(၁၀) သစ်မြစ်ပန်းပု လက်ဆောင်မွန်

19.6K 2.3K 60
                                    

Burmese Translation of "Doomed to be Cannon Fodder".
https://www.volarenovels.com/novel/doomed-to-be-cannon-fodder#TableOfContents

(၁၀) သစ်မြစ်ပန်းပု လက်ဆောင်မွန် (No_Coz)
~~~~~~~~~~~~~~~~~~~~~~~~~~~~~~

တကယ်တော့ ပိုင်ရှန်းရှို့က ခဏပဲ မေ့လဲသွားတာ။ သူမ သတိရလာတော့ အဲ့ဒီ့လူက သူမ အပေါ်ကနေ အုပ်မိုးထားပြီး သူမကို စူးစူးစိုက်စိုက်ကြည့်နေတယ်။ သူမ မျက်လုံးတွေ ဆက်ပိတ်ထားတာတောင်မှ သူ့အကြည့်ကို သတိထားမိတယ်။ ယောက်ျားပီသတဲ့ သူ့ကိုယ်သင်းနံ့ကလည်း သူမ နှလုံးကို အခုန်ရပ်သွားစေသလိုပဲ။ သူမမှာ ကြောက်ရလွန်းလို့ လှုပ်တောင် မလှုပ်ရဲခဲ့။ ဇာတ်လိုက်မင်းသား ဘာတွေ လုပ်ချင်နေတာမှန်းလဲ သူမ နားမလည်တော့ဘူး။ ဒါကြီးက ဇာတ်ကြောင်းနဲ့ လုံးဝကြီး လွဲနေတယ်ရော်...!

ဇာတ်လမ်းထဲမှာဆို ဇာတ်လိုက်မင်းသားက ဇာတ်လိုက်မင်းသမီးကို မတွေ့ခင်အထိ သူ့ကိုယ်လုပ်တော်တွေနဲ့ မပါတ်သက်ခဲ့ဘူး။ ဝတ္ထုစာအုပ်ထဲမှာ အဲ့သလိုပြောထားမှတော့ သူမက ဘယ်လိုလုပ် သူ့ကိုယ်အောက်ရောက်သွားရတာတုန်း။ သိပ်တော့မကြာလိုက်ပါဘူး၊ သူမကိုယ်ပေါ်က အလေးချိန်က ပေါ့ပါးလျော့နည်းသွားတယ်။ အဲ့ဒီ့လူ ထထွက်သွားပုံပဲ။ သူမလည်း အောင့်ထားတဲ့အသက်ကို ရှူထုတ်ပြီး သက်ပြင်းရှည်ရှည်ချလိုက်တော့တယ်။ "အိုင်းယား...! သူ ငါ့ကို လန့်သေအောင် ခြောက်နေတာလား... ဇာတ်လိုက်မင်းသား ဆေးကြောင်နေတာတော့ မဟုတ်ပါဘူးနော်...!"

သူမနဖူးပေါ်က ချွေးစေးတွေကို သုတ်ပစ်လိုက်တယ်။ ထင်တဲ့အတိုင်းပဲ ဒီနေရာကြီးမှာ ကြောက်စရာအကောင်းဆုံးလူက ဇာတ်လိုက်မင်းသားပဲ။ သူမ အရံဇာတ်ကောင်ကို ဆက်လိုက်ရာမှာ နှစ်ဆကြိုးစားဖို့ အသေအချာဆုံးဖြတ်လိုက်တော့တယ်။ ဒါပေမယ့် အခုတလော သူမ အသည်းအသန် မနားမနေတွေ ကြိုးပမ်းထားတာကြောင့်လည်း သွေးတွင်း အချိုဓာတ်ကျဆင်းနေခဲ့တာ။ ဒါ့ကြောင့်မို့ သူမ မကြာမကြာ သတိလစ်လဲကျနေတာများလား။ သူမ ထိုင်ငိုင်တွေးတောနေတုန်း ရှောင်ရှီ သမားတော်နဲ့အတူ ဝင်လာတယ်။

မင်းသားလည်း ပြန်သွားပြီဆိုတာကို ရှောင်ရှီသိလိုက်ရတော့ အလိုလို စိတ်သက်ရာရပြီး သက်ပြင်းချလိုက်မိတယ်။ ဒီလိုပြုမူတော့ သူမကိုယ်ကို အပြစ်တင်မိပြန်တော့တယ်။ မင်းသား ဒီမှာ မရှိတော့တာကို သူမက စိတ်ပျက်ဝမ်းနည်းဖြစ်နေရမှာလေ။ သူမ သခင်မက မင်းသားရဲ့ ကိုယ်လုပ်တော်ပဲ၊ မင်းသားသာ သူမကို မြတ်နိုးသွားမယ်ဆိုရင် ဒါ သူမသခင်မအတွက် ကံကောင်းခြင်းတစ်ရပ်ပဲပေါ့။

ဗီလိန်ဖြစ်ရန် ကြမ္မာဖန် [Book 1]Where stories live. Discover now