(၇၁) မင်းသားလီ... သူ အဆင်​ပြေရဲ့လား

7K 1K 8
                                    

Burmese Translation of "Doomed to be Cannon Fodder".

Translator - No Coz

(၇၁) မင်းသားလီ... သူ အဆင်​ပြေရဲ့လား
____________________________________

ယွိဆဲ့ ခဏလောက်​တွေးနေလိုက်​ပြီးနောက်​တော့ ပြုံးပြလေတယ်​။ "ကျွန်​မ ရှို့သခင်​မကို ရဟန်းသံဃာတွေနဲ့ ပုထုဇဉ်​လူဝတ်​ကြောင်​တွေ ဘာကွာသလဲလို့ မေးကြည့်​တာ၊ သူက ဒီလို ပြန်​ဖြေတယ်​၊ 'ရဟန်းသံဃာဆိုတာ လူတွေနဲ့ တွေ့တဲ့အခါ လောကီရေးရာ လူ့အကြောင်းကို မပြောကြဘူး၊ ပြီးတော့ လူ့ပြည်​မှာ ရှိနေကြပေမဲ့ လူမူကိစ္စ မတွေးမရှိကြတဲ့ လူသားတွေပဲ ဖြစ်​တယ်​'တဲ့၊ သခင်​လေး ပြောကြည့်... ဒီစကားလုံးတွေက အင်​မတန်​မှ ပြောင်​မြောက်​ မှန်​ကန်​နေတယ်​ မဟုတ်​လား"

စုန့်​ကျောင်းယွဲ့မျက်​ဝန်းတွေ အရောင်​တောက်​ပလာကာ မေးတော့တယ်​။ "ပြီးတော့ရော"

ယွိဆဲ့ ခဏလောက်​ထပ်​စဉ်းစားကြည့်​ပြီး ဆိုတယ်​။ "ရှိသေးတယ်​၊ ရှိသေးတယ်​၊ သူ ဒီကျွန်​မကို ပုံပြင်​တစ်​ပုဒ်​ပြောပြသေးတယ်​"

"ဘယ်​လို ပုံပြင်​လေးလဲ" စုန့်​ကျောင်းယွဲ့ ကုတင်​ပေါ်မှာ ထထိုင်​နေလိုက်​ပြီ။ သူမ ပိုင်​ရှန်းရှို့အကြောင်း ပြောပြနေတာကို ပြုံးပြုံး ပြုံးပြုံးနဲ့ နားထောင်​နေတယ်​။ သူ ပိုင်​ရှန်းရှို့ရဲ့ စိတ်​နေသဘောထားလေးအပေါ်ကို ပိုပြီး ကြွေ ကြွေမိလာပြီ။ ဒီလောကမှာ မိန်းမလှဆိုတာတွေက အများကြီး၊ လှလဲ လှ ထက်​လဲ ထက်​မြက်​တဲ့ မိန်းကလေးကတော့ ရှားတယ်​။ အရည်​အချင်းလဲ ရှိ စိတ်​ဝင်​စားစရာလဲ ကောင်းတဲ့ မိန်းမလှဆိုတာကတော့ ရွှေဖားပြုတ်​လို ရှားမှရှား။

ပိုင်​ရှန်းရှို့ကတော့ အဲ့သလို မိန်းကလေးပဲ။ ဘာလို့ဆို သူမ ယွိဆဲ့နဲ့ ပိုင်​ဟယ်​ကို ပြောပြခဲ့တဲ့ ပုံပြင်​ဟာ 'တောင်​ခြေက မိန်းမတွေဟာ ကျားတွေချည်း'ဆိုတဲ့ ပုံပြင်​ဖြစ်​နေလို့။ ရှေးအခါက တောင်​ပေါ်မှာ သီတင်းသုံးနေထိုင်​တဲ့ ဘုန်းတော်​ကြီးဟာ သူ့တပည့်​ ငယ်​ဖြူရဟန်းငယ်​ကို အမိန့်​ရှိ ဆုံးမတယ်​။ တောင်​ခြေမှာ နေထိုင်​တဲ့ မိန်းမသားတွေဟာ ကျားတွေချည်းပဲ။ အန္တရာယ်​ရှိတယ်​လို့ပေါ့။ ရဟန်းငယ်​ဟာ နားမလည်​နိုင်​ခဲ့ဘူး။ ကျားတွေက ဘာကြောင့်​ နှစ်​လိုဖွယ်​ကောင်းနေရသလဲပေါ့။ ဘုန်းတော်​ကြီးက ဆိုတယ်​၊ ဒီလို နှစ်​လိုဖွယ်​ကောင်းတဲ့ ကျားမျိုးတွေက ကြောက်​စရာ အကောင်းဆုံးဖြစ်​ကြောင်း၊ အဲ့ဒီတော့မှ ရဟန်းငယ်​ တဖြည်းဖြည်းနဲ့ သဘောပေါက်​လာခဲ့တာ. . . အဲ့ကျားတွေထဲက တစ်​ကောင်​ဟာ သူ့နှလုံးသားမှာ ကိန်းအောင်းနေခဲ့ပြီဆိုတာကိုပေါ့။

ဗီလိန်ဖြစ်ရန် ကြမ္မာဖန် [Book 1]Where stories live. Discover now