(၅) ချွေးမအကျည်းတန် ယောက္ခမကို မရှောင်နိုင်

19.7K 2.2K 33
                                    

Burmese Translation of "Doomed to be Cannon Fodder".

(၅) ချွေးမအကျည်းတန် ယောက္ခမကို မရှောင်နိုင် (No_Coz)
________________________________

သူမ သခင်မ နေမကောင်းလို့ အိပ်နေတဲ့အကြောင်း လာသမျှလူကို ရှောင်ရှီ ပြောလွှတ်လိုက်တယ်။ အထိန်းတော်ကြီးတွေလည်း ထွေထွေထူးထူး စစ်ဆေးမေးမြန်းမနေတော့ဘဲ အမြန်ပြန်သွားကြတယ်။ ဒါပေမယ့် တစ်နာရီလောက်ကြာတော့ ခြေလျင်ကျွန်တစ်ယောက် အပြေးရောက်လာကာ ပိုင်ရှန်းရှို့ကို ဆင့်ခေါ်ထားကြောင်း သတင်းလာပို့တယ်။ ပြောပုံအရကတော့ လောင်ဖူးရန်နဲ့ သခင်က အရှေ့ဆောင်မှာ အရေးတကြီး ပြောစရာရှိလို့ သူမတို့ကို စောင့်နေတယ်တဲ့လေ။

အဲ့ဒီတော့ ရှောင်ရှီခမျာ ပိုင်ရှန်းရှို့ကို လှုပ်နှိုးရတော့တာပေါ့။ ပိုင်ရှန်းရှို့ကတော့ အိပ်ချင်မူးတူး ငေးငေးငိုင်ငိုင်နဲ့ အဝတ်အစားတွေ ထလဲလိုက်ရတယ်။ ဒါပေမယ့် သူမ စပ်စုချင်တာနဲ့ မေးကြည့်တယ်။ "ဒီအချိန်ကြီး... ဘာလုပ်ဖို့ ငါ့ကို ခေါ်ကြတာလဲ..."

ရှောင်ရှီက ပြန်ဖြေတယ်။ "တစ်ယောက်ယောက်တော့ ဒုက္ခလှလှရောက်နေတယ်ဆိုပဲ... ကျွန်မလည်း အသေးစိတ်တော့ မသိဘူး... ဒါပေမယ့် သခင်မရောက်တဲ့အခါကျရင်တော့ သိရမှာပါ..."

သူမ ဇာတ်လိုက်မင်းသားကို တွေ့ရတော့မယ်ဆိုတာ သိတော့ ပိုင်ရှန်းရှို့ အနေရကြပ်လာတယ်။ ဒါပေမယ့် အကျည်းတန်ချွေးမက ယောက္ခမတွေကို အမြဲရှောင်နေလို့မရဆိုတဲ့ စကားပုံရှိတယ် မဟုတ်လား။ သူတို့က တစ်မိုးအောက်တည်းမှ အတူနေနေတာဆိုတော့ တစ်ချိန်ချိန်မှာတော့ တွေ့လာရမှာပဲလေ။ ဇာတ်လိုက်မင်းသား သူမနဲ့ ပတ်သက်လာမှာကိုတော့ သူမ မပူဘူး။ ဇာတ်လိုက်က ဘဝင်မြင့်ပြီး ကြီးကျယ်လွန်းတော့ သူမကို လှည့်တောင် ကြည့်နေမှာ မဟုတ်ဘူးလေ။

တစ်ယောက်သော သူမလေး လက်ဆက်ပွဲကို ရှောင်ဖို့ ထွက်ပြေးသွားတုန်းကဆို သူက သူမကို ပြန်ခေါ်လာနိုင်ဖို့ပဲ လုံးပန်းနေခဲ့တာ။ အဲ့ကိစ္စကလွဲရင် သူ့အနောက်ဆောင်က မောင်းမကိုယ်လုပ်တော်တွေကို လုံးဝ စိတ်မဝင်စားဘူး။ ဒါ့ကြောင့်မို့လည်း သူမ သူ့ကို မျှော်မှန်းထားတာမျိုးတွေ မရှိပါဘူး။ သူ သူမကို နှစ်ခါပြန်တောင် လှည့်ကြည့်မှာမဟုတ်ဘူးဆိုတာ လက်တွေ့ကျတဲ့ အချက်တစ်ချက်ပဲလေ။

ဗီလိန်ဖြစ်ရန် ကြမ္မာဖန် [Book 1]Where stories live. Discover now