(၄၂) လက်​​ရေးသင်​ကာ နီးစပ်​လာ

16.6K 2.4K 122
                                    

Translator- Jinne_Grace

သူမ စားတာကိုကြည့်​ပြီးပြုံး​နေတဲ့သားအမိနှစ်​​ယောက်​ကို သူမဘယ်​လိုနားလည်​ရမလဲ။ သူတို့နှစ်​​ယောက်​က​တော့ သူမထမင်း​တွေကို အလုံးလိုက်​မြိုချ​နေတယ်​လို့ ထင်​​နေ​တော့မှာပဲ။ တကယ်​​တော့ သူမက သိပ်​ကိုအရှက်​အ​ကြောက်​ကြီးတဲ့မိန်းက​လေး​လေ။အဲ့ဒီ​တော့ သူမခင်​မျာ အရံဟင်းပွဲ​တွေကို​တောင်​ မနှိုက်​ဝံ့ပဲ ထမင်း​တွေချည်ထိုင်​စား​နေ​တော့တယ်။ ​တော်​ကြာ အ​ကြောက်​လွန်​ပြီး သီး​နေမှဖြင့်​။

ကံဆိုးချင်​​တော့ သူတို့သားအမိနှစ်​​ယောက်​က ဂုဏ်​သိက္ခာကိုထိန်းသိမ်းတဲ့အ​နေနဲ့ စကားများများမ​ပြောကြဘူး​။ဒါ​ပေမယ့်​ သူမကိုပဲလှမ်းလှမ်းကြည့်​​နေကြတယ်​။ ကြည့်​ရတာ အရသာရှိ​နေတယ်​ထင်​ပါရဲ့။

သူမရဲ့ ပုံပန်းသဏ္ဍာန်​က သူမ​ရှေ့က သားအမိနှစ်​​ယောက်​အတွက်​ အရမ်းကြည့်​​ကောင်း​နေလို့လား​တော့မသိ​ပေမယ့်​ စားပြီးသွားတဲ့​အထိက​တော့ ဘာပြဿနာမှမတက်​လိုက်​ဘူး။ဒါ​ပေမယ့်​ သူမ​ဆောင်းဥယျာဉ်​ကိုပြန်​တဲ့အခါမှာ​တော့ ​ရှောင်းမားမားနဲ့ ဖုန်းမားမားကို သူမ​နောက်​ကိုအတင်းအကြပ်​ထည့်​လွှတ်​လိုက်​​လေရဲ့။ သူမရဲ့ ကံကိုပဲ လက်​ခံရင်း စာရင်းစာအုပ်​​တွေကို စပြီးစစ်​လိုက်​​တော့တယ်​။သူမရဲ့ တာဝန်​က​တော့ ရှင်းပါတယ်​။ စာရင်း​တွေကို တာလီပြန်​ချိုးပြီး သံသယဖြစ်​စရာ​ကောင်းတဲ့ ​ငွေ​တွေကိုရှာ​ပေးရုံပဲ။

ခေတ်​သစ်​ကလာတဲ့သူတစ်​​ယောက်​အ​နေနဲ့ ပိုင်​ရှန်းရှို့ရဲ့ ​ငွေစာရင်း​တွေကိုဖတ်​တဲ့နှုန်းနဲ့ တာလီချိုးတဲ့ အမြန်​နှူန်း​တွေက အ​စေခံကြီး​တွေအဖို့ အံ့သြ​လောက်​စရာ​ကောင်း​နေ​တော့တယ်​။အ​ဓိက အထူးအဆန်းဆုံးက​တော့ စာရင်းတွက်​တဲ့​ပေသီး​တွေကို​တောင်​မသုံးပဲ စိတ်​နဲ့တွက်​သွားတာပဲဖြစ်​တယ်​။

ပြီး​တော့ သူမရဲ့တွက်​ချက်​မှူ​တွေက မှန်​ကန်​ရုံတင်​မဟုတ်​ပဲ သံသယဖြစ်​စရာ​ငွေစာရင်း​တွေကိုလည်း လျင်​လျင်​မြန်​မြန်​ပဲရှာ​တွေ့နိုင်​ခဲ့တယ်​။ဒါ့အပြင်​စာရင်းစာအုပ်​သုံးအုပ်​စလုံးကို တစ်​ညတည်းနဲ့ အမှားအယွင်းမရှိပဲ ပြီးစီးခဲ့တယ်​။ချီးကျူးဖို့အ​ကောင်းဆုံးက​တော့ သူမအ​ကောင်းဆုံးလုပ်​​ဆောင်​နိုင်​တယ်​ဆိုပြီး မာန်​မာန​ထောင်​လွှားမှုမရှိတာပဲ။သူမ မသိတဲ့အရာ​တွေကိုလည်း အ​စေခံကြီး​တွေကို ရိုရိုကျိုးကျိုးပဲ​မေးမြန်းတယ်။

ဗီလိန်ဖြစ်ရန် ကြမ္မာဖန် [Book 1]Where stories live. Discover now