(၂၃)မ​မျှော်​လင့်​ပဲ ဆုံးရှုံးရ

17.2K 2.2K 54
                                    

Translator: Jinnie_Grace

အ​နေကဇာတင်​ပွဲက ​နေ့လည်​ပိုင်းမှာစဖို့ စီစဉ်​ထားတယ်​။
အမျိုးသမီး​တွေက​တော့ ပွဲထဲကိုသွားကြမှာမဟုတ်​ဘူး။
ဘာလို့လဲဆို​တော့ အမျိုးသား​တွေအကုန်​လုံးက အဲ့ဒီမှာ
ရှိ​နေမှာမို့လို့ပဲ။အမျိုးသမီး​တွေက​တော့ ဘုရားခန်းထဲမှာပဲ
ကျန်​ခဲ့ပြီး ဗုဒ္ဓကျမ်းစာ​တွေကို ရွတ်​ဆိုကြလိမ့်​မယ်​။
ပြီး​တော့ အဲ့ဒီမှာပဲ သခင်​မကြီးက ​ဇာတ်​လိုက်​မင်းသမီးဖြစ်​တဲ့
လင်​ချန်​ဇီ နဲ့​တွေ့လိမ့်​မယ်​။ဇာတ်​လိုက်​မင်းသမီးက မိန်းက​လေး
အဝတ်​အစား​တွေဝတ်​ထား​တော့ သိပ်​ကိုလှ​နေတယ်​။

သခင်​မကြီးက​တော့ လင်​ချန်​ဇီကို အ​တော်​​လေးသ​ဘောကျ
နေပုံ​ပေါ်တယ်​။သူတို့နှစ်​​ယောက်​ စကားလက်​ဆုံ​တောင်
ကျ​နေကြတယ်​။စာအုပ်​မှာ​တော့ ဒီအပိုင်းနဲ့ပတ်​သတ်​ကြီး
အများကြီး​ဖော်​ပြထားခြင်းမရှိဘူး။ လင်​ချန်းဇီ ဘယ်​အချိန်​မှာ
သူမရဲ့ လက်​ထပ်​ပွဲက​နေ လွတ်​​မြောက်​​အောင်​ကြိုးစားမလဲ
ဆိုတာနဲ့ပဲ စတင်​ထားတယ်​။ပိုင်​ရှန်းရှို့အတွက်​က​တော့
သူမဟာ ​မျှော်​လင့်​မထားတဲ့ ဧည့်သည်​​ဆို​ပေမယ့်​လည်း
အခုထိ ​နောက်​ခံလူသာသာမျှသာရှိ​သေးတယ်​။
သူမရဲ့ အဆင့်​က ဝမ်းကွဲအမကြီး
ယွီ​ရှောင်းရှူထက်​​တောင်
နိမ့်​​နေ​သေးတယ်​။သူမ ရပ်​စရာ​နေရာမရှိ​တော့တဲ့အထိ
ဘေးကိုတဖြည်းဖြည်းတိုးကပ်​လိုက်​တယ်​။
သူမက အရမ်းလှပတာမို့ အခြားသူ​တွေရဲ့ အာရုံစိုက်​မှုကို
မခံချင်​ဘူး​လေ။ ​နောက်​ဆုံး​တော့
သူမရဲ့ ကြိုးစားမှု​အောင်​မြင်​သွားတယ်​။
ဘယ်​သူ့ရဲ့ မနာလိုတဲ့အကြည့်​​တွေနဲ့မှ အကြည့်​မခံရ​တော့ဘူး။

ယွီ​ရှောင်းရှူ က​တော့ ဇာတ်​လိုက်​မင်းသမီး
လင်​ချန်းဇီကို မုန်းတီးတဲ့အကြည့်​​တွေနဲ့ ကြည့်​​နေတယ်​။
ယွီ​ရှောင်းရှူ အကြည့်​​တွေက ဇာတ်​လိုက်​မင်းသမီးကို
အပိုင်းပိုင်းခုတ်​ပြီး ဝါးစား​တော့မယ့်​ အတိုင်းပဲ။
ဒါ​ပေမယ့်​ ဇာတ်​လိုက်​မက​တော့ ပိုင်​ရှန်းရှို့ကို
အဓိပ္ပါယ်​မ​ဖော်​နိုင်​တဲ့ အကြည့်​​တွေနဲ့ ကြည့်​​နေသလို...။

ဗီလိန်ဖြစ်ရန် ကြမ္မာဖန် [Book 1]Where stories live. Discover now