(၄၅) သူမ ခံစားချက်​ကို ထုတ်​ဖော်​ပြသ

15.9K 2.1K 89
                                    

Burmese Translation of "Doomed to be Cannon Fodder".
https://www.volarenovels.com/novel/doomed-to-be-cannon-fodder#TableOfContents

(၄၅) သူမ ခံစားချက်​ကို ထုတ်​ဖော်​ပြသ ( Jinnie_Grace)
~~~~~~~~~~~~~~~~~~~~~~~~~~~~~~

စုန့်​ကျောင်းယွဲ့ အသက်​ခပ်​ပြင်းပြင်းရှူ လိုက်​ပြီး သူ့မျက်​နှာထားကို ပုံမှန်​ဖြစ်​အောင်​ ထိန်းထားလိုက်​နိုင်​တယ်​။ ဒါပေမယ့်​ သူ့မျက်​နှာထားက နည်းနည်းတော့ အိုးတိုးအန်းတန်းဖြစ်​နေပြီး သူ ချောင်းအသာဟန့်​လိုက်​ကာ ကြိုးစား ပြောရှာတယ်​။ "တလောက ဘွဲ့မည်​ထင်​ရှားတဲ့ မယ်​သူတော်​တစ်​ပါး ကျတော်​တို့အိမ်​တော်​ကို လာတော့ သက်​သတ်​လွတ်​ဟင်းလျာတစ်​ချို့ ချက်​တာ... သူက တောက်​ရသေ့ကျောင်းတစ်​ခုမှာ ငယ်​ငယ်​လေးကတည်းက သက်​သတ်​လွတ်​ဟင်းပွဲတွေ ချက်​ခဲ့တာဆိုပဲ... အမေက မြည်းစမ်းကြည့်​ပြီးတဲ့အခါမှာ မင်းရဲ့ လက်​ရာလောက်​ မကောင်းဘူးလို့ ပြောလိုက်​တယ်​... အဲ့ဒီမှာ မယ်​သူတော်​က လက်​မခံနိုင်​တွေ ဖြစ်​တာနဲ့ မင်းက ဒီဟင်းပွဲကို ဘယ်​လိုချက်​သလဲဆိုတာ သူ သိပါရစေလို့ တောင်းဆိုလာတယ်..."
"အို ဟုတ်​လား ဘယ်​ဟင်းပွဲများပါလိမ့်​?"
ပိုင်​ရှန်းရှို့က​တော့ ဒါကြီးက အရမ်းအပိုလုပ်​လွန်းတယ်​လို့ခံစား​နေရတယ်​။ဘာလို့များ သခင်​မစုန့်​က မယ်သူ​တော်​ ​တစ်​ပါးကို ဟင်းချက်​ဖို့ သူမအိမ်​​တော်​ဆီဖိတ်​ရတာလဲ။ဒါ​ပေမယ့်​ သူမ စုန်း​ကျောင်းယွဲ့ရဲ့ အမူအရာကိုကြည့်​လိုက်​မိတဲ့အချိန်​မှာ​တော့ သူမ အရိပ်​အကဲတစ်ခု​ကိုဖမ်းမိသွားသလိုပဲ။ကြည့်​ရတာ သခင်​မစုန့်​က သူမရဲ့လက်​ရာဟင်းကိုပဲစားချင်​​နေတယ်​နဲ့တူပါတယ်​။

စုန့်​​ကျောင်းယွဲ့က​တော့ တစ်​ချက်​ရီလိုက်​ပြီး ချက်​ချင်းပဲ စာရွက်​တစ်​ရွက်​ကို​ရှောင်​ရှီက​နေတစ်​ဆင့်​ ပိုင်​ရှန်းရှို့ဆီကို ကမ်း​ပေးလိုက်​တယ်​။

ပိုင်​ရှန်းရှို့ ဖွင့်​ကြည့်​လိုက်​​တော့ သူမ ဒီတစ်​ခါပြင်​ဆင်​​ပေးရမယ့်​ ဟင်းပွဲနာမည်​​တွေဖြစ်​​နေတယ်​။အောက်​ဖက်​မှာ​တော့ သူတို့ကိုဘယ်​လိုချက်​ပြုတ်​ပြင်​ဆင်​​ပေးရမလဲဆိုတဲ့နည်းလမ်း​တွေ​ရေးထားတယ်​။ဒါ​ပေမယ့်​ အဲ့ဒါ​တွေက သူမချက်​မယ့်​နည်းနဲ့ မတူဘူးဖြစ်​​နေတယ်​။

ဗီလိန်ဖြစ်ရန် ကြမ္မာဖန် [Book 1]Kde žijí příběhy. Začni objevovat