(၉၂) မီး!

5.1K 845 3
                                    

Burmese Translation of "Doomed to be Cannon Fodder".

Translator - Jinnie Grace

(၉၂) မီး!
______________________

ဒါပေမယ့်လည်း တိတ်တိတ်လေးခိုးထွက်ဖို့ဆိုတာ သူမထင်သလောက်မလွယ်မှန်း ပိုင်ရှန်းရှို့နားလည်ထားပါတယ်။ အဲ့ဒါကြောင့်လည်း ပြေးစရာလမ်းမရှိတော့မှ ရွေးဖို့ အကြံတစ်ခုအဖြစ်ပဲ စဥ္းစားထားတာ။ မားမားလျိုကို ငွေစ၂၀၀ပေးလိုက်တာကိုမြင်ပြီးတာနဲ့  စားဖိုဆောင်မှာထိုင်နေတဲ့သူတွေကို သူမကြည့်လိုက်တယ်။ အမှန်အတိုင်းပြောရရင် အားလုံးက အရည်အချင်းရှိကြတဲ့သူတွေချည်းပဲ။ စားဖိုဆောင် ဘဏ္ဍာထိန်းဖြစ်ဖို့ အရည်အချင်းရှိတာထက်တောင်ပိုနေကြသေးတယ်။

ဒါပေမယ့်လည်းသူတို့ဘယ်သူတွေမှန်း သူမ မသိဘူး။ အဲ့ဒါကြောင့် ပြုံးပြီးပဲနှုတ်ဆက်လိုက်တာပေါ့။
"ကျွန်မ ဒီကိုလာတာ ပထမဆုံးဆိုတဲ့အကြောင်းကိုတော့ လူတိုင်းသိကြမှာပါ။ အဲ့ဒါကြောင့် ကျွန်မရှင်တို့ကို မသိသေး....."

လူအုပ်ထဲက သွက်သွက်လက်လက်ရှိတဲ့မိန်းမတစ်ယောက်က ထရပ်လိုက်တယ်။ သူမက အသက်သုံးဆယ်လောက်ပဲရှိဦးမယ်။ ကြောက်တတ်ပုံလည်းမပေါ်ဘူး။

"သခင်မရှို့ကို နှုတ်ဆက်ပါတယ်။ ဒီကျွန်ရဲ့ခင်ပွန်းသည်မျိုးရိုးနာမည်က ပိုင်ပါ။လူတိုင်းကတော့  ဒုတိယချွေးမပိုင်လို့ခေါ်ကြပါတယ်။ ကျွန်မကပဲ သခင်မကိုသူတို့နဲ့မိတ်ဆက်ပေးပါရစေ။!

မီးဖိုဆောင်မှာ အလုပ်သမားက စာရင်းမှာကို ၁၂ယောက်ကျော်တယ်။  ဒုတိယချွေးမပိုင်က ဘယ်သူ့ကိုမှဘက်လိုက်ခြင်းမရှိပဲ အေးအေးဆေးဆေးပဲ မိတ်ဆက်သွားတယ်။ မိတ်ဆက်ပြီးသွားတာနဲ့ သူမက အကုန်လုံးကို လက်ဖက်ရည်တောင် ​ေ၀ပေးလိုက်သေးတယ်။ ကြည့်ရတာ အုပ်စုထဲမှာ အငယ်ဆုံးနေမှာပဲ။  ဒီလိုတာ၀န်တွေကိုယူရတာ အသက်ငယ်နေလို့များလား?

ဒါပေမယ့်လည်း သူမကိုပိုင်ရှန်းရှို့သဘောကျနေတုန်းပဲ။ အဲ့ဒါကြောင့်ပြောလိုက်တယ်။
" ဒုတိယချွေးမပိုင်က အသေးစိတ် မိတ်ဆက်ပေးတာတောင် ကျွန်မ အားလုံးကိုမမှတ်မိနိုင်သေးဘူး။ ဒီလိုလုပ်ပါလား။ ရှင့်ကို စားဖိုဆောင်ဘဏ္ဍာထိန်းတာ၀န်ပေးလိုက်မယ်လေ?"

ဗီလိန်ဖြစ်ရန် ကြမ္မာဖန် [Book 1]Where stories live. Discover now