(၄) တစ်ယောက်သော အမျိုးသား အရံဇာတ်ကောင်ကို ငေးကြောင်ကြည့်မိခန်း

20.3K 2.2K 29
                                    

Burmese Translation of "Doomed to be Cannon Fodder".

(၄) တစ်ယောက်သော အမျိုးသား အရံဇာတ်ကောင်ကို ငေးကြောင်ကြည့်မိခန်း (No_Coz)
_____________________________

"ဝမ်ရယ်ရဲ့ ထွက်ပြေးသွားသော ချစ်ဇနီး"ဝတ္ထု ထဲမှာ အမျိုးသားဇာတ်ပို့ ဇာတ်ရံကာရိုက်တာများစွာ ပါတယ်။ အဓိကကတော့ ဇာတ်လိုက်မင်းသမီး ထွက်ပြေးတဲ့အခါတိုင်း လမ်းမှာတွေ့ခဲ့ ဆုံခဲ့တဲ့ ဇာတ်ကောင်တွေပေါ့လေ။ သူမ ခရီးသွား လျှောက်ပြေးနေတဲ့အခါမှာ တွေ့ခဲ့တာ မဟုတ်တဲ့သူဆိုလို့ အဓိက ဇာတ်ရံမင်းသား စိတ်သဘောထားပြည့်ဝ နှလုံးလှသူကြီး စုန့်ကျောင်းယွဲ့တစ်ယောက်ပဲ ရှိတယ်။ သူ့ စိတ်နေသဘောထားစရိုက်ကလည်း မြင့်မြတ် အေးမြတဲ့ လရိပ်ရောင်ဆိုတဲ့ နာမည်နဲ့ အလိုက်ဖက်သား။ ပြီးတော့လည်း လမင်းကြီးလို အဖော်မဲ့ပြီး တစ်ကိုယ်တည်း ကျန်ရစ်ဖြစ်ခဲ့ရတာပါပဲ။

လက်ရှိ သက်ဦးဆံပိုင် ဘုရင်စနစ်တွင်းမှာ သူဟာ အဆင့်အတန်းအမြင့်ဆုံးတွေထဲက ပထမအဆင့် မင်းဆရာ ပရောဟိတ်စုန့်နဲ့ ဘုရင့်အစ်မတော် ပထမမင်းသမီးရဲ့ တစ်ဦးတည်းသော သားအဖြစ်နဲ့ မွေးဖွားလာသူ။ နှစ် ၆၀ စက်ဝန်းရဲ့ ၅၃ နှစ်မြောက်မှာ စာပေအရည်အချင်းစစ်ပွဲမှာ သူ ပထမဆင့်ရခဲ့တယ်။ အဲ့ဒီတော့ လူတိုင်းက သူ့ကို ဆရာသခင်ကျောင်းယွဲ့လို့ ခေါ်ကြရတော့တယ်။ ဒီဆရာသခင်ကျောင်းယွဲ့ဟာ ဇာတ်လိုက်မင်းသားနဲ့ ရာထူးအရှိန်အဝါ ယှဉ်ဖက်ပြိုင်နိုင်တဲ့ တစ်ဦးတည်းသော သူပဲ။ ကံဆိုးတာကတော့၊ သူ ဇာတ်လိုက်မင်းသမီးကိုတော့ မရလိုက်နိုင်ဘူးပေါ့။

ပိုင်ရှန်းရှို့ရဲ့ နှလုံးသားလေးလည်း သူ့ကိုတွေ့တာနဲ့ ကဒုန်းကဒုန်းနဲ့ ဗျာများသွားမိတယ်။ ဘာလို့ဆို မူလပိုင်ရှန်းရှို့ ဇာတ်လိုက်မင်းသမီးကို မကောင်းကြံနေတာကို ဒီလူက သိသွားခဲ့ပြီး ပိုင်ရှန်းရှို့ကို ခြိမ်းခြောက်ခဲ့ဖူးလို့ပဲ။ ဒါပေါ့၊ ဒီကိစ္စတွေ အခုချိန်မှာတော့ မဖြစ်သေးဘူးပေါ့။ လောလောဆယ်မှာ တကယ်တမ်းတော့ သူမ အတွေးတွေက တခြားရောက်နေမိတယ်ဆိုပေမယ့် သူမ အသွင်ကတော့ ဇာတ်ပို့မင်းသားကို ငေးကြောင်ကြည့်နေမိသလိုဖြစ်နေတယ်။

ဗီလိန်ဖြစ်ရန် ကြမ္မာဖန် [Book 1]Where stories live. Discover now