(၂၀) သူမလက်​​ရေး ပိုမို​လေ့ကျင့်​ရန်​လို

17.9K 2.2K 55
                                    

(၂၀) သူမလက်​​ရေး ပိုမို​လေ့ကျင့်​ရန်​လို
(Jinnie_Grace)

ဒါ...ဒါက...

ဒုတိယ ဇာတ်​​ဆောင်​က သူမရဲ့လက်​​ဆောင်​ကို
ဖျက်​စီးပစ်​လိုက်​တာ မထူးဆန်းဘူး။
ဟင်္သာ​မောင်​နှံပုံ ထိုးထားတဲ့ ပုဝါ​လေးဟာ
သူ့မျက်​လုံးထဲမှာ မျက်​စိဆံပင်​​မွှေးစူးစရာဖြစ်​​နေတယ်​။
မျက်​နှာနှစ်​ခုနဲ့ မိန်းမက သူ့ဆီကို ဟင်္သာ​မောင်​နှံပုံထိုးထားတဲ့နံ့သာအိတ်​ကို ပို့ရဲ​သေးတယ်​!!
ဒါ​ပေမယ့်​သူဒီအ​ကြောင်းကို မ​ပြောဖို့ ဆုံးဖြတ်​လိုက်​တယ်​။

ပိုင်​ရှန်းရှို့ငိုချင်​သွားတယ်​။သူမတကယ်​ကို ငိုချင်​သွားတာ။
ဘယ်​​လောက်​​တောင်​ မိုက်​မဲလိုက်​တဲ့ သူမလဲ​?
အခု​တော့ ဘယ်​လိုလုပ်​ရပါ့? အဝတ်​အိတ်​​ကို သူမလက်​ထဲပြန်​ဆွဲယူလိုက်​တယ်​။ဒါ​ပေမယ့်​ သူမ​နောက်​မှာထိုင်​​နေတဲ့သူက​တော့ သူမကို အဲ့လိုလုပ်​ခွင့်​မ​ပေးခဲ့ဘူး။
သူက စာအုပ်​ကိုချပြီး ​ပြောလိုက်​တယ်​။
"အဲ့ဒါဘာလဲ"

သူမအဲ့ဒါကို ဝှက်​ဖို့လုပ်​​နေတုန်းမှာ အဓိကဇာတ်​​ဆောင်​က
အဲ့ဒါကို​တွေ့သွားတယ်​။သူမမှာ​ရွေးချယ်​စရာလမ်းမရှိ​တော့
တာမို့ အဲ့ဒါကို စားပွဲ​ပေါ်ပြန်​တင်​လိုက်​တယ်​။ဒါ​ပေမယ့်
သူမစိတ်​​တွေ အရမ်းရှုပ်​​ထွေး​နေပြီး ဘယ်​လိုတုန့်​ပြန်
ရမလဲဆိုတာကို သူမမသိ​တော့ဘူး။ပြီး​တော့
အဓိကဇာတ်​​ဆောင်​က သူ့ရဲ့မက်​မွန်​ပွင့်​နဲ့တူတဲ့ မျက်​လုံး
တွေနဲ့ သူမကိုကြည့်​​နေတာ​ကြောင့်​ ​​တွေးထားတာ
တွေလည်း ကြက်​​ပျောက်​ငှက်​​ပျောက်​ ​ပျောက်​ကုန်​တယ်​။
သူမ အသံခပ်​တုန်​တုန်​ နဲ့ ​ပြောလိုက်​မိတယ်​။
"ရှ..ရှင့်​အတွက်​ လက်​..လက်​​ဆောင်​ပါ။
ကျွန်​မသွား​တော့မယ်​​နော်​"
သူမ အရမ်းကိုအစိုးရိမ်​​တွေလွန်​​နေတာ​ကြောင့်
ကြင်​ယာ​တော်​တစ်​ပါးဆိုတဲ့ အဖြစ်​ကို​တောင်​​မေ့ပြီး
ချက်​ချင်း​ပြေးထွက်​လာခဲ့မိတယ်​။

ရှောင်​ရှီလည်း သူမ​နောက်​က ချက်​ချင်းတန်းလိုက်​လာတယ်​။
သူ့သခင်​မ ဘာဖြစ်​လာတယ်​ဆိုတာကို သူမတကယ်​မသိဘူး။
သူမ သိတာက သူမ သခင်မ အ​ဆောင်​ထဲက​နေ
အမြန်​​ပြေးထွက်​လာတယ်​ဆိုတာပဲ။သခင်​မ​နောက်​ကို
အမြန်​​ပြေးလိုက်​ပြီး သတိ​ပေးလိုက်​တယ်​။
"သခင်​မ..​ဖြေး​ဖြေးသွားပါ...လဲကျ​နေပါဦးမယ်​"

ဗီလိန်ဖြစ်ရန် ကြမ္မာဖန် [Book 1]Where stories live. Discover now