(၂၄)အပြစ်​​ပေးခံရခြင်းနှင့်​ စကားဖလှယ်​ခြင်း

17.5K 2.3K 60
                                    

အပြစ်​​ပေးခံရခြင်းနှင့်​စကားဖလှယ်​ခြင်း

Translator- Jas_astra

.......

လောင်​ဖူးရန်​က သူမ အပြစ်​​တွေအားလုံးကို တာဝန်​ယူမယ်​လို့မထင်​မိခဲ့ဘူး ဒီမိန်းက​လေးကတကယ်​ရိုးသားတာပဲ...ဒါ​ကောင်းတယ်​ သူမမှာ မ​ကောင်းတဲ့အကြံအသည်​​တွေမရှိဘူးဆိုတဲ့သ​ဘောပဲ

အခုလက်ရှိ ​လင်​ချန်းဇီ​​ခေါင်းကဒီထက်​ပိုငုံ့ဖို့​တောင်​မဖြစ်​နိုင်​​တော့ဘူး သူမ တိုးတိုး​လေးဆိုလိုက်​တယ်

"မလိုပါဘူး..မလိုပါဘူး ဒါကတကယ့်​ကိုမ​တော်​တဆပဲ​နေမှာပါ ဟုတ်​တယ်​မလား အ​မေ"

လင်​သခင်​မ ဒီ ကြင်​ယာ​တော်​က င​ကြောက်တစ်​​ယောက်ဆိုတာ​ပြောနိုင်​သွားတယ်

ဝမ်းနည်းစွာပဲ ဒါကိုသိရဖို့ သူတို့​ပေးဆပ်​လိုက်​ရတဲ့တန်​ဖိုးက ကြီးလွန်းတယ်​ ဒါ့ထက်​ မင်းသားရဲ့အိမ်​​တော်​က အဲ​​ကောင်​မ​ရဲ့ပါးစပ်​ကထွက်​လာသမျှစကားလုံး​တွေက ကျိုး​ကြောင်းသင့်​​လျော်​မှုထက်​​ကျော်​လွန်​​နေတယ်​ တကယ်​လို့အပြစ်​​ပေးဖို့ဆက်​သာ​တောင်းဆို​နေရင်​ သူမသမီးရဲ့နာမည်​ပဲ ပျက်​စီးမှာ...ဒါ​ကြောင့်​ သူမ ​ပြောလိုက်​တယ်

"ထားလိုက်​​တော့ ငါတို့လင်​အိမ်​​တော်​ကဒီလိုဆုံးရှုံးသွားတာကိုတတ်​နိုင်​ပါတယ်​ ပြီး​တော့ငါ့သမီး​ပြောသလိုပဲ ဒါကမ​တော်​တဆ​လေ ငါ့သမီး​လေးကကြင်​နာတတ်​ပြီး....အ​စေခံ​တွေကို​တောင်​ သည်းခံတတ်​တယ်​"

သူမ အဆင်​​ပြေ​ကြောင်း လက်​​ဝှေ့ယမ်းပြလိုက်​​ပေမဲ့ ဒါ​တွေကဟန်​​ဆောင်​မှုသာသာပဲ ဖြစ်​တယ်​ သူမစိတ်​ထဲမှာ​တော့ ​လောင်​ဖူးရန်​ကဒီကိစ္စကို​ဖြေရှင်း​ပေးဖို့​မျှော်​လင့်​​နေတယ်

လောင်​ဖူးရန်​ ကပြုံးလိုက်​တယ်

"​လင်​သခင်​မ​နဲ့လင်​မိန်းက​လေး ​တွေက အရမ်းကြင်​နာတတ်​တာပဲ တကယ်​လို့နစ်​နာမှု​တွေအ​ကြောင်းဆက်​​ပြော​နေရင်​ ​​ချစ်​ချစ်​ခင်​ခင်​​​နေကြတဲ့အ​ငွေ့အသက်​​တွေကိုပျက်​စီးသွားလိမ့်​မယ်​ ​ဟုတ်တယ်​မလား နီးပိုင်​"

ဗီလိန်ဖြစ်ရန် ကြမ္မာဖန် [Book 1]Where stories live. Discover now