(၆၉) ခင်​မင်​ဖော်​ရွှေ၊ သဟာဇာတမျှအောင်​နေ

6.4K 1K 4
                                    

Burmese Translation of "Doomed to be Cannon Fodder".

Translator - No Coz

(၆၉) ခင်​မင်​ဖော်​ရွှေ၊ သဟာဇာတမျှအောင်​နေ
____________________________________

ဒါပေမဲ့ ဟင်းပွဲတွေက အလုံအလောက်​မရသေးဘူး။ ပြီးတော့ စားသောက်​ပွဲအတွက်​ ဟင်းလျာတွေကို ပွဲမတိုင်​ခင်​ ကြိုပြီးတော့ ပြင်​ဆင်​ထားရမှာ။ မဟုတ်​ရင်​ အချိန်​ကျတော့မှ ဟင်း မလောက်​တာတို့၊ လိုနေတာတို့ ဖြစ်​နေရင်​ စုန့်​အိမ်​တော်​ မျက်​နှာပျက်​ရလိမ့်​မယ်​။ ဘုရားကျောင်းတွေက စားတော်​ကဲကြီးအချို့လဲ ရောက်​လာကြသေးတယ်​။ ဒါပေမဲ့ သူတို့က ရဟန်းသံဃာ၊ ကိုရင်​တွေအတွက်​ပဲ ချက်​ပြုတ်​ပေးဖူးကြတာ။ သူတို့ ချက်​ပြုတ်​တာ ဘယ်​လောက်​ကောင်းကောင်း၊ ချက်​တတ်​တဲ့ သက်​သတ်​လွတ်​ဟင်းလျာအမယ်​က သိပ်​မများဘူးရယ်​။ ပြီးတော့ ဒီတစ်​ခေါက်​ မီးဖိုဆောင်​တွေကို ပြင်​ဆင်​ထားရာမှာလဲ သက်​သတ်​လွတ်​ ဟင်းလျာ အမယ်​ ၁၀၀ ကျော်​လောက်​ ချက်​နိုင်​လောက်​အောင်​ ပြင်​ထားတာမျိုး မဟုတ်​ဘူး။ ဒါကြောင့်​ စုန့်​သခင်​မကြီး ပိုင်​ရှန်းရှို့ကို ဖိတ်​ခေါ်လိုက်​တယ်​ဆိုတာ သိပ်​မှန်​တဲ့ ဆုံးဖြတ်​ချက်​တစ်​ခုလေပဲ။ ပိုင်​ရှန်းရှို့က တချို့ဟင်းပွဲတွေ မချက်​ဖူးဘူးဆိုရင်​တောင်​ သူမဘာသာ တွေးကြံဖန်​တီးနိုင်​စွမ်းရှိတယ်​။ ဒီလိုမျိုးဖန်​တီးနိုင်​စွမ်းရှိတာဟာ အတော်​လေး အထောက်​အကူဖြစ်​သွားခဲ့တာပေါ့။

စုန့်​သခင်​ကြီးဆိုရင်​ အတော်​လေးကို ကျေနပ်​နေတာ။ သူတို့ ဟင်းပွဲ ၁၀၀ မပြင်​ဆင်​နိုင်​ဘူးဆိုရင်​ ဟင်းပွဲ ၅၀ နဲ့ပဲ တင်းတိမ်​လိုက်​ဖို့ သူက အကြံရှိတာ။ ဒါပေမဲ့ ပိုင်​ရှန်းရှို့ရောက်​လာတာနဲ့ ဟင်းလျာ အမျိုးအမည်​တွေ ၈၀ထိ တိုးသွားအောင်​ ကြံဖန်​နိုင်​ခဲ့တယ်​လေ။ အဲ့ဒါနဲ့ သူ မျှော်​လင့်​ချက်​တွေ တက်​လာတော့တာပဲ။

စုန့်​သခင်​မကြီးက ပိုင်​ရှန်းရှို့ အဲ့နားမှာပဲ ထိုင်​ရင်း စူးစူးစိုက်​စိုက်​ တွေးနေကြံနေတာကို တွေ့တော့ သူမဟာ တကယ်​ကို လေးနက်​တည်​ကြည်​သူလေးပါလားလို့ အောက်​မေ့လိုက်​တော့တယ်​။ စုန့်​သခင်​မကြီးမှာ နှစ်​ခြိုက်​ချစ်​ကြည်​စွာနဲ့ မပြောဘဲ မနေနိုင်​။ "သိပ်​ပြီး အလျင်​လိုစရာ မလိုပါဘူးကွယ်​၊ သမီး ဖြည်းဖြည်းချင်း စဉ်းစားပေါ့၊ သမီး အရမ်းပင်​ပန်းသွားရင်​ သမီးရဲ့ ယောက္ခမကြီးက တို့ကို စိတ်​ဆိုးနေပါဦးမယ်​ကွယ်​"

ဗီလိန်ဖြစ်ရန် ကြမ္မာဖန် [Book 1]Where stories live. Discover now