(၁၆၅) အသည်းနှလုံး မပါလာပါ

4.2K 621 16
                                    

Burmese Translation of "Doomed to be Cannon Fodder".

Translator - NC

(၁၆၅) အသည်းနှလုံး မပါလာပါ

'ဟင့်အင်း၊ ဒါ နောက်ပြောင်တာပဲနေမှာ၊ ဒါမှ မဟုတ် ယွိဆဲ့က အသည်းမုန့်ကို တကယ်ကြီးလုပ်ပြီး လာပို့တာမှန်ပေမဲ့ အဓိပ္ပာယ်က ဘယ်လိုပေါက်နေတယ်ဆိုတာကို မသိတာနေမယ်၊ အခုတော့ ဘယ်လိုလုပ်ရမလဲ' ခဏလောက် ပျာယာခတ်နေပြီးတဲ့နောက်မှာတော့ ပိုင်ရှန်းရှို့ စိတ်ပိုင်းဖြတ်လိုက်ပြီး မီးဖိုချောင်ဝင်လိုက်တော့တယ်။

ပိုင်ရှန်းရှို့ စိတ်ကောက်ပြီး သောင်းကြမ်းတော့မယ်လို့ လုံဟန့် ထင်ပြီး စိုးရိမ်နေတာ၊ ဒါပေမဲ့ သူမကတော့ မီးဖိုချောင်ဝင်သွားလေတယ်။ 'ငါ သူ့ကို ပိုကြည်အောင်လို့ မုန့်ကောင်းလေးတွေ လုပ်ပေးပြီး မျက်နှာလုပ်ချင်တာလား မသိဘူး' သူ ဝမ်းသာသွားပြီး ပိုင်ရှန်းရှို့ သူ့ဆီ လာတောင်းပန်ပြီး မုန့်ပို့မှာကို စောင့်နေလိုက်တယ်။ သူကတော့ လက်ထပ်ပွဲအတွက် ခန်းဝင်လက်ဆောင်တင်တောင်းမဲ့ ပစ္စည်းတွေကို ဆက်စိစစ်နေလိုက်တာပေါ့။ 

"အရှင်မင်းသား ဘောင်ကို ဘယ်လို သုံးမှာပါလဲ၊ ရိုးရိုးဟာပဲလား၊ ရွှေကွပ်ရမှာလား"

"ရွှေကွပ်"

"ဒါဆို ကျွန်တော်တို့ ပြင်ဖို့ ဆင်ဖို့ အချိန်ပိုယူရပါမယ်"

"ရွှေကွပ်တယ် ထင်ရအောင် လုပ်ပေါ့"

". . ." 'ရွှေကွပ်တယ် ထင်ရအောင်ပဲ လုပ်ရမှာတဲ့လား၊ အတုလုပ်ရုံလား' ဒီမင်္ဂလာပွဲကြီးက သူတို့ကို ဆွံ့အနေစေပြီ။ ဒါပေမဲ့ သခင်ရဲ့ စကားက အခရာမို့ သူတို့ ပြင်ဆင်ဖို့ အပြေးကလေး လှုပ်ရှားကြတော့တယ်။

ဒါပေမဲ့ သူတို့ သခင်ကြီးကတော့ ပျော်မနေဘူး။ သူ စောင့်နေတာ ခြောက်နာရီလောက်ရှိပြီ။ ပိုင်ရှန်းရှို့က သူ့ဆီ မလာသေးဘူး။ တစ်ခုခုတော့ လွဲနေပြီ။ သူ လူလွှတ်ပြီး ယဲ့မားမားကို မေးခိုင်းတော့မှ သိရတော့တယ်။ စုန့်အိမ်တော်က အိမ်စေမတစ်ယောက် ဒုက္ခလာပေးတာ။ ပိုင်ရှန်းရှို့က သူ့အတွက်နဲ့ မီးဖိုချောင်ဝင်တာ မဟုတ်ဘူးတဲ့လေ။

ဗီလိန်ဖြစ်ရန် ကြမ္မာဖန် [Book 1]Where stories live. Discover now