(၁၂) ဇာတ်လိုက်မနဲ့ ပြိုင်မိရင် အသေဆိုးနဲ့ သေမှာလား

19.2K 2.3K 59
                                    

Burmese Translation of "Doomed to be Cannon Fodder".
https://www.volarenovels.com/novel/doomed-to-be-cannon-fodder#TableOfContents

(၁၂) ဇာတ်လိုက်မနဲ့ ပြိုင်မိရင် အသေဆိုးနဲ့ သေမှာလား
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

ပိုင်ရှန်းရှို့ မျက်ခုံးကလေးတွေ ကျုံ့လိုက်မိတယ်။ သူမကိုယ်တိုင်ကိုက လူလူချင်းဆက်ဆံရေး သိပ်ကောင်းတဲ့သူ မဟုတ်ဘူး၊ ဒါပေမယ့် သူများတွေကို တမင်တကာ ထိုးနှက်တိုက်ခိုက်တာမျိုးတော့ လုပ်မှာ မဟုတ်ဘူး။ ဒီလိုလူမျိုးဆိုရင် သူ့ရည်ရွယ်ချက်က ဘယ်လိုဖြစ်နေပါစေ၊ လူမုန်းခံရမှာတော့ အမှန်ပဲ။ သူမအကြည့်ကို လွှဲပြောင်းလိုက်တော့ ဇာတ်လိုက်မင်းသားနဲ့ မတော်တဆ အကြည့်ချင်းဆုံသွားမိတယ်။ 'သူ - သူ - သူ ငါ့ဘက်ကို ကြည့်နေတယ်...!'

သူမမှာ ထိတ်လန့်တုန်လှုပ်ရလွန်းလို့ ထိုင်ခုံပေါ်ကနေတောင် ချော်ကျတော့မလို့။ သူမ အမြန်ခေါင်းငုံ့ထားလိုက်ပြီး ကိုယ့်ခြေထောက်ကို ကိုယ် ငုံ့ကြည့်နေလိုက်တော့တယ်။ လောလောဆယ် ဘယ်သူ့ဘယ်သူကိုမှ သူမ လိုက်မကြည့်ဝံ့တော့ဘူး။ နွေဦးနဲ့ နွေဥယျာဉ် သခင်မတွေ လက်ဆောင်ဆက်ပြီးသွားတဲ့အခါမှ သူမ အရံဇာတ်ဆောင်ကို လှမ်းကြည့်ဝံ့တော့တယ်။

သူဟာ ဒီဝတ္ထုရဲ့ ဒုတိယမင်းသားအဖြစ်နဲ့ လိုက်ကို လိုက်လွန်းတယ်။ သူ့ရုပ်ရည်၊ အဆင့်အတန်းမျိုးရိုး၊ ပြီးတော့ အကျင့်စရိုက်၊ အကုန်လုံးကောင်းတယ်။ သူ့အချစ်နက်ရှိုင်းပုံကို သူ ပြသသွားခဲ့တာတွေကို ထည့်မပြောနဲ့ဦး။ ဘာတွေ ဘယ်လိုတွေဖြစ်နေပါစေ၊ သူမသာ သူ သူမကို ခေါ်ထုတ်သွားနိုင်အောင် သိမ်းသွင်းနိုင်မယ်ဆိုရင် ရိုက်အသတ်မခံရမှာတော့ ကျိန်းသေသွားပြီ။ ဒါပေမယ့် သူက သူမလက်ဆောင်ကို သတိထားမိပါမလား။ ဒီလက်ဆောင်နဲ့ ဇာတ်လိုက်မင်းသမီးဆီရောက်နေမယ့် အာရုံအချို့ကို သူမ ဆွဲလုယူလိုက်နိုင်ပါ့မလား။ 

ဇာတ်လိုက်မင်းသမီး ကိုယ်တိုင်တောင် ပေါ်မလာဘဲနဲ့ ဇာတ်လိုက်မင်းသားနဲ့ အရံဇာတ်ကောင်တို့ရဲ့ အတွေးအာရုံကို ဖမ်းစားလိုက်နိုင်တဲ့အကြောင်းကို သူမ တွေးမိတော့ ပိုင်ရှန်းရှို့ အားငယ်သွားမိပြန်တယ်။ ဇာတ်လိုက်မင်းသမီးနဲ့ လိုက်ပြိုင်တဲ့ အရံမင်းသမီးတွေအကုန် အသေဆိုးနဲ့ သေရဖို့ ကံပါလာတယ်ဆိုတာ တကယ်ကြီးလား. . .။

ဗီလိန်ဖြစ်ရန် ကြမ္မာဖန် [Book 1]Where stories live. Discover now