(၁၈) ဒုတိယမင်းသားကိုပဲ ဆွဲ​ဆောင်​ဖို့ ကြိုးစားရမှာပဲ

18.7K 2.2K 21
                                    

Burmese Translation of "Doomed to be Cannon Fodder".

(၁၈) ဒုတိယမင်းသားကိုပဲ ဆွဲ​ဆောင်​ဖို့ ကြိုးစားရမှာပဲ (choco_natasha)
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

ဒါ​ပေါ့.. သူမ ဘာမှလုပ်​စရာမရှိ​တော့.. ဒုတိယဇာတ်​လိုက်​က​လေးကိုပဲ ကြိုးကြိုးစားစားဆွဲ​ဆောင်​ရ​တော့မှာ​ပေါ့..။ သူမက ဇာတ်​လိုက်​မင်းသမီးနဲ့ ပြဿနာမရှိဘူးဆိုရင်​​တောင်​မှ သူမ ဒီမှာ​နေရုံနဲ့ ... ​သေတဲ့အထိ အရိုက်​ခံထိနိုင်​တယ်​ မနိုင်​ဘူးဆိုတာ ဘယ်​သူသိမှာလဲ..?

လောင်​ဖူးရန်​က​တော့ သူမရဲ့ မိန်းမဆန်​ဆန်​တုံ့ပြန်​မှုအ​ပေါ် အရမ်း​ကျေနပ်​​နေခဲ့တယ်​။ သူတို့ရဲ့သားကို ဖြူစင်​ပြီး ချစ်​စရာ​ကောင်းတဲ့မိန်းက​လေးနဲ့ လက်​ထပ်​ဖို့ ဘယ်​သူက မလိုချင်​ပဲရှိမှာလဲ..? သူမက အ​စေခံ မားမားယဲ့ဆိုတာကို အလျင်​အမြန်​ပဲ ​ခေါ်ယူလိုက်​တယ်​။ သူမတို့နှစ်​​ယောက်​သားကို အပြန်​အလှန်​ မိတ်​ဆက်​​ပေးပြီးတဲ့​နောက်​မှာ​တော့ သူမ နှစ်​​ယောက်​စလုံးကို ပြန်​ခိုင်းလိုက်​​တော့တယ်​..။

ပိုင်​ရှန်းရှို့က ဒီ​စေခံမားမားက ​လောင်​ဖူးရန်​ရဲ့လူဆိုတာကို သိတယ်​။ အဲ့ဒီ့​တော့.. သူမ ထိုမားမားကို ယဉ်​ယဉ်​​​ကျေး​ကျေးနဲ့ ပျူပျူငှာငှာဆက်​ဆံရမယ်​။ ပိုင်​ရှန်းရှို့က သူမအတွက်​ အခန်းတစ်တစ်​ခု စီစဉ်​​ပေးလိုက်​ပြီး လုပ်​စရာ​တော့ သတ်​မှတ်​မ​ပေးခဲ့ဘူး။ ဒါပေမယ့်​ ဒီယဲ့မားမားက သူမစိတ်​ထဲမှာ သတ်​မှတ်​ထားတဲ့ တာဝန်​နဲ့ လာခဲ့တာ။ သူမရဲ့ တာဝန်​က .. မင်းသားကို အိ​ပ်​ယာထဲမှာ ဘယ်​လို ဆွဲ​ဆောင်​ဖြား​ယောင်းရမယ်​ဆိုတာကို ရှို့သခင်​မ​လေးကို သင်​​ပေးဖို့ဖြစ်​တယ်​။   

အလုပ်ဝင်ဝင်ချင်း ဝန်ထမ်းတွေ မျက်နှာရအောင် အပတ်တကုတ်ကြိုးစားကြသလို သူမလည်း သူမရဲ့ သခင်​မအသစ်​​လေးကို ​ကျေနပ်​​စေချင်​တာ​ကြောင့်​ သူမရဲ့ သင်ခန်းစာကို လက်ငင်းစတင်ပို့ချဖို့ လုပ်တော့တာပဲ။ အနောက်ဆောင်က ကိုယ်လုပ်တော်တွေဆိုတာကလည်း တခြားလုပ်စရာ မယ်မယ်ရရရှိတာမှ မဟုတ်ပါပဲလေ။ သူတို့ရဲ့ တစ်​ခုတည်းက ရည်​ရွယ်​ချက်​က သူတို့နဲ့ အိပ်​ဖို့အတွက်​ အရှင်​သခင်​ကို ​စောင့်​ဆိုင်း​နေရပြီး ရလဒ်​အ​နေနဲ့ သား သမီးတစ်​​ယောက်​​လောက်​ ထွန်းကားလာဖို့ကို ​မျှော်​လင့်​​နေရတာပဲဖြစ်​တယ်​။ ရှို့သခင်​မ​ရဲ့မျက်​နှာလေးကြောင့် ​လောင်​ဖူးရန်က သူမကို ရည်​ရွယ်​ချက်​ရှိရှိ အ​​ထောက်​အကူ​ပေး​နေတယ်​ဆိုတာ သူမအတပ်​​ပြောနိုင်​တယ်​။ ဒါ့​ကြောင့်​ သူမ ​လောင်​ဖူးရန်ကိုမြင်​လိုက်​တာနဲ့ သူမအ​ပေါ် အမြင်​​ကောင်းရှိ​မျှော်​လင့်​ရင်း ပြုံးပြလိုက်​တယ်​။ ဒါပေမယ့်​ သူမအနည်းငယ်​ အံ့အားသင့်​သွားခဲ့တယ်​။ ပိုင်​ရှန်းရှို့ရဲ့အခန်းက ရိုးရှင်း​သော်​လည်းပဲ၊ သူမရဲ့ မူပိုင်အငွေ့အသက်တွေ ကင်းမဲ့နေတာမျိုးတော့ မဟုတ်ဘူး။

ဗီလိန်ဖြစ်ရန် ကြမ္မာဖန် [Book 1]Where stories live. Discover now