(၂၈)ဖုံးကွယ်ခြင်း ဒေါသထွက်ခြင်း

17.6K 2.1K 26
                                    

Translator: Hninhtetwai0001 Jinnie_Grace

လုံဟန့်ကတော့ဒေါသထွက်ပြီးထွက်လာခဲ့လိုက်တယ်။ သူ့အမျိုးသမီးက အမှန်တကယ်ကိုတခြားတစ်ယောက်အတွက် ကိစ္စကြီးတစ်ခုကို ဖုံးကွယ်ပေးနေတယ်တဲ့လေ။ စစ်တပ်ထဲမှာ နှစ်တွေအကြာကြီးနေလာခဲ့တော့ သူ့အတွက်အမှားနဲ့အမှန်၊ ရန်သူနဲ့မဟာမိတ်ကိုကောင်းကောင်းခွဲခြားနိုင်တယ်။ ကောင်းမွန်တဲ့လုပ်ရပ်တွေရဲ့တန်ဖိုးကို သူ ကောင်းကောင်းသိတယ်။ မဟာမိတ်တွေက လိမ်မပြောသလို တစ်ယောက်ကိုတစ်ယောက်ဖုံးကွယ်ထားတာမျိုးလည်း မရှိဘူး။ အဲ့ဒါဟာ အခြေခံအားဖြင့် သူ ဘာလို့ဒီလောက်ထိဆိုးဆိုးဝါးဝါးတုံ့ပြန်သွားရသလဲဆိုတဲ့ အကြောင်းရင်းပဲ။

ဒါပေမယ့် သူ့အမေကိုမြင်တော့သူစိတ်ငြိမ်သွားတယ်
မောင်းမဆောင်ဟာစစ်တပ်နဲ့ခြားနားသလို သူမကလည်းသူ့ရဲ့စစ်သားမဟုတ်ဘူး ပြီးတော့ အကျိုးသင့်အကြောင်းသင့်ပြောရရင်သူ့အပေါ်အရမ်းယုံကြည်တဲ့သူတစ်ယောက်အနေနဲ့ သူ့ကိုဖုံးကွယ်ထားမှာမဟုတ်ဘူး မဟုတ်လျှင်....

သူသံသယတွေနဲ့ရပ်နေမိတုန်း စုန့်ကျောင်းယွဲ့လူတချို့နဲ့ရယ်မောရင်းလျှောက်လာတယ် "လောင်ဖူးရန်နဲ့ အမေတို့ မနက်ဖြန်ပြန်ဖို့စီစဉ်နေတာ ငါတို့တွေ့ခဲ့တယ်... မင်းရော ဘယ်လိုလဲ..."

"ငါတို့လည်းအတူတူပဲ... ဒီနေ့အရမ်းလူရှုပ်တယ်... မနက်ဖြန်ကျရင် အတူတူပြန်ရအောင်​..." လုံဟန့်ပြန်ဖြေတယ်။ ဒါပေမယ့် သူမျက်မှောင်ကြုံ့မထားဘူး။

သူ့စိတ်ထဲမှာ တစ်ခုခုဖြစ်နေတယ်ဆိုတာကို စုန့်ကျောင်းယွဲ့က သိတာပေါ့။ 'သူ'သတိထားပြီးတော့စူးစမ်းကြည့်​လိုက်တယ်။ "မင်းရဲ့အဲဒီ့ကိုယ်လုပ်တော်... အရမ်းဆိုးဆိုးဝါးဝါး ဒဏ်ရာရထားလို့လား..." သူ့ဘေးက လူတွေကိုထွက်သွားခိုင်းရင်းနဲ့ သူပြောတယ်။
လုံဟန့်ရဲ့လူတွေတောင်မှ နောက်ဆုတ်ကုန်ကြတယ်။ ရုတ်တရက်ကြီး လုပ်စရာအလုပ်တွေ သီးသန့်ပြောစရာ စကားတွေပေါ်လာပြီးတော့.....

"သူမ.....အဆင်​​ပြေပါတယ်​" သူတို့က သူငယ်ချင်းတွေဖြစ်တဲ့အတွက် လုံဟန့်လည်း အများကြီးစဉ်းစားမနေပဲ အမှန်အတိုင်းပြောလိုက်တယ်။

ဗီလိန်ဖြစ်ရန် ကြမ္မာဖန် [Book 1]Where stories live. Discover now