(၁၆) မျက်တောင်မခတ်ပဲလူသတ်ခြင်း

19.4K 2.5K 72
                                    

Burmese Translation of "Doomed to be Cannon Fodder".

(၁၆) မျက်တောင်မခတ်ပဲလူသတ်ခြင်း
(Translator - @Hninhtetwai0001)
~~~~~~~~~~~~~~~~~~~~~~~~~~~~~

ဇာတ်လိုက်မင်းသားလွတ်ပေးလိုက်တဲ့ အမျိုးသမီးက
လင်ချန်းဇီပဲဖြစ်ပြီး သူမဟာ အခုချိန်မှာတော့
မင်းသားလီရဲ့ ရဲမက်တွေ လိုက်ဖမ်းတာက လွတ်အောင် မနည်းတိမ်းရှောင်လိုက်ရတယ်။ ဒါပေမယ့် သူမ မင်းသားလီ အိမ်တော်ဝန်းထဲကနေ ဘယ်လိုလွတ်အောင် လုပ်ရမလဲဆိုတာတော့ သေချာစီစဉ်ထားတာကြောင့် ရေကန်ထဲက ထွက်လာပြီးနောက်မှာ သူမ စီစဉ်ထားခဲ့တဲ့ သစ်သားတဲလေး ထဲကိုဝင်ပြီး မိန်းကလေးလို လဲဝတ်လိုက်တယ်။

သူမ မိန်းကလေးပုံစံ ပြောင်းပြီးသွားတော့ ရဲမက်တွေလည်း မျက်ခြေပြတ်ပြီး ယောင်လည်လည်ဖြစ်ကုန်ကြရော။ အကုန်လုံးက စီစဉ်ထားတဲ့အတိုင်းဖြစ်နေပေမယ့် အဲဒီ့အစား သူမကတော့ စိတ်ဓာတ်ကျနေမိတယ်။ အဲ့ဒီ့ သူမရဲ့ခင်ပွန်းလောင်းဆိုတဲ့သူက အရမ်းမရက်စက်လွန်းဘူးလား။ သူက မိန်းကလေးတစ်ယောက်ကို မသေမချင်း ရိုက်သတ်ဖို့အမိန့်ပေးခဲ့တာ။ သူဟာ ချောမောခန့်ညားစွာ မွေးဖွားလာတယ်ဆိုပေမယ့်လည်း သူက သူ မလုပ်ခဲ့သလို ဟန်ဆောင်နေတယ်။ အဲ့ဒါက သူမကို ပိုပြီးကြောက်ရွံ့စေတယ်။ ပြီးတော့ သူမနဲ့ စကားပြောနေခဲ့တဲ့ အဲ့ဒီအမျိုးသမီးကလည်း သူ့ကိုယ်လုပ်တော်ပဲဖြစ်ရမယ်။ သူ့ကိုယ်လုပ်တော်က အာ့လောက်လှရက်လိမ့်မယ်လို့ သူမ မထင်ခဲ့မိဘူး။ အာ့လိုလှနေတဲ့ ကိုယ်လုပ်တော်မျိုးနဲ့ဆိုရင် လက်ထပ်ပြီးရင် သူ သူမကို လှည့်တောင်ကြည့်ပါ့မလား။ သေချာပေါက် လှည့်ကြည့်မှာ မဟုတ်ဘူးထင်တယ်။ သူမ မိန်းကလေးပုံစံ နဲ့ ရုပ်ဖျက်ပြီးနောက်တော့ အိမ်ပြန်လာခဲ့တယ်။

သူမရဲ့ခြံဝန်းထဲကို ဝင်တော့မယ့်အချိန်မှာ နှင်းလို ဖြူဖွေးနေတဲ့ပုံရိပ်တစ်ခုကို တွေ့လိုက်ရတယ်။ သူမလန့်သွားပြီး လှည့်ပြေးဖို့လုပ်လိုက်တော့ အဲ့ဒီ့အရာကပြောတယ်။ "ဝမ်းကွဲညီမ အခုထိ ပြေးဦးမလို့လား..."

"အာ ဝမ်းကွဲအကို အဲ့ဒါ ညီမမှန်း ဘယ်လိုလုပ် သိတာလဲ..." လင်ချင်းဇီ ပြန်လှည့်လာပြီး သူမ မျက်နှာမှာ ရှက်ကိုးရှက်ကန်း အပြုံးလေးပေါ်လာတယ်။

ဗီလိန်ဖြစ်ရန် ကြမ္မာဖန် [Book 1]Where stories live. Discover now