(၁၅၄) သံသယ ဖြစ်စရာ

4.3K 696 10
                                    

Burmese Translation of "Doomed to be Cannon Fodder".

Translator  - ဂွေ့

(၁၅၄) သံသယ ဖြစ်စရာ

ခဏလောက်ကြာအောင်သြ၀ါဒခံပြီးတဲ့နောက်မှာတော့ ဘာတွေဖြစ်နေတာလဲဆိုတာကိုသိသွားတယ်။ လောင်ဖူးရန်က သူမ ဇီးပန်းဥယျာဥ္ကိုပြောင်းလို့ အပြစ်တင်နေတာမဟုတ်ဘူး။ လုံဟန့်ပြောတာကိုဆန့်ကျင်လို့ ဆူတာ။ သူမက ကိုယ်လုပ်တော်တစ်ယောက်ပဲလေ။ ကိုယ့်နေရာကိုယ်သိရမှာပေါ့။

အမှန်ပါပဲ။ သူမကိုယ်တိုင်လည်းတစ်ချိန်လုံး သတိထားပြီးနေခဲ့တာပါပဲ။ ဒါပေမယ့် ကိစ္စတွေက မတူတော့ဘူးလေ။ အမှန်အတိုင်းပြောရရင် လောင်ဖူးရန်ဆူတာကို နည်းနည်းစိတ်ဆိုးမိတယ်။  ဒါ​ပေမယ့်ပြန်စဥ္းစားကြည့်တော့လည်း သူမကိုတင်ကျွေးထားတဲ့ကျေးဇူးရှင်တွေမလား။

"လောင်ဖူးရန်ပြောတာမှန်ပါတယ်။ ဒီကိုယ်လုပ်တော် နောက်ဆိုပိူသတိထားပါ့မယ်"
ဆိုးလိုက်တာ!! လုံဟန့်ကိုတွေ့မှရန်ကိုလုပ်ပစ်ဦးမယ်။

ဒါပေမယ့်လည်း လောင်ဖူးရန်သူမကိုအပြင်ထွက်ခိုင်းတဲ့အချိန်ကျမှ စဥ္းစားမိတယ်။ သူမက လုံဟန့်ကို ချွေးမလုပ်သူနဲ့ အမေကြားကိုဆွဲသွင်းပြီး ဘာလုပ်ချင်နေတာလဲ? လုံဟန့်ကိုတကယ်ပဲ သူမရဲ့လင်လို့ သတ်မှတ်လိုက်တာလား? အဲ့အတွေးကြီးကကြောက်ဖို့ကောင်းလွန်းလို့ ညစာတောင်မစားနိုင်တော့ဘူး။ ရှောင်ရှီနဲ့တခြားလူတွေကတော့ လောင်ဖူးရန်ဆူလိုက်လို့ မစားနိုင်တာလို့ပဲထင်ကြတာပေါ့။ သူတို့အကုန် မားမားကြီးတွေ ဆူတာတောင်ခံလိုက်ရသေးတယ်။

ပိုင်ရှန်းရှို့ခမျာ တစ်ညလုံးစိတ်ဆင်းရဲနေတာဆိုတော့ မနက်ရောက်တော့ မျက်ကွင်းဟောက်ပက်နဲ့ပဲ အလုပ်တွေကိုစီမံခန့်ခွဲရတယ်။ လောင်ဖူးရန်ကိုတောင် အဲ့ပုံစံနဲ့ နံနက်ခင်းသွားနှုတ်ဆက်ရသေးတာ။ သူမရဲ့ထိခိုက်ထားတဲ့မျက်နှာနဲ့ ဖြူဖျော့နေတာကိုမြင်တော့ ဒီကိုယ်လုပ်တော်လေး အတော်ခံစားလိုက်ရရှာတာပဲလို့တောင် လောင်ဖူးရန်တွေးမိသေး။ အဲ့ဒါကြောင့်လည်း ပိုင်ရှန်းရှို့မျက်နှာအကြောင်းကို စပြောတာပေါ့။
"ဓားပြမ တစ်ယောက်ကလုပ်လိုက်တာဆို။ ထွက်ပြေးဖို့ရာ အတော်ခက်ခဲခဲ့မှာပဲ။ ဟန့်အာက သမားတော်ခေါ်ပေးထားတယ်ပြောတယ်။ ကုပြီးပြီလား?"

ဗီလိန်ဖြစ်ရန် ကြမ္မာဖန် [Book 1]Where stories live. Discover now