(၃၇) နာကျင်မှုကို ကျင့်​သားရလာပြီလား

16.9K 2.3K 43
                                    

Burmese Translation of "Doomed to be Cannon Fodder".
https://www.volarenovels.com/novel/doomed-to-be-cannon-fodder#TableOfContents

(၃၇) နာကျင်မှုကို ကျင့်​သားရလာပြီလား (Relichal_618)
~~~~~~~~~~~~~~~~~~~~~~~~~~

လုံဟန့် ပိုင်ရှန်းရှို့အခန်းထဲကို အလျင်စလိုဝင်လာတော့ သူမက မျက်မှောင်ကြုံ့လျက်အနေအထားနဲ့ လှဲနေပြီး နဖူးမှာလည်း ချွေးတွေ စိုလို့...။

'နာတယ်... အရမ်းနာနေတယ်​...!'

သူမအနားကို ချဉ်းကပ်လာတဲ့ အရိပ်တစ်ခုကို မြင်လိုက်ရတဲ့နောက် ပိုင်​ရှန်းရှို့အံကြိတ်ထားမိလိုက်တယ်။ သူမ ခေါင်းထူကြည့်​လိုက်​မိတဲ့အခါမှာ ရောက်​လာသူက လုံဟန့်ဖြစ်နေတာကို သိလိုက်​ရရော။ ဒီလိုဆိုတော့ သူမ အနည်းငယ် စိတ်ရှုပ်ထွေးသလို ခံစားလိုက်ရပြန်​တယ်။ အခုက အိပ်မက်လေလားလို့တောင်​ သူမ မဝေခွဲတတ်​တော့ဘူး။ သူမ သေသွားတာ မဟုတ်​ရင်​တောင်​မှ သေရွာကပြန်လာသလား မှတ်​ရတယ်​။ ... ဒါပေမယ့်​ သူမ နားမလည်​နိုင်​ဆုံးက သူမဟမျက်စိရှေ့မှာရှိနေတဲ့ သူက ဒုတိယဇာတ်လိုက် မဟုတ်ပဲ ဇာတ်လိုက်မင်းသား ဖြစ်​နေရတာကိုပဲ။

"အ... အရမ်းနာနေတာလား...?"

လုံဟန့် ရှိုးတိုးရှန့်​တန့်​နိုင်စွာ မေးမြန်းမိလိုက်တယ်။ သူ့နှလုံးသားထဲမှာတော့ သူမရဲ့ အခုလိုပုံရိပ်ကြောင့် စိုးရိမ်​သောကတွေ ဝေနေရပေမယ့်​လည်း ဒီ ဝေဒနာတွေကို သူမကိုယ်​စား သူ ခံစားပေးလို့ မရတာ ခက်​တယ်​။

"နာတယ်"

ပိုင်ရှန်းရှို့မှာ နာလွန်းလို့ငိုမိတော့မတတ်။ သူမမှာ ခါတိုင်းလို လုံဟန့်​ကို ကြောက်​အားလန့်​အား ရှောင်​ဖို့တောင်​ အားမထုတ်နိုင်​တော့ဘူး။ သူမအနားမှာ ရှိနေတဲ့သူ ဘယ်​သူပဲ ဖြစ်​နေ ဖြစ်​နေ၊ အဲ့ဒီလူကို မှီခိုပြီး ကလေးငယ်​လေးလို အလိုလိုက်​ခံရ၊ ဆိုးနွဲ့နွံတာချင်​မိတယ်​။ အဲ့သလို နေရမှ သူမ စိတ်​ထဲ နည်းနည်းတော့ သက်​သာရာရမယ်​ ထင်​တာပဲ။

"မင်းနာနေမယ်ဆိုတာ. . . သိပါတယ်... သည်းခံ~"

လုံဟန့်တစ်​ယောက်​ သူမကို ဘယ်​လို လုပ်​ပေးရမယ်​မှန်းလည်း မသိတော့။ အဲ့ဒါနဲ့ သူ ကုတင်ပေါ်တက်​ထိုင်​လိုက်​ပြီး သူမ လက်ကလေးကို ဆုပ်ကိုင်ထားပေးလိုက်တယ်​။ မမျှော်လင့်ဘဲ သူ လက်​ကမ်းပေးလိုက်​တယ်​ဆိုတာနဲ့ ပိုင်ရှန်းရှို့က နာကျင်​မှုကြောင့်​ သူ့လက်​ကို တင်းတင်းကြပ်​ကြပ်​ ချက်​ချင်း ပြန်​ဆုပ်​လာတယ်​။ အဲ့သလို သေလုမတတ် ဆုပ်ကိုင်ထားလိုက်​ရင်​ပဲ သူမရဲ့ ဝေဒနာတွေ ပျောက်​သွားတော့မယ့်​ အတိုင်းပဲ။ လုံဟန့်​ မလှုပ်​မယှက်​နေရင်း သူမကို ဆက်​ကိုင်​ခွင့်​ ပြုထားလိုက်​တယ်​။ အမှန်တိုင်း ပြောရရင်​ သူမ အခု အရမ်းကြီး လှပနေနိုင်​တာ မဟုတ်​ဘူး။ ဖြူ ဖျော့ပြီး အားနည်းနေတဲ့ အသွင်​ကလေးနဲ့။ ဒီလိုဖြစ်​နေပုံက သူ့နှလုံးသား အနူးညံ့ဆုံးတစ်နေရာကို ရိုက်​ခတ်​လို့နေတယ်​။

ဗီလိန်ဖြစ်ရန် ကြမ္မာဖန် [Book 1]Where stories live. Discover now