
6.4K 1K 12
                                    

Burmese Translation of "Doomed to be Cannon Fodder".

Translator - No Coz

(၇၉) မိသားစုတစ်​ခုကို ဖြိုခွဲခြင်း၏ တန်​ပြန်​အကျိုးဆက်​
____________________________________

သူက မိန်းမကောင်းလေးတစ်​ယောက်​ကို လှည့်​ဖြားပြီးတော့ ဗုဒ္ဓဘာသာ သီလရှင်​ဝတ်​သွားအောင်​ဆွယ်​တရား ဟောနေတာမဟုတ်​လား။ သူမက သီလရှင်​ဝတ်​ရတာ ပိုကောင်းမယ်​လို့ ထင်​ရလောက်​အောင်​လီအိမ်​တော်​မှာ အပယ်​ခံဖြစ်​နေတယ်​များ မှတ်​နေသလား။

စုန့်​ကျောင်းယွဲ့ လုံဟန့်​ကို အမြန်​ဆွဲထားလိုက်​ပြီး ဆရာတော်​ဟွေ့ကွမ်းကို ပြုံးပြလိုက်​ရတယ်​။ "ဆရာတော်​၊ အရှင်​က လူတွေကို ကြည့်​ရာမှာ အမြင်​ကောင်းရှိတယ်​ဆိုပေမဲ့ ပိုင်​သခင်​မက အိမ်​ထောင်​ပြုပြီး ဖြစ်​နေပါတယ်၊ ပြီးတော့ သူ့စိတ်​ကလဲ လောကုတ္တရာ အားထုတ်​ဖို့ရာ အဆင်​သင့်​မဖြစ်​သေးပါဘူး... ဆရာတော်​အနေနဲ့ တစ်​ပါးသူကို အတင်းအကြပ်​သာသနာ့ဘောင်​ဝင်​စေလို့ မဖြစ်​ပါဘူး"

မမျှော်​လင့်​ပါဘဲ၊ ဆရာတော်​ဟွေ့ကွမ်းက သက်​ပြင်းချကာ ပြောလာတယ်​။ "သံသရာမှာ ကျင်​လည်​ရာမှာ လူ့ဘဝဆိုတာ ရေပွက်​ပမာ တစ်​ခဏတာလိုပဲ၊ ဒီဒကာမလေးက လူ့ပြည်​မှာ ရှားမှရှားတဲ့ အထုံပါရမီပါသူလေး... ဒကာတို့က ဘာပြုလို့ လောကီရေးမှာပဲ င်္နမွန်းနေစေမှာလဲ၊ နမြောစရာ ကောင်းလိုက်​တာ"

"ဆရာတော်​ကြီး ညွှန်​ပြသင်​ကြားပေးတာအတွက်​ကျေးဇူးပါဘုရား" သူမကတော့ သီလရှင်​ဝတ်​ဖို့ တစ်​ခါမှ မတွေးခဲ့ဖူးဘူး။ အဲ့သလို ဝတ်​လိုက်​လို့ သူမ အရင်​လောကကို ပြန်​သွားလို့ရမယ်​ဆိုရင်​တော့ အားရဝမ်းသာ ဝတ်​ဖြစ်​လိုက်​မလားပဲ။

ကံမကောင်းချင်​တာက...

ကံမကောင်းချင်​တော့...

ဆရာတော်​ဟွေ့ကွမ်းက အရိမေတ္တယျမြတ်​စွာဘုရားကို ထပ်​တ,လိုက်​ရင်း ဆိုလေတယ်​။ "ဘုန်းကြီးတော့ ဘယ်​တော့မှ လက်​လျှော့မှာ မဟုတ်​ဘူး"

ပိုင်​ရှန်းရှို့နှုတ်​ခမ်းထောင့်​တွေ တုန်​တွန့်​သွားမိတော့တယ်​။ ဒီဘုန်းကြီးက မလွယ်​ဘူးပဲ။ "ဆရာတော်​၊ အရှင်​က တော်​တော်​လေး ဇွဲကောင်းတာပဲ"

ဗီလိန်ဖြစ်ရန် ကြမ္မာဖန် [Book 1]Where stories live. Discover now