(၂၅) ထွက်​ပြေး၊ ခိုးပြေးမှု

16.8K 2.1K 30
                                    

(၂၅) ထွက်​ပြေး၊ ခိုးပြေးမှု [chaos_error, No_Coz]

လေစိမ်း​တွေက အပူချိန်​ကို ​လျော့သထက်​ ​လျော့ကျလာ​စေလျက်​ ရှိပေမယ့်​.. မင်းသားလီက​တော့ ​ထို​နေရာမှာပဲ နား​ထောင်​ရင်း မလှုပ်​မယှက်​ရှိ​နေတုန်း..။ စုန့်​​ကျောင်းယွဲ့မှာ စိတ်​ထဲတွင်​ ​အောင့်​သက်​သက်​ဖြင့်​ သူနဲ့အတူ အ​ဖော်​ပြု​ပေးရလျက်​..။ ပညာပါရမီဉာဏ်​ပြည့်​ဝကြတဲ့ အမျိုးသမီးနှစ်​ယောက်​က ဘာတွေပြောကြမှာလဲ။ ဒါပေမယ့်​ တကယ်​တမ်း နားထောင်​ကြည့်​တော့ ပြောနေတဲ့ အကြောင်းအရာက နည်းနည်းထူးဆန်းနေသလိုပဲ။

ခန်းမထဲမှာတော့ မိန်းမငယ်​နှစ်​ယောက်​အတူရှိနေကြတယ်​။ တစ်​ယောက်​က ဇာတ်​လိုက်​မင်းသမီးအရှိန်​အဝါနဲ့၊ နောက်​တစ်​ယောက်​က ဝိဉာဏ်​ကူးပြောင်းရောက်​လာတဲ့ အရံဇာတ်​ကောင်​။ တကယ်​တော့ နှစ်​ယောက်​သား သင့်​သင့်​မြတ်​မြတ်​ ငြိမ်းငြိမ်းချမ်းချမ်း အတူရှိတယ်​ဆိုတာမျိုးကို မဖြစ်​သင့်​တာ။ အခုကျတော့ စကားတွေတောင်​ ဖောင်​ဖွဲ့သီနေလိုက်​ကြသေး။ သူတို့ပြောတဲ့ အဓိကအကြောင်းအရာက ဇာတ်​လိုက်​မင်းသမီးဘက်​က ဒီလက်​ထပ်​ထိမ်းမြားတဲ့ ကိစ္စကို မနှစ်​မြို့ အလိုမတူတဲ့ အကြောင်း။ ပြီးတော့ မင်းသားလီကို ကြောက်​ရတဲ့ ကိစ္စတွေပါပေါ့။

ပိုင်​ရှန်းရှို့ရဲ့မျက်​လုံးများက မယုံကြည်​နိုင်​မှုနဲ့အတူ ပြူးကျယ်​သွားခဲ့တယ်​..။ သူမကြားခဲ့တဲ့ ဇာတ်​လိုက်​မင်းသားရဲ့ကိုယ်​ကျင့်​တရား​အ​ကြောင်း လူ​တွေ​ပြော​နေကြတဲ့ ​ကောလာဟလ​တွေအ​ပေါ်ကို ဒီအမျိုးသမီးဇာတ်​လိုက်​က အလွယ်​တကူနဲ့ အရမ်းယုံလွယ်​​နေတာ မဟုတ်​ဘူးလား? ၀တ္ထုကို ဖတ်​ပြီးသားသူအ​ယောက်​အ​နေနဲ့.. ဒါက အဲဒီ့လိုဖြစ်​ဖို့ ကံစီမံထားတယ်​ဆိုင်​ပင်​မယ့်​လည်း ပိုင်​ရှန်းရှို့က သူ့မကို အကြင်​နာတရား​ရှေ့ထားပြီး ရှင်းပြ​ပေး​နေခဲ့တာကို..။

"တကယ်​​တော့.. မိန်းက​လေးလင်​ အထင်​လွဲ​နေတာပါ..။ မင်းသားက အလွန်​အမင်း စိတ်​ထား​ကောင်းမွန်​ပြီး ​တော်​၀င်​တဲ့သူတစ်​​ယောက်​ပါ။ သူက ဘယ်​လိုလုပ်​ အမျိုးသမီး​တွေကို အဲလိုမျိုးလုပ်​မှာလဲ?" စစ်​​တွေ ဘာ​တွေဆို​တာ လူတိုင်းထင်​ထားသလို ရိုးရှင်းလွန်းလှတာမှ မဟုတ်​တာ..။

ဗီလိန်ဖြစ်ရန် ကြမ္မာဖန် [Book 1]Where stories live. Discover now