Translator : Jinnie_Grace
သူမ ဘာလုပ်ရမလဲ...
လေပြေတွေနဲ့ အတူသယ်ဆောင်လာတဲ့ အသားပေါက်စီနံ့မွှေးမွှေးလေးက သူမရဲ့စိတ်အစဉ်ကိုဆွဲဆောင်နေတယ်။ ဘာမှမရှိသေးတဲ့ အစာအိမ်ကနေ သံစုံတီးဝိုင်းထွက်နေပြီဆိုတာကို သူမခံစားလိုက်မိတယ်။ ဒါပေမယ့် သူမရှေ့မှာ ယောကျာ်းဆန်တဲ့ ခန့်ခန့်ညားညားအမျိုးသားတစ်ယောက်ကလည်း ထိုင်နေသေးတယ်။ အကယ်၍ သူမသာ လက်ကိုသုံးပြီး စားလိုက်မယ်ဆိုရင် မသင့်တော်ရာများကျသွားမလား...? ပြီးတော့ သူ့မရှေ့ကလူက မင်းသားတစ်ပါးလေ။ တစ်ချိန်ကျရင် သူမကိုဘယ်လိုသတ်ပစ်ရမလဲဆိုပြီး နည်းမျိုးစုံထုတ်နေတဲ့ မင်းသား။ ဒါပေမယ့် သူမ ဒါကိုမစားဘူးဆိုရင်လည်း သူက ဒီမနက်စာထဲမှာ အဆိပ်ခပ်ထားတယ်ထင်လို့ မစားတာဆိုပြီး တွေးမိသွားနိုင်တယ်။
ဒါဆို. . .နောက်ဖြစ်လာမယ့် အကျိုးဆက်တွေကို တွေးမိရုံနဲ့တင်
သူမ သေမလောက်ကြောက်နေမိပြီ။အခုသေမလား နောက်မှသေမလား ဆိုပြီး ရွေးချယ်ရမယ်ဆိုရင်တော့ သေချာပေါက် နောက်မှပဲသေမယ်။ ကံကောင်းရင် သေခြင်းကိုတောင်ရှောင်လွှဲနိုင်လောက်တယ်။ပိုင်ရှန်းရှို့ အံကိုတင်းတင်းကြိတ်လိုက်တယ်။ပြီးတော့
ပေါက်စီတစ်ခုကို လက်နဲ့လှမ်းယူလိုက်ပြီး တစ်ကိုက် ကိုက်ကြည့်လိုက်တော့တယ်။ တကယ်တမ်းကျ လုံဟန့်က ရှုအာ ကို တူတစ်စုံ ရှာခိုင်းထားပြီးသား။ ရှူအာကလည်း လုံဟန့်မပြောခင်ကတည်းက တူ လိုက်ရှာနေခဲ့တာ။
ဒါပေမယ့် သူတို့နှစ်ယောက်လုံး ဘာမှတောင်မလုပ်ရသေးခင် သခင်မရှို့က အသားကင်တစ်ခုကို လက်နဲ့ကိုင်ပြီး
ပါးစပ်ထဲသွင်းလိုက်တာကို သူတို့တွေမြင်လိုက်ကြရတော့တယ်။ရှုအာ ရဲ့ မေးရိုးဆိုရင် အောက်ကိုပြုတ်ကျသွားတော့မတတ်ပဲ။ ရှောင်ရှီကတော့ ဒူးထောက်လျက်ထိုင်နေရာကနေ ခေါင်းကို မော့မလာရဲတော့ဘူး။
ပိုင်ရှန်းရှို့လည်း ပထမဆုံး စကိုက်လိုက်တုန်းက အနည်းငယ်ကြောက်ရွံ့နေပေမယ့် သူမ ပေါက်စီကို တစ်ကိုက်
စားမိလိုက်တဲ့အချိန်မှာပဲ ထူးကဲတဲ့အရသာကိုခံစားလိုက်ရတယ်။ ဟောဒီရှေးခေတ်က ပေါက်စီအရသာက သူမတို့ မော်ဒန်ခေတ်သစ်က လူတွေလုပ်တဲ့ အသားပေါက်စီနဲ့
သိပ်ကိုကွာတာပဲ။ဒါမျိုးအရသာမျိုး သူမတစ်ခါမှ မစားဖူးခဲ့ဘူး။ဒါပေမယ့် သူမ အရင်ကစားခဲ့တဲ့ အသားကင်တွေရဲ့ အရသာနဲ့ အခုစားနေရတဲ့ အရသာက လားလားမျှကို မသက်ဆိုင်တော့ဘူး။
YOU ARE READING
ဗီလိန်ဖြစ်ရန် ကြမ္မာဖန် [Book 1]
Historical Fictionဘာသာပြန်ဝတ္ထုပါ။ [Zawgyi + Unicode] ___ အမျိုးသမီးဇာတ်ရံအဖြစ် သူမ ဝတ္ထုတစ်အုပ်ထဲ ရောက်သွားခဲ့တယ်။ အဓိကဇာတ်လိုက်မင်းသားကို တစ်ဖက်သတ်စွဲမက်နေခဲ့တဲ့ ဇာတ်ကောင်ပေါ့။ သူမမှာ သူ့လက်ကိုတောင် ဆုပ်ကိုင်ခွင့်မရလိုက်ဘဲ အရှင်လတ်လတ်ရိုက်သတ်ခံရမယ့် ကြမ္မာရှိနေတယ်လား...