(၁၈၁) မူပိုင်ရှင်ဖြစ်ချင်

3.4K 582 16
                                    

Burmese Translation of "Doomed to be Cannon Fodder".

Translator - NC

(၁၈၁) မူပိုင်ရှင်ဖြစ်ချင်

ဘာကြောင့်မှန်း မသိ၊ လုံဟန့် တော်တော်လေး ပျော်သွားမိတယ်။ အဲ့အချိန်မှာ တကယ်တော့ သူ ဒေါသတွေ မီးလိုယမ်းလို ထွက်နေသင့်တာလေ။ ဆိုတော့ကာ သူ ကြိုးစားထားခဲ့သမျှက အချည်းနှီးတော့ မဖြစ်ဘူးပဲ။ အမျိုးသမီးလေးက သူ့ကို ချစ်တော့ အချစ်သား။ အစကတော့ သူမက စုန့်ကျောင်းယွဲ့အပေါ် ခံစားချက်ရှိနေတာလို့ သူ ထင်နေခဲ့တာ။ သူမကလဲ စုန်းကျောင်းယွဲ့အပေါ် တော်တော်ကောင်းခဲ့တာကိုး။ ဒါပေမဲ့ အခုတော့ သူမက သူ့ကို ချစ်ကြိုက်ကြောင်း ပေါ်ပေါ်တင်တင် ထုတ်ဖော်ပြောလာတဲ့ အပြင်ကို လင်မိန်းကလေးလက်ထဲ မပေးလိုက်နိုင်ဘူးလို့ ဆိုလာတယ်။ 

ပြီးတော့ အမှန်တိုင်းပြောရရင် လင်မိန်းကလေး ဒီတစ်လျှောက်လုံး ပြုမူကျူးလွန်ခဲ့တဲ့ လုပ်ရပ်တွေကြောင့် သူက လင်ချန်းဇီကို စိတ်ကို မဝင်စားနိုင်တာ။ အထူးသဖြင့် ဒီလို လာတောင်းဆိုနေတာကြားရတော့ ပိုတောင် ရွံမုန်းသေးတယ်။ သူမက သူ့ကို အချဉ်ဖမ်းနေတာလား။

လင်သခင်မလေးက ကိုယ့်ကိုယ်ကိုယ် နှိမ့်ချပြီး ပိုင်ရှန်းရှို့ကို တောင်းပန်တိုးလျိုးဖို့ ရည်ရွယ်ရတဲ့အကြောင်းက ပိုင်ရှန်းရှို့ဟာ မင်းသားရဲ့ အချစ်ခံ ကိုယ်လုပ်တော်လေးဆိုတာ သိလို့ပဲ။ လင်မိန်းကလေး အမြင်မှာ ပိုင်ရှန်းရှို့က သူမအပေါ် ယုတ်မာထားတယ်၊ သစ္စာဖောက်ပြီး ဉာဏ်ဆင်ထားတယ်ဆိုရင်တောင်မှ သူမ ပိုင်ရှန်းရှို့နဲ့ သင့်မြတ်အောင် အလိုက်သင့်လေး နေချင်မိတယ်။ ဘာလို့ဆို သူမကလဲ ဒီမင်းသားအိမ်တော်မှာ နေရတော့မှာလေ၊ မင်းသားရဲ့ အချစ်တော်နဲ့ တည့်ဖို့ လိုတာပေါ့။

ဒါပေမဲ့ ဒီကိုယ်လုပ်တော်က သူမကို နည်းနည်းလေးမှ မျက်နှာသာမပေးဘူး။ အားနာရကောင်းမှန်းလဲ မသိဘူး။ "နီးပိုင်...! တို့က ရှင့်ကို လာတောင်းဆိုနေတာ ရှင်က မင်းသားလီရဲ့ အချစ်ဆုံး ကိုယ်လုပ်တော်ဖြစ်နေလို့ပဲ၊ ဒါပေမဲ့ ရှင်က စိတ်ကြီးဝင်နေပုံရတယ်၊ ရှင်က ကိုယ်လုပ်တော်အဆင့်ပဲရှိတဲ့ဟာ၊ ရှင် ကလေးတစ်ယောက် ရှိလိုက်တာနဲ့ မင်းသားရဲ့ အချစ်တွေကို တစ်သက်လုံး ရှင်ပဲ ပိုင်ဆိုင်ရတော့မယ်ဆိုပြီး သွေးနားထင်ရောက်နေတာလား"

ဗီလိန်ဖြစ်ရန် ကြမ္မာဖန် [Book 1]Where stories live. Discover now