(၂၂) လက်ဆောင်ပို့သ၊ လျို့ဝှက် စကားဖလှယ်

18.2K 2.1K 45
                                    

(၂၂) လက်ဆောင်ပို့သ၊ လျို့ဝှက် စကားဖလှယ် (No_Coz)

မားမားက သူမဘက်ကနေ စကားကောင်း ပြောပေးနေတာလား. . .။ 'ဒါပေမယ့် ငါ့ကို ဒီလိုမျိုး ပြောပေးစရာမှ မလိုပဲ... တကယ်ပြောတာ...!' ပိုင်ရှန်းရှို့ အထိန်းတော်ကြီးကို ခါးသက်သက် တစ်ချက်လှမ်းကြည့်လိုက်ပြီးနောက် ဘာမှ ပြောမနေဘဲ ခေါင်းသာ ငုံ့ထားလိုက်တော့တယ်။

မားမားကတော့ ထူးဆန်းနေတယ်ထင်ပြီး အင်္ကျီလက်တွေကိုသာ သပ်ရပ်နေအောင် ပြန်ပြင်နေမိတယ်။ သူမ စကားပြောမှားသွားမိလို့လား...

ဒါပေမယ့် မင်းသားကတော့ ကျေနပ်နေတဲ့ မျက်နှာထားနဲ့ ပြောလာတယ်။ "ပန်ဝမ်း သွားကြည့်လိုက်ဦးမယ်... ကျောင်းယွဲ့ မင်း လိုက်ချင်လိုက်... မလိုက်ချင်လည်း အဆင်ပြေသလို နေခဲ့ပါ..."

စုန့်ကျောင်းယွဲ့က နဂိုက လုံဟန့်နဲ့အတူ လောင်ဖူးရန်ကို လာတွေ့တာ။ ဒါပေမယ့် သူမ အိပ်ပျော်နေလိမ့်မယ်လို့ သူ ထင်မထားခဲ့ဘူး။ ဒါကြောင့် သူက ပြောလိုက်တယ်။ "ငါ အရင် ပြန်နှင့်တော့မယ်..." ဆိုပြီး တစ်ချက်ကလေးတောင် ပြန်လှည့်မကြည့်ဘဲ ထွက်သွားတော့တယ်။

'မဖြစ်ဘူး...! သူသာ အခုနေ ဒီအတိုင်း ထွက်သွားရင်... ငါ့မှာ နောက်အခွင့်အရေး ထပ်ရတော့မှာ မဟုတ်ဘူး...' ပိုင်ရှန်းရှို့ အထိန်းတော်ကြီးကို ချက်ချင်း လှည့်ပြောလိုက်တယ်။ "မားမား... ဒီကိုယ်လုပ်တော်က အပြင်ထွက်ပြီး... ဟို... ဟို..."

အထိန်းတော်ကြီးကလည်း ချက်ချင်း နားလည်ပေးတယ်။ သူမ လောင်ဖူးရန်ကိုလည်း ကောင်းကောင်း အလုပ်အကျွေးပြုပြီး သူမတို့ကိုလည်း သခင်မတစ်ပါးက အစေခံကျွန်တွေကို ခိုင်းစေ အမိန့်ပေးသလို ခြယ်လှယ်နေတာမျိုးလည်း မလုပ်တော့၊ သူမက အလွယ်တကူ အသာတကြည် ပြန်တူန့်ပြန်လိုက်တယ်။ "ဒါဆိုလည်း သွားပါ... သတိထားနော်... ခေါင်းဆောင်းခမောက်ဆောင်းသွားပါဦး..."

"ဟုတ် နားလည်ပါပြီ..." ပိုင်ရှန်းရှို့ဟာ မော်ဒန်ခေတ်သစ်ကလူဆိုတော့ သူမက လူ လူချင်းတန်းတူ ဆက်ဆံတယ်။ အသက်အရွယ်ကြီးတဲ့သူဆို ပိုတောင် တလေးတစား ဆက်ဆံသေးတယ်။ ဒါ့ကြောင့် သူမက ဘယ်သူ့ကိုမဆို ပြုံးပြတတ်တယ်။ ဒီခေတ်ကြီးရဲ့ သခင်တစ်ပါးလို ပြုမူမနေတတ်ဘူးရယ်။

ဗီလိန်ဖြစ်ရန် ကြမ္မာဖန် [Book 1]Where stories live. Discover now