(၁၂၅) အဆိပ်သင့် ဆန်းကြယ်သော ဝေဒနာ

4.5K 761 6
                                    

Burmese Translation of "Doomed to be Cannon Fodder".

Translator - No Coz

(၁၂၅) အဆိပ်သင့် ဆန်းကြယ်သော ဝေဒနာ

လုံဟန့်ရဲ့ ထောင်သောင်းမကတဲ့ စစ်သည်ဗိုလ်ပါတွေ သူ့ကို ယုံကြည်ကြတယ်ဆိုတာ သူဟာ စစ်သူကြီးဖြစ်နေတာကြောင့်ပဲ။ သူ့လက်အောက်ငယ်သားတွေ သူ့ကို ယုံကြည်ကြတာကလဲ သူဟာ သူတို့ရဲ့ ခေါင်းဆောင်ဖြစ်နေလို့။ ဒါပေမဲ့ သူနဲ့ အမှန်တကယ် ဘာပတ်သက်မှုမှ မရှိသေးတဲ့ မိန်းမတစ်ယောက်ရဲ့ အကြွင်းမဲ့ ယုံကြည်မှုကို ရလိုက်တဲ့ ဒီအချိန်အခါလောက်တော့ တစ်ခါမှ စိတ်ထိခိုက် မခံစားခဲ့ဖူးဘူး။

သူ လက်ကမ်းလိုက်ပြီး ပိုင်ရှန်းရှို့ကို နှစ်သိမ့်ပေးဖို့ သိမ်းယူပွေ့ဖက်လိုက်တော့တယ်။ သူ ဖက်တာကြီးက ပိုင်ရှန်းရှို့ကို ညှစ်နေသလိုပဲ၊ ဒါပေမဲ့ သူမ သူ့ရင်ခွင်ကနေ ရုန်းမထွက်ဘူးရယ်။

"မင်း သူ့အတွက် ဘာမှ လိုက်ဖုံးကွယ်ထားပေးစရာ မလိုပါဘူး၊ ဘာကိစ္စဖြစ်ခဲ့လို့လဲ"

"ဘ- ဘာ ဘာကိစ္စမှ မဖြစ်ခဲ့ပါဘူးနော်"

သူမက လင်ချန်းဇီအတွက် အမှန်တရားကို ဖုံးကွယ်ထားပေးနေသေးတယ်...! လုံဟန့် ရင်ထဲမှာ ဒေါသတွေ တလိပ်လိပ်တက်လာပြီ။ ဒါပေမဲ့ သူ ဘာမှ မတတ်နိုင်ဘူး။ ဒီမိန်းကလေးဟာ ဘယ်လိုအခြေအနေဖြစ်နေပါစေ၊ အဆုံးထိတိုင် သစ္စာရှိပေးနေမဲ့ သဘောမှာရှိတယ်။ ဒါ သူမရဲ့ ပုံစံ အစစ်အမှန်ပဲ၊ ဒါကြောင့်မို့လဲ လူတကာရဲ့ စိတ်နှလုံးမှာ မှတ်မှတ်ထင်ထင်ဖြစ်ပြီး စွဲကျန်ရစ်စေတာ။

အမှန်ပဲ။ အခုတော့ သူ သတိထားမိလိုက်ပြီ၊ သူမအပေါ်မှာ အစစ်အမှန် လုံးလုံးလျားလျား ချစ်မိနေပြီဆိုတာကို။ ဒါပေမဲ့ တစ်စုံတစ်ယောက်အပေါ် မေတ္တာရှိဖူးတာ ပထမဆုံးဆိုတော့ သူ စိတ်လှုပ်ရှား ထိတ်လန့်နေမိတာလဲ ပါတယ်။ ပြီးတော့ အခုချိန်က သူမနဲ့ နှီးနှောပတ်သက်ဖို့ အချိန်အခါ​ကောင်းလဲ မဟုတ်နေဘူး၊ သူမ ကိုယ်ထဲက အဆိပ်ကို အရင်ဖြေဖို့ နည်းလမ်းရှာပေးရမယ်လေ။ သူ သူမကို အိပ်ရာပေါ် အသာချပေးထားလိုက်ပြီး ပြောလိုက်တော့တယ်။ "ဒီညတော့ မင်း ဒီမှာပဲ အိပ်ရမယ်၊ အဲ့ဒီလူကို ဖမ်းမမိသေးဘူး၊ ဒါကြောင့်မို့ အခု အပြင်မှာ အန္တရာယ်သိပ်များတယ်"

ဗီလိန်ဖြစ်ရန် ကြမ္မာဖန် [Book 1]Where stories live. Discover now