(၇) ဟဲ့...! နင်က ဘယ်လို မိစ္ဆာသဘက်မျိုးလဲ...!

19.2K 2.2K 35
                                    

(၇) ဟဲ့...! နင်က ဘယ်လို မိစ္ဆာသဘက်မျိုးလဲ...! [Jas_astra ]

ရှောင်​ရှီ ကန္တာရဆူးပင်​​လေးကို ​ရေသွား​လောင်းပြီး ခဏအကြာမှာပဲ 
ကျေးဇူးတင်​ပါတယ်​ဆိုတဲ့ ​ပျော်ရွှင်​နေတဲ့အသံ​လေးတစ်​သံကို ပိုင်ရှန်းရှို့​​​ ​ကြားလိုက်​ရတယ်

"ရပါတယ်​" သူမအလိုအ​လျောက်​​ဖြေလိုက်​မိပြီးမှ ထိတ်​လန့်​သွားတယ်
ငါဒီထင်​​ယောင်​ထင်​မှားဟာဘယ်​နှစ်​ကြိမ်​ဖြစ်​​နေဦးမှာလဲ ဒါယုတ္တိမရှိဘူး!

"ရှို့သခင်​မ ဘာ​ပြောမလို့လဲဟင်​"

ရှောင်​ရှီ ခုန​လေးကတင်​အိပ်​ရာ​ပေါ်လဲနေတဲ့ အတွင်းခံအင်္ကျီေ​​လးနဲ့သခင်​မက ရုတ်​တရက်​အိပ်​ရာ​ပေါ်က​နေခုန်​ထွက်​လာပြီး ကန္တာရဆူးပင်​ကို​ဒေါသတကြီးစိုက်​ကြည့်​​နေတာ​တွေ့လိုက်​ရတယ်

စိုက်​ကြည့်​​နေရင်းနဲ့ သူရုတ်​တရက်​​မေးမြန်းလိုက်​တယ်
"ဟဲ့...!နင်​ကဘယ်​လိုမိစ္ဆာသဘက်​မျိုးလဲ...!"

ရှောင်​ရှီခမျာ စွံ့အသွားပြီး မှင်​တက်​​နေ​တော့တယ်
သူအိမ်​​ရှေ့​ပြေးထွက်​ပြီး အကျယ်​ကြီး​အော်​ပြောလိုက်​တယ်
"တစ်​​ယောက်​​ယောက်​ မြန်​မြန်​လာကြ...!
ဆေးဝန်းထဲကသမား​တော်​ကိုသွား​ခေါ်​ပေးကြပါ...!
ရှို့သခင်​မ....ရှို့သခင်မ ​မူမမှန်​တော့ဘူး​​!"

ပိုင်​ရှုန်းရှို့​မှာ ​ခေါင်းကိုက်​​နေတာပဲ ဖြစ်​​နေတာ
ဘယ်​လိုလုပ်​ငါမူမှန်​တာဖြစ်​ရမှာလဲ
ငါ​နေ​ကောင်းပါတယ်​ဟဲ့!

"ကျ​နော်​က မိစ္ဆာမဟုတ်​ပါဘူး
ကျ​နော်က​ကန္တာရဆူးပင်​​လေးပါ​နော် ​​နာမည်​က​ဟော်အာတဲ့" ခပ်​တိုးတိုးအသံ​လေးထွက်​လာတယ်
ပိုင်​ရှန်းရှို့လည်း​ကြောက်​လန့်​ပြီး​ ​နောက်​ဆုတ်​မိလိုက်​တယ်​ အခု​တော့သူမနဲ့ပတ်​သတ်​ပြီးတစ်​ခုခုမူမမှန်​ဘူးဆိုတာယုံကြည်​သွားပြီ မဟုတ်​ရင်​ ဘယ်​လိုလုပ်​ ကန္တာရဆူးပင်​ကသူ့ကိုလာစကား​ပြောမှာလဲ

"နင်​...နင်​...နင်​တကယ်​မရှိနိုင်ဘူး ငါသမား​တော်​ပြသင့်​​နေပြီ" သူမအိပ်​ရာ​ပေါ်ပြန်​တက်​လိုက်​ပြီး ငြိမ်​ငြိမ်​​လေးပြန်​လှဲ​နေလိုက်​တယ်​ သမား​တော်​လာဖို့​စောင့်​​နေရင်း ​ခြေ​ထောက်​​တွေကိုဖြဲကားဆန့်​တန်း​လိုက်​တယ်​ ဒါ​ပေမဲ့ ဣ​နြေ္ဒမရှိတဲ့ပုံနည်းနည်း​ပေါ်​နေလို့ ​စောင်​ခြုံလိုက်​တယ်

ဗီလိန်ဖြစ်ရန် ကြမ္မာဖန် [Book 1]Where stories live. Discover now