(၃၉) အကြံရှိတော့ စိုက်​စိုက်​လာ

17K 2.4K 55
                                    

Burmese Translation of "Doomed to be Cannon Fodder".
https://www.volarenovels.com/novel/doomed-to-be-cannon-fodder#TableOfContents

NC's Notes:

အခုက Bonus Chapter ပါနော်​...

viewer 100k ပြည့်​သွားလို့...

Don't get use to it tho~

April ဆို နည်းနည်း update ကျဲတော့မှာ။

Enjoy ~ 😊

___________

(၃၉) အကြံရှိတော့ စိုက်​စိုက်​လာ (No_Coz)
~~~~~~~~~~~~~~~~~~~~~~~~~

အသက်​ပိုကြီးတဲ့ သခင်​မက ကိုယ်​ခန္ဓာအနည်းငယ်​တော့ ပြည့်​ဖြိုးပေမယ့်​ ကျက်​သရေရှိ လှပတယ်​။ သူများတွေ အမြင်​မှာ သူမက အမြဲအပြုံးလေးဆောင်​ထားတတ်​တော့ လူချစ်​လူခင်​ပေါစေတယ်​။ ကုန်​သည်​သူကြွယ်​မျိုးရိုးက ပေါက်​ဖွားလာသူဖြစ်​တာကြောင့်​ သူမ မိသားစုက ကြွယ်​ဝချမ်းသာပေမယ့်​ လုပ်​ပိုင်​ခွင့်​အာဏာတော့ မရှိလှဘူး။ ဒါကြောင့်​မို့လည်း မင်းသားအိမ်​တော်​ကို လက်​ဆက်​ပြီး မိသားစု အဆင့်​မြင့်​အောင်​ ကြိုးစားချင်​တာဖြစ်​တယ်​။ ကိုယ်​လုပ်​တော်​ရဲ့ အမျိုးတွေဆိုတာ ပဏာမဇနီးရဲ့ အမျိုးတွေလောက်​ အလေးထားမခံရနိုင်​ပေမယ့်​လည်း ဒီလိုပတ်​သက်​ဆက်​နွယ်​တယ်​ဆိုကတည်းက ဂုဏ်​ယူစရာတစ်​မျိုးဖြစ်​နေပြီ။

ဒုတိယသခင်​မကကျတော့ သတ္တမဆင့်​ အဆင့်​နိမ့်​ အမတ်​တစ်​ဦးရဲ့ သမီး။ သူမက ကိုယ်​လုပ်​တော်​ဖွားသမီးပေမယ့်​ သူမရဲ့ ညီအစ်​မတွေကို ကျော်​ပြီး အရေးခံလိုက်​ရတာ သူမရဲ့ ဇာတာက ကံကောင်းစေလို့တဲ့။ အခုထိတောင်​ သူမရဲ့ ညီအစ်​မတွေက မင်းမျိုးမင်းနွယ်​ထဲကို လက်​ဆက်​ခွင့်​ရဖို့ ကြိုးပမ်းနေကြသတဲ့။

ဒါတွေအားလုံးကို ယဲ့မားမားကသူမကို ကြိုပြောပြထားတာ။ ဒါပေမယ့်​ သူတို့ အခုချိန်​မှာ ရုတ်​ရက်​ကြီး သူမကို လာတွေ့ရတဲ့အကြောင်းကိုတော့ ပိုင်​ရှန်းရှို့ နားမလည်​နိုင်​သေးဘူး။ သူတို့နှစ်​ယောက်​ ဝင်​လာတာနဲ့ သူတို့ရဲ့ ကြွယ်​ဝမှုတွေပါ အတူပါလာတယ်​။ နှစ်​ယောက်​စလုံးက အဖိုးကြီးမားမယ့်​ အဝတ်​အစားတွေ ဝတ်​ဆင်​လာကြတယ်​။ သူတို့ဝင်​လာတာနဲ့ ပိုင်​ရှန်းရှို့ နှာတွေ ချေမိပြန်​ရော။

ဗီလိန်ဖြစ်ရန် ကြမ္မာဖန် [Book 1]Where stories live. Discover now