(၄၄) အရံဇာတ်​ကောင်​ ဆိုက်​ရောက်​လာ

17.2K 2.4K 82
                                    

Burmese Translation of "Doomed to be Cannon Fodder".

(၄၄) အရံဇာတ်​ကောင်​ ဆိုက်​ရောက်​လာ (No_Coz)

~~~~~~~~~~~~~~~~~~~~~~~~~~

လုံဟန့်​တစ်​ယောက်​ လေတိုက်​ရင်​ကိုပဲ ယိမ်းနွဲ့နေတော့ မယ့်​ မိုးမခခက်​လိုလို ဖြစ်​နေရှာတဲ့ ပိုင်​ရှန်းရှို့ကို ကြည့်​လိုက်​မိတယ်​။ သူ ပြီးတော့ သူမကို ပြောလာတဲ့ စကားမှာက မပြောချင့်​ ပြောချင်​သာ ပြောလိုက်​ရသလိုပုံစံရယ်​နဲ့။ "မင်း... ကိုယ့်​ဘာသာပဲ ဆက်​လေ့ကျင့်​လိုက်​တော့... ငါ ပြန်​တော့မယ်​..." သူ ရှိနေရင်​ သူမကမှ စိတ်​မလျှော့ထားနိုင်​တာ၊ သူ ပြန်​တာပဲ ကောင်းပါတယ်​။ ဒီလိုနဲ့ပဲ သူ့မျက်​နှာ အစိတ်​အပိုင်းတိုင်းမှာ မကျေနပ်​မှု၊ အားမရမှုတွေရဲ့ လက္ခဏာကို ခံဆောင်​လျက်​ လုံဟန့်​ ထွက်​သွားတော့တယ်​။ ပိုင်​ရှန်းရှို့တောင်​မှ သူ့ကျောပြင်​ကို ကြည့်​ရင်း သူ စိတ်​ပျက်​သွားတာကို ရိပ်​မိလိုက်​တယ်​လေ။

ဒါပေမယ့်​ သူ သူမကို ကူညီခဲ့တာတော့ အမှန်​ပဲ။ မဟုတ်​ရင်​ သူမ ဟိုကိုယ်​လုပ်​တော်​နှစ်​ယောက်​ အနိုင်​ကျင့်​တာ ခံလိုက်​ရမှာ။ တကယ်​တမ်းတော့၊ ဇာတ်​လိုက်​မင်းသားရဲ့ အကျင့်​စရိုက်​လေးက ကောင်းရှာပါတယ်။ မဟုတ်​ရင်​လည်း သူမ အဲ့ဝတ္ထုကို ဖတ်​ဖြစ်​ခဲ့မှာ မဟုတ်​ဘူး။ သူမ သူ့ကို အမြဲရှောင်​ပုန်းနေရတဲ့အကြောင်းကတော့ သူမဟာ ဗီလိန်​အရံဇာတ်​ကောင်​တစ်​ခုသာသာဖြစ်​နေလို့ပဲ။ သူမအဖြစ်​က သူ့ကို အလကားနေ ရန်​သွားစလို့ကောင်းတာမဟုတ်​ဘူး။ ခုနက ပထမနဲ့ ဒုတိယကိုယ်​လုပ်​တော်​တွေ လုပ်​သွားသလိုမျိုးပေါ့။

ဝတ္ထုထဲမှာတုန်းက သူမရဲ့ ဇာတ်​ရုပ်​က ဇာတ်​လိုက်​မင်းသမီးကို ပြဿနာရှာဖို့ ဒုက္ခပေးဖို့ လုပ်​ခဲ့သေးတယ်​။အဲ့တော့ အိမ်​တွင်းအပြစ်​ပေးဒဏ်​စနစ်​အတိုင်း သူမကို အပြစ်​ပေးတာ ခံခဲ့ရတယ်​။ အဲ့တုန်းကတော့ သူမကို မသေမချင်းကြိမ်​ဒဏ်​မပေးသေးဘူး။ လက်​ဖဝါးကိုပဲ အရိုက်​ခိုင်းခဲ့တာ။ တစ်​ခါရိုက်​ရင်​ အချက်​ ငါးဆယ်​ပဲ။ ရက်​စက်​လိုက်​တာရော်​။ ပိုင်​ရှန်းရှို့ သူမ လက်​ဖဝါးတွေကို ပွတ်​နေမိလိုက်​တယ်။ ဟိုကိုယ်​လုပ်​တော်​နှစ်​ယောက်​အတွက်​လည်း သူမ စိတ်​ထဲကနေ ဆုတောင်းပေးမိနေသေး။ သူတို့လက်​တွေ ဝက်​ခြေထောက်​လို ဖူးယောင်​တဲ့ အထိတော့ အရိုက်​မခံရပါစေနဲ့လို့လေ။

ဗီလိန်ဖြစ်ရန် ကြမ္မာဖန် [Book 1]Where stories live. Discover now