(၈၁) ခတ္တာဂမုန်း

6.5K 1.1K 48
                                    

Burmese Translation of "Doomed to be Cannon Fodder".

Translator - No Coz

(၈၁) ခတ္တာဂမုန်း
____________________________________

အထူးအခွင့်​အရေးရတယ်ဆိုတာ ကိစ္စကြီးတွေကို စွမ်းဆောင်​နိုင်​လို့ပဲ။ ဒါပေမဲ့ အမျိုးစား အစားစားရှိသေးတယ်။ ဘုရင်​မှာ ဘုရင်​တစ်​ယောက်​ရဲ့ အခွင့်​ထူးရှိသလို၊ အမတ်​လဲ အမတ်​အလျောက်​ အခွင့်​ထူးရတာပဲ။

အဲ့ဒီမှာ ရာထူးမြင့်​တာရော၊ စစ်​မြေပြင်​က အရှိန်​အဝါတွေကြောင့်​ရော နှစ်​ခုပေါင်းပြီး ရှိနေတဲ့ အခွင့်​အာဏာလို အခွင့်​ထူးတစ်​မျိုးလဲ ရှိသေးတယ်။

မင်းသားလီ လုံဟန့်​ဟာဆိုလို့ရှိရင်​ အဲ့သလို လူမျိုးပဲ။ သူကိုယ်​တိုင်​ကိုက စစ်​သူကြီးမျိုးရိုးက ဆင်းသက်​လာတဲ့ မျိုးဂုဏ်​မြင့်​တဲ့ မင်းစိုးမိုးမျိုးပဲ။ နောက်​ပိုင်းမှာ သူ စစ်​တပ်​တွေကို ဦးစီးရတယ်။ စစ်​မြေပြင်​မှာဆိုရင်​ ပြည့်​ရှင်​မင်းရဲ့ အမိန့်​နဲ့ ဘောင်​ခတ်​ခံရစရာမလိုဘူးဆိုတဲ့ အဆိုရှိတယ်။ သက်​ဦးဆံပိုင်​ ဘုရင်​ရဲ့ အမိန့်​ကိုပါ ဥပေက္ခာပြုလို့ရတယ်​ဆိုတော့ သူ ဘယ်​လောက်​တောင်​ သြဇာအာဏာကြီးခဲ့လိမ့်​မလဲ။

အဲ့ဒါကြောင့်​မို့ လုံဟန့်​ရဲ့ အရှိန်​အဝါကို လူတိုင်း ခံနိုင်​ရည်​ရှိကြတာမဟုတ်​ဘူး။

မော်​ဒန်​ခေတ်​သစ်​ကလာတဲ့ ပိုင်ရှန်းရှို့တောင်​မှ လုံဟန့်​ဟာ အသက်​ဘဝဖြစ်​တည်​မှုတွေ အားလုံးကို ခြိမ်းခြောက်​နေသလို ခံစားလိုက်​ရပြီး တစ်​ကိုယ်​လုံး ကြက်​သီးထမိသွားတော့တယ်​။ သူမ လှည့်​မကြည့်​ရသေးတာကြောင့်​ သူ ဘယ်​လို ရုပ်​ဖြစ်​နေမလဲဆိုတာ မသိသေးဘူး။

"အဓိပ္ပါယ်​မရှိတာ၊ ဘာပြောတယ်... အသက်​အရင်​ကယ်​ဖို့က မှားနေတယ်​လို့ ထင်​တာလား၊ ဒါမှမဟုတ်​ ဒါ သက်​သက်​မဲ့ ထောင်​ချောက်​တစ်​ခု ဆင်​နေတာလား"

မင်းသားလီရဲ့ စကားကို ပြန်​ငြင်းရဲတဲ့သူက ရှားတယ်။ စုန့်​ညီအစ်​ကိုတွေလဲ ပါးစပ်​သာ ဟလိုက်​တယ်​။ ဘာစကားမှ ပြန်​မပြောရဲကြတော့ဘူး။ နောက်​ဆုံး လုံဟန့်​ စကားကမှ သူတို့ ပါးစပ်​ကို ပိတ်သွားနိုင်​တာ။ ပြောရဲပြန်​ရင်​လဲ သက်​သက်​ အကွက်​ဆင်​နေတာ ဖြစ်​ပြန်​ဦးမယ်။

ဗီလိန်ဖြစ်ရန် ကြမ္မာဖန် [Book 1]Where stories live. Discover now