားဘူး။ မင်းသားကိုပါ တွေ့ခွင့်​ရဖို့ဆို ပိုတောင်​ မထင်​ခဲ့သေး။ ယေဘူလျအားဖြင့်​ဆို မင်းသားက သူတို့လို ကိုယ်​လုပ်​တော်​တွေကို မြင်​တောင်​ မြင်​ချင်​ခဲ့တာမှ မဟုတ်​တာ။ ရံဖန်​ရံခါ သူတို့ ပို့ပေးတဲ့ လက်​ဆောင်​လေးတွေကိုတောင်​ လွှင့်​ပစ်​တတ်​သေးတာ မဟုတ်​လား။

လတ်​တလောမှာ သူမက ရှို့သခင်​မအတွက်​နဲ့ မင်းသား အမျက်​တော်​ထွက်​အောင်​ လုပ်​ခဲ့မိသေးတာ။ ဒါကြောင့်​မို့ ဒီတစ်​ခေါက်​မှာ ရှို့သခင်​မ သူမကို အခက်​တွေ့အောင်​ လုပ်​ရင်​ လုပ်​၊ မလုပ်​ရင်​လည်း မင်းသားကတော့ သူမကို နှင်​လွှတ်​မှာပဲလို့ ထင်​ခဲ့မိတယ်။ သို့ပေလျက်​၊ သူမက ကုန်​သွယ်​ သူကြွယ်​သမီးပဲ၊ လှည့်​ကွက်​တွေ သုံးတတ်​ပြီး ဉာဏ်​နီ ဉာဏ်​နက်​ကြွယ်​တယ်​။ သူမက ပြုံးကာ ဆိုလိုက်​တော့တယ်​။ "စတုတ္ထသခင်​မကိုယ်​တိုင်​ ကျွန်​မကို ထွက်​ကြိုတာမျိုး မခံယူဝံ့ပါဘူး... မင်းသားက လောလောဆယ်​မှာ ကျွန်​မတို့အတွက်​ အလေးပေးရဆုံး အရှေ့တန်းတင်​ထားရမယ့်​ ပုဂ္ဂိုလ်​ပဲ၊ သူ့ဒဏ်​ရာကရော အခြေအနေ ဘယ်​လိုရှိပြီလဲ"

"အတော်​လေး သက်​သာနေပါပြီ၊ မမ သခင်​မ အထဲ ကြွခဲ့ပါ..." ပိုင်​ရှန်းရှို့ကတော့ သူမကို ကယ်​တင်​ရှင်​ကြီးလို သဘောထားနေပြီး အထဲကို ဝင်​ဖို့ အတင်းတွေ ဖ်​တ်​ခေါ်နေတော့တာပဲ။

မမျှော်​လင့်​ပါဘဲ၊ ပထမသခင်​မ ဝင်​လာတာနဲ့ ဇာတ်​လိုက်​မင်းသားဟာ နဂိုဝတ္ထုထဲမှာလို စရိုက်​မျိုး ပြန်​ဖြစ်​သွားခဲ့တယ်​။ ပထမသခင်​မ အရိုအသေပြုတာကိုလည်း မထုံတက်​တေး မျက်​နှာထားနဲ့ မျက်​ခုံးတစ်​ဖက်​သာ ပင့်​ပြလိုက်​တယ်​။ "ဘာမဟုတ်​တဲ့ ကိစ္စလေးပဲ၊ မင်းတို့က ဘာကိစ္စ နေရာတကာ ဝင်​ရှုပ်​ချင်​နေရတာလဲ... ကိုယ့်​ ဝန်းဥယျာဉ်​ပဲ ပြန်​ပြီး ငြိမ်​ငြိမ်​လေးနေလို့မရဘူးလား... လတ်​လျား လတ်​လျားလုပ်​မနေနဲ့" 

ဗီလိန်ဖြစ်ရန် ကြမ္မာဖန် [Book 1]Where stories live. Discover now