(၁၆၄) လက်ထပ်ဖို့တောင်းဆို...

4.3K 660 7
                                    

Burmese Translation of "Doomed to be Cannon Fodder".

Translator  - ဂွေ့

(၁၆၄) လက်ထပ်ဖို့တောင်းဆို...

သူ့အပေါ်ဒီလိုမှီခိုလာတာမျိုးကို လုံဟန့်တကယ်ပဲ သဘောကျတယ်။ ပျော်နေရင်းနဲ့ပဲ သူမကို အခန်းထဲသယ်သွားလိုက်တာပေါ့။ ဒီညမှာ အရမ်းစိတ်လှုပ်ရှားနေတော့ ပိုင်ရှန်းရှို့တောင် သူ့ရဲ့တက်ကြွနေမှုကြီးကို မထိန်းနိုင်တော့ဘူး။ ဒါပေမယ့်လည်း ဒီလိုပုံစံကိုသဘောကျလို့ သူပြုသမျှပဲ နုနေမိတယ်။  သူမစိတ်ထဲမှာတော့ ပြောနေမိတာပေါ့။ သူက ငါ့အမျိုးသား၊ အဲ့ဒါကြောင့် သူဘာလုပ်လုပ် သင့်လျော်တယ်ဆိုပြီး။

ဒီလိုမျိုး လိုက်လျောနေတဲ့ ပိုင်ရှန်းရှို့ကို အရင်က သူတစ်ခါမှ မမြင်ခဲ့ဖူးဘူး။  အရင်ကဆို သူ နည်းနည်းလေး လှုပ်လိုက်တာနဲ့တောင် နာလို့အော်နေပြီ။ ပြီးတော့ အဆုံးထိ နာလို့ညည်းတဲ့အသံက ပိုများနေတယ်။ ဒါပေမယ့် အခုကျတော့ သူမက သူ့ကိုကြည်ဖြူနေသလိုပဲ။ အဲ့ဒါကပဲ သူ့ကိုစိတ်တွေပိုပြီးလှုပ်ရှားလာစေတော့တယ်။ ပိုပြီးတောင့်တလာတဲ့စိတ်ရိုင်းတွေကြောင့် အကြိမ်နည်းနည်းပိုပြီးဆောင့်နေမိတော့တယ်။

ချစ်ရည်လူးနေတဲ့တစ်လျောက်လုံး ပိုင်ရှန်းရှို့တကယ်သည်းခံလာခဲ့တာပါ။ ဒါပေမယ့် အဆုံးသတ်ကိုရောက်လေ ပိုပြီးပျော်လာလေလို့ သူမခံစားမိလာတယ်။ သူမနဲ့အတူတူ ချစ်ပွဲ၀င်နေတဲ့ လုံဟန့်လည်းထိုနည်းလည်းကောင်းပဲ။ အခုမှ ချစ်ဖူးတဲ့ကောင်ငယ်လေးတစ်ယောက်လို ခံစားနေရတာပေါ့။ အဲ့ဒါကပဲ သူ့မှာရှိသမျှအကုန်ပိုင်ရှန်းရှို့လက်ထဲ ထည့်ချင်စိတ်တွေဖြစ်လာတော့တာပဲ။ သူသိမ်းထားတဲ့ ကိုယ်ပိုင် ပိုက်ဆံတွေက အစပေါ့။ ရလာဒ်အနေနဲ့ကတော့ ပိုင်ရှန်းရှို့တစ်ယောက် ရွှေတောင်ကြီးပိုက်မိသွားတော့တာပဲ။

သူက ပိုင်ရှန်းရှို့ဆီကို ခဏခဏကို ငွေတုံးထောင်ပေါင်းများစွာ ပို့နေတာ။ ဆိုတော့ကား သူပိုက်ဆံအများကြီးသုံးချင်လာတဲ့အချိန်ရောက်ရင် ပိုင်ရှန်းရှို့ဆီက လက်ဖြန့်ပြီးပြန်တောင်းသုံးရတော့မှာ။  ဒါက မော်ဒန်ခေတ်မှာ မိန်းမကိုပိုက်ဆံအပ်တဲ့ပုံစံနဲ့အတူတူပဲ။ မိန်းမတွေ လွှတ်သဘောကျတာပေါ့။  သူမမှာ ဒီလိုမျိုး ယုံကြည်ရပြီး ငွေရှာတော်တ​ဲ့လင်မျိုးရထားတာ ဘယ်လောက်စိတ်ချမ်းသာရလဲဆိုတာကို ပြောစရာကိုမလိုဘူး။  တအားကို​ပျော်လွန်းလို့ ဇာတ်လိုက်မကိုတောင် ကန်ထုတ်ချင်စိတ်ပေါက်နေတယ်။

ဗီလိန်ဖြစ်ရန် ကြမ္မာဖန် [Book 1]Where stories live. Discover now