(၆၀) ပြဿနာအဖြေရှာ၊ ဂုဏ်ရှိန်တည်ဆောက် ၊သင်ကြားပြသပေး

7.2K 1.2K 30
                                    

Burmese Translation of "Doomed to be Cannon Fodder".
https://www.volarenovels.com/novel/doomed-to-be-cannon-fodder

(၆၀) ပြဿနာအဖြေရှာ၊ ဂုဏ်ရှိန်တည်ဆောက် ၊သင်ကြားပြသပေး
~~~~~~~~~~~~~~~~~~~~~~~~~

ဟင်း....လူယုတ်မာကောင်ရယ်...ကိုယ့်မိသားစုကိုပြိုကွဲအောင်လုပ်တာ ကိုယ်တိုင်ပဲမလား? အသက်၅၀အရွယ်ကြီးမှာတောင် မယားငယ်ကို အိမ်ပေါ်ခေါ်တင်မလာရင် ရှင့်မိန်းမကရော သေချင်တယ်ခံစားစရာလိုပါတော့မလား? အဲ့ဒါကြောင့်လည်း ရှင့်သားတွေက ရှင့်ကိုမရိုသေကြတော့တာပေါ့။

ဘာပဲဖြစ်ဖြစ်ပါ။ ပိုင်ရှန်းရှို့ကတော့ ပါးပါးနပ်နပ်ပဲ စိတ်ထဲကအဲ့ဒီစကားတွေကိုအပြင်ထုတ်မပြောလိုက်ဘူး။ သူမက ရိုးရိုးရှင်းရှင်းနဲ့ပဲ
"သူဌေးလျို.....ကျွန်မရှင့်အိမ်က ပြဿနာတွေကို သိပြီးပါပြီ။ ဒါပေမယ့် အိမ်တော်ထဲကို လူသတ်သမားလို့အော်ပြီး၀င်လာတာကတော့ ဘယ်လိုအပြုအမူမျိုးလဲ? တကယ်ဆို အိမ်မှာ စျာပနကိစ္စစီစဥ္နေသင့်တာ မဟုတ်ဘူးလား?"

တစ်ယောက်က ပိုင်ရှန်းရှို့ဆီကို ပန်းထိုးထိုင်ခုံတစ်ခုယူလာပေးတာမို့ ကျော့ရှင်းစွာနဲ့ပဲ ခုံပေါ်ကိုသူမထိုင်ချလိုက်တော့တယ်။ အိမ်တော်ရဲ့မိသားစု၀င်တွေက သခင်မရှို့ရဲ့ အတွေးရှုထောင့်ကိုမြင်ရတာ ဒါပထမဆုံးပဲ။ လူတိုင်းလည်းဒီလိုပဲတွေးကြတယ်။ဘယ်လောက်တောင် လူသားဆန်လိုက်သလဲ။ သူမက တကယ့်ကိုမိုးပေါ်ကကျလာတဲ့နတ်သမီးလေး! မင်းသားက သူ့ကိုမြတ်နိုးတာ အံ့သြစရာမရှိတော့ဘူး။ ဘယ်လိုယောကျာ်းမျိုးက ဒီလိုလှပနူးညံ့ပြီးထက်မြက်တဲ့မိန်းကလေးကို မကြိုက်ပဲနေနိုင်ပါလိမ့်မလဲ?

သခင်မတွေကတော့ ခေါင်းကိုစပြီးခါနေမိပြီ။ ပထမသခင်မ စကားစ​ပြောဖို့ပါးစပ်ကိုဟနေပြီကိုး။

ပထမသခင်မက ခုနတုန်းက ကြောက်လန့်စရာအနေအထားကို ကြုံခဲ့ရတယ်ဆိုပေမယ့် အခုတော့ သူမဖက်ကလူတစ်ယောက်ရောက်လာပြီဆိုတော့ စကားပြောဖို့အားမွေးလိုက်တော့တာပေါ့။
"ဒီလူရိုင်းက သူ့မိန်းမကို စိတ်တိုပြီးသေအောင်လုပ်ပြီးမှ ငါ့ကိုဓားတစ်၀င့်၀င့်နဲ့လာခြိမ်းခြောက်နေတယ်။ ဘယ်လောက်ရိုင်းစိုင်းလိုက်တဲ့လူလဲ"
သခင်မကြီးတွေကတော့ မှားနေပြီလို့အကြီးအကျယ်ခံစားသွားရတာပေါ့။  ဒီလိုကိစ္စမျိုးပထမဆုံးရှင်းရတဲ့အချိန်မှာ ဘာလို့များမကောင်းတဲ့သူနဲ့တွေ့ရတာပါလိမ့်?

ဗီလိန်ဖြစ်ရန် ကြမ္မာဖန် [Book 1]Where stories live. Discover now