(၃၆) ရှင်​... အဆင်​​ပြေ​နေသ​ရွေ့

16.8K 2.4K 71
                                    

Burmese Translation of "Doomed to be Cannon Fodder".
https://www.volarenovels.com/novel/doomed-to-be-cannon-fodder#TableOfContents

(၃၆) ရှင်​... အဆင်​​ပြေ​နေသ​ရွေ့ (Jinnie_Grace)
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

ပိုင်​ရှန်းရှို့ပုန်း၍ မ​နေနိုင်​​တော့​ပေ။သူမရုတ်​တရက်​ ​အော်​​မိလိုက်​​တော့တယ်​။ "သတိထား!"
ပိုင်​ရှန်းရှို့၏​အော်​သံ​က စုန်း​ကျောင်းယွဲ့ ကို သတိထားမိသွား​စေတယ်​။ဒါ​ကြောင့်​ သူနဲ့တိုက်​ခိုက်​​နေတဲ့လူကို ​ရှေ့သို့ဆွဲပြီး သူ့ဆီတည့်​တည့်​ပျံလာတဲ့ ဓား​မြောင်​နှစ်​​ချောင်းကို ကာလိုက်​တယ်။။ဒါ​ပေမယ့်​ ဓား​မြောင်​တစ်​​ချောင်းက သူဗိုက်​ကို ထိသွား​တာမို့ ​မြေ​ပေါ်ကို နာကျင်​စွာ ဒူး ​ထောက်လျက် ကျသွား​တော့တယ်​။

အဲ့ဒီအချိန်​မှာပဲ  ​နောက်​ရန်​သူတစ်​​ယောက်​ပစ်​လိုက်​တဲ့ ဓား​မြောင်​တစ်​​ချောင်းက ထပ်​ပြီး ပျံသန်းလာပြန်​တယ်​။ ပိုင်​ရှုန်းရှို့ဘာမှထပ်မ​စဉ်းစားနိုင်​​တော့​ပဲ  စုန်း​ကျောင်းယွဲ့ကို  ​ဘေးကိုတွန်းဖယ်​ဖို့ စိတ်​ကူးနဲ့ အ​ရှေ့သို့ ​ပြေးထွက်​လာလိုက်​​တော့တယ်​။ ဘယ်​သူသိမလဲ အဲ့ဒီအချိန်​မှာ timingအရမ်းကိုက်​သွားမယ်​လို့။ ဓား​မြောင်​က သူမရဲ့ ပုခုံးကို တည့်​တည့်​စိုက်​သွား​တော့တယ်​။

ဒဏ်​ရာက သိပ်​ကိုနာကျင်​လွန်းတယ်​။ စုန်း​ကျောင်းယွဲ့ကို မျက်​နှာချင်းဆိုင်​လျက်​အ​နေအထားနဲ့ပဲ သူမ ဖြည်းဖြည်းချင်း လဲကျသွား​တော့တယ်​။

စုန်း​ကျောင်းယွဲ့ အံ့သြတကြီးနဲ့ သူမကိုယ်​​လေးကို လှမ်းဖမ်းလိုက်​တယ်​။ ပိုင်​ရှန်းရှို့မှာ​တော့ သူမ​သေ​တော့မယ်​လို့ကို ခံစား​နေမိတယ်​။ဒီ​တော့ မ​သေခင်​​ စကားနည်းနည်း​ပြောရမယ်​မလား။

နောက်​ဆုံး​တော့ သူမဒုတိယဇာတ်​လိုက်​ရဲ့ အနားကို​ရောက်​နိုင်​ခဲ့ပြီ။
ဒါ​ပေမယ့်​ သူမဒဏ်​ရာက ပါးစပ်​​လေးဟရုံနဲ့​တင်​ ​သေလုမတတ်​နာကျင်​​နေတယ်​။ဒါ​ကြောင့်​ သူ့ရဲ့လက်​​မောင်း​တွေ​ပေါ်​​မှာပဲ​ငြိမ်​​နေလိုက်​ရင်း သူမရဲ့ ​နောက်​ဆုံးအသက်​ရှုခြင်း​တောင်​ဖြစ်​သွားမလားမသိတဲ့ အသက့်​ကိုရှူသွင်းလိုက်​ရင်း ​လေသံ​ပျော့​ပျော့​လေးနဲ့ အားတင်း​ပြောလိုက်​​တော့တယ်​။
"ရှင်​..အဆင်​​ပြေ​နေသ​ရွေ့....."
အမှန်​အတိုင်း​ဝန်​ခံရရင်​ သူမဒီထပ်​ပိုပြီး မ​ပြောနိုင်​​တော့ဘူး။ဒါ​ပေမယ့်​လည်း သူမရဲ့စကား​တွေက စုန်း​ကျောင်းယွဲ့ကို လှုပ်​လှုပ်​ရှားရှားဖြစ်​သွား​စေမယ်​လို့လည်း သူမ ဘယ်​တုန်းကမှ မ​တွေးမိခဲ့ဘူး။

ဗီလိန်ဖြစ်ရန် ကြမ္မာဖန် [Book 1]Where stories live. Discover now