(၂၆) သွေးပွက်ပွက်ဆူ

17.3K 2.2K 82
                                    


(၂၆) သွေးပွက်ပွက်ဆူ [ReliChal_618]
~~~~~~~~~~~~~~~~~

သေခြင်း၊ရှင်ခြင်းတွေအကြား ကူးလူးနေရတဲ့ စစ်ပွဲတွေ မနည်းမနော တွေ့ကြုံခဲ့ပြီးတဲ့ မင်းသားလီအဖို့ မည်သည့်ကိစ္စကိုမဆို ရေအလျင်လိုတည်ငြိမ်တဲ့ နှလုံးသားထားရှိသင့်တာ မှန်ပေမယ့်
ဒီလိုကိစ္စမျိုးမှာတော့ သူဘယ်လိုမှ မတည်ငြိမ်နိုင်တော့ဘူး။
သူခံစားနေရတာကတော့ ဒီဘုရားကျောင်းနဲ့ ပတ်ပတ်လည်ဝန်းကျင်တစ်ခုလုံးက အိပ်မက်တစ်ခု စိတ်ကူးယဉ်မှုတစ်ခုလို လှပနေသလိုမျိုးခံစားနေရတယ်။

အဲ့သည်အချိန်မှာပဲ စုန့်ကျောင်းယွဲ့လည်း ထိုနည်းတူ အတွင်းကအမျိုးသမီးရဲ့ စကားတွေကြောင့် မင်သက်နေမိရလေတယ်။ ဘယ်အရာကိုမဆို ရှင်းလင်းစွာသိမြင်တတ်တဲ့ အမျိုးသမီးဆိုတာ
အင်မတန့်ကို ရှားပါးလွန်းနေပြီ။ သို့ပေမယ့် သည့်ထပ်ပိုပြီး ရှားပါးတာကတော့ အဲ့သည်လို ခွဲခြားသိမြင်တဲ့ဥာဏ်စကားတွေသုံးလို့
အနာဂတ်အိမ်တော်သခင်မကို လက်ထပ်ထိမ်းမြားဖို့ရာ ဆွဲဆောင်နေတဲ့ ကိုယ်လုပ်တော်အမျိုးသမီးပါပဲ။

ဘယ်သူတွေကများ မင်းသားလီနဲ့ လင်သခင်မလေးရဲ့ လာလတ္တံ့သော ထိမ်းမြားမင်္ဂလာကို မသိသူရှိနိုင်ပါ့မလဲ။

လင်မိသားစုက ဒီထိမ်းမြားမှုကို ဂုဏ်သိက္ခာကိုအရင်းပြုတဲ့ ပေါင်းစည်းမှုတစ်ခုလို ယူဆနေနိုင်တဲ့အချိန် မင်းသားလီရဲ့ စစ်ပွဲအပြန်သတင်းတွေကတော့ သိပ်မကောင်းလှ...။

အထူးသဖြင့် အမျိုးသမီးတွေအပေါ် ကြမ်းတမ်းစွာဆက်ဆံတတ်တဲ့ အပြုအမူမျိုးတွေအတွက်ပေါ့။

အဲ့သည်လို ကောလဟာလသတင်းတွေကြောင့် မူလအစက ဒီမင်္ဂလာကိုမနာလိုမရှုစိမ့်ကြတဲ့ အလွှာအမျိုးမျိုးက သမီးရှင်တွေဟာ ဒီလိုမိစ္စာမကောင်းဆိုးဝါးနဲ့ သူတို့သမီးကညာတွေကို မပေးစားမိတာ တော်လှချည့်ဆိုပြီး စိတ်ပေါ့ပါးကုန်ကြလေတယ်။

စုန့်ကျောင်းယွဲ့အနေနဲ့ကတော့ ဒါတွေဟာ မဟုတ်တမ်းတရား ကောလဟာလတွေဆိုတာ သိနှင့်နေပြီးသား......

သို့ပေမယ့် သည်အမျိုးသမီးရဲ့ စကားတွေအရ သူမရဲ့ကျယ်ပြန့်တဲ့ အတွေးအမြင်တွေဟာ သာမာန်တော့ မဟုတ်ဘူးဆိုတာ ကျောင်းယွဲ့သဘောပေါက်လာမိတယ်။
သူမဟာ တစ်ယောက်ယောက်က သည်ကောလဟာလတင်းတွေကို ရည်ရွယ်ချက်ရှိရှိ ဖြန့်တာပါဆိုပြီးတော့တောင် ထောက်ပြနိုင်လိုက်သေးတယ်။
ကောလဟာလဆိုတာတွေက သာမာန်ထက်မြက်တဲ့ အမျိုးသမီးတွေတောင် ဆင်ခြင်စဉ်းစားမှုတွေ ထားနိုင်တာမျိုးမဟုတ်......။
ပြီးတော့ အဲ့သည်လို မြင့်မြင့်မားမား ဆင်ခြင်နိုင်တဲ့ အမျိုးသမီးဟာ ကိုယ်လုပ်တော်အဆင့် သာသာပဲရှိတယ်။

ဗီလိန်ဖြစ်ရန် ကြမ္မာဖန် [Book 1]Where stories live. Discover now