(၁၁) မွေးနေ့ ဧည့်ခံပွဲ. . ဧည့်သည်များကို အံ့အားသင့်စေ

18.6K 2.3K 32
                                    

Burmese Translation of "Doomed to be Cannon Fodder".
https://www.volarenovels.com/novel/doomed-to-be-cannon-fodder#TableOfContents

(၁၁) မွေးနေ့ ဧည့်ခံပွဲ. . ဧည့်သည်များကို အံ့အားသင့်စေ
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

ပိုင်ရှန်းရှို့ဟာ ဒီလက်ဆောင်အတွက် စိတ်ရောကိုယ်ပါနစ်မြုပ်ပြီး အားထည့်ထားခဲ့တယ်။ သူမ ပန်းပုထွင်းထု ဆေးခြယ်သုတ်ပြီးထဲအခါမှာ ရှောင်ရှီတောင် အံ့ဩသွားခဲ့ရတယ်။ သူမက မေးတယ်။ "ဒါကို လောင်ဖူးရန်ကို ပေးလိုက်မလို့လားဟင်..."

"ဟုတ်တယ်... ဘယ်လိုနေလဲ..." ပိုင်ရှန်းရှို့ သူမရဲ့ အပြီးသတ်ပြီးသား လက်ရာကလေးကို ကြည့်ရင်း ပိုင်ရှန်းရှို့ သစ်ထွင်းဓားကလေးကို လှလှပပလေး လှည့်နေလိုက်တယ်။ သူမရဲ့ နောက်လက်တစ်ဖက်ကတော့ ခါးထောက်ထားပြီး သူမရဲ့ လက်ရာအပေါ် အလွန် ဂုဏ်ယူဝမ်းမြောက်နေလေရဲ့။

ရှောင်ရှီလည်း ခေါင်းပြုတ်ထွက်တော့မတတ် ခေါင်းညိတ် ထောက်ခံနေမိတယ်။ သူမ သခင်မမှာ ဒီလိုမျိုး အစွမ်းပညာမျိုး ရှိနေတာကို သူမ နှစ်ပေါင်းများစွာ အနီးကပ် ခစားခဲ့တာတောင် ဘာလို့ မသိခဲ့တာပါလိမ့်။ ဒါပေမယ့် ဒီလိုကလည်း ကောင်းတယ်လေ။ ဒီလက်ဆောင်ကို ပေးလိုက်တာနဲ့ လောင်ဖူးရန်ဟာ သူမ သခင်မအပေါ် အမြင်ကြည်လင်သွားမှာ သေချာတယ်။ ပိုင်ရှန်းရှို့လည်း အလွန်ကျေနပ်နေမိပြီး မွေးနေ့ပွဲမှာ ဝတ်မယ့်ဝတ်စုံကို သွားရွေးနေလိုက်တော့တယ်။

သူမ မျက်နှာက မွေးရာပါ နဂိုမူလကတည်းက လှပပြီးသား၊ ဒါ့ကြောင့်လည်း မိတ်ကပ်ခြယ်သထားခြင်းမရှိတာတောင် သူမကို လူတကာက ငေးမောမိရမှာကျိန်းသေတယ်။ ဒါပေမယ့် သူမကတော့ သူမရဲ့ ရုပ်ရည်ကို တတ်နိုင်သမျှ မှေးမှိန်နေစေချင်တယ်။ လောင်ဖူးရန်ကလည်း ချောမောလှပလွန်းတာကို သဘောမကျဘူးဆိုတော့လေ။ သူမ အရံဇာတ်ကောင်ကို စွဲဆောင်ချင်နေပေမယ့်လည်း သူမ အကြံမအောင်သေးခင် ရိုက်သတ်ခံရမှာကိုတော့ မလိုလားဘူးပေါ့။

ဒါ့ကြောင့်လည်း သူမက သိပ်ပြီး ပေါ့ပေါ့ပါးပါးလို့ မထင်ရစေမယ့် အပြာရောင်ဝတ်စုံကို ရွေးလိုက်ပြီး အနီရောင် အပေါ်ထပ် ဝတ်ရုံကို ရွေးလိုက်တယ်။ သိပ်ပြီးတော့လည်း ထင်းမနေစေသလို အရမ်းကြီးလည်း မှေးမှိန်မနေတော့ဘူး။ တကယ်တမ်းလည်း ဒါက မင်္ဂလာရှိတဲ့ နေ့တစ်ပါးမဟုတ်လား။ သူမ လောင်ဖူးရန်ကို လေးစားသောအားဖြင့် တောက်တောက်ပြောင်ပြောင်လေးတော့ ဝတ်ပေးရမှာပေါ့။

ဗီလိန်ဖြစ်ရန် ကြမ္မာဖန် [Book 1]Where stories live. Discover now