(၁၉) စွဲမက်ငြို့ငင်စွမ်းသာသော (No_Coz)
ပိုင်ရှန်းရှို့ကတော့ တခြားဘယ်သူတွေ ဘယ်လိုတွေး ဘယ်လိုမြင်မယ်ဆိုတာကို ဂရုမစိုက်။ သူမ အဝတ်အစားအမြန်လဲလိုက်ပြီး ယဲ့မားမားကို မေးလိုက်တယ်။ "မားမား... ကျမ ဒါကို မင်းသားကို ကိုယ်တိုင် သွားပေးရင် ကောင်းမလားဟင်..."
"ကောင်းတာပေါ့...! ကျွန်မ ရဲရဲကြီး အာမခံရဲတယ်... မင်းသားမှာ ညနေ အလုပ်ကိစ္စမရှိရင် ကြိုင်နံ့သာဝန်းထဲမှာ ရှိနေလိမ့်မယ်...!"
ယဲ့မားမားက ဒီကိစ္စကို သခင်မ ရှို့ ဘာသာ လုပ်စေချင်နေခဲ့တာ။ အနည်းဆုံး သခင်မ ရှို့ ကြည်ကြည်နူးနူး ရယ်မောနေတဲ့ ဟန်ပန်ကလေးနဲ့တင် ငြို့အားသိပ်ပြင်းနေတာ။ တခြားအမူအရာအပြုအမူဆို ပြောမနေနဲ့တော့။ ဘယ်ယောက်ျားသားက ထိန်းသိမ်းနေနိုင်တော့မလဲ။
ပိုင်ရှန်းရှို့လည်း ဝမ်းသာအားရဖြစ်မိသွားတယ်။ သူမ ဒီအခွင်အရေးကို လက်လွှတ်အဆုံးရှုံးမခံနိုင်ဘူး။ အရံဇာတ်လိုက် သူမကို သတိတရ စွဲမြဲမှတ်မိသွားအောင်ကို လုပ်ရမယ်။ သူမ စိတ်ထဲကနေ အားကြိုးမာန်တက် လက်သီးဆုပ် အားပေးရင်း သူမ လုပ်ပြီးသား လက်ဆောင်တွေကို သွား ပြင်ဆင် ထုပ်ပိုးနေလိုက်တော့တယ်။ သူမ မသိမသာ လျို့ဝှက်သိပ်သည်းတဲ့ နည်းတွေ မသုံးတော့ဘူး။ ဘယ်လိုပဲဖြစ်ဖြစ်၊ အရံဇာတ်လိုက်ကလည်း ဒီလောက်လေးကို သဘောထားသေးနေမှာ မဟုတ်ပါဘူး။ ဘယ်လိုပဲဖြစ်ဖြစ် ဝတ္ထုထဲမှာ အရံဇာတ်ကောင်ရဲ့ စိတ်နေသဘောထား ကိုယ်ရည်ကိုယ်သွေးတွေကို အသေးစိတ် ရှင်းပြထားပြီးသားဟာကို။ ဒါကြောင့် သူမ ကြောက်မနေဘူး။ ဘာတဲ့၊ အဆိုတစ်ခုရှိတယ်လေ၊ ကိုယ် ဝါးနိုင်တဲ့ ပမာဏထက် ပိုမကိုက်ဖို့၊ ဒါပေမယ့် ရဲတင်းသူတွေအတွက် အခွင့်အရေးက ပိုရတတ်တယ်။ သူမသာ ဒီအတိုင်းဆက်သွားနေရင် အရံဇာတ်လိုက်ဆီက နှစ်ခါပြန်အကြည့်ကိုတောင် ရမှာ မဟုတ်ဘူး။ သူမကိုယ်ကို သေဘေးက ကယ်တင်နိုင်ဖို့ဆို ဝေလာဝေးပေါ့။ သူမ ဒီလက်ဆောင်ကို ကြိုတင်ပြင်ဆင်ပြီးတာတောင် အတော်ကြာနေပြီ။ ပေးဖို့ အခွင့်အရေး မရသေးတာကလွဲလို့ပေါ့။ သူမ လက်ဆောင်ကို အဝတ်အိတ်သေးသေးလေးထဲထည့်ထားတယ်။ ဒါပေမယ့် အမွှေးနံ့သာအိတ်လိုတော့လည်း မဟုတ်ဘူး။ သူမ အဆင်သင့်ဖြစ်တော့ ရှောင်ရှီကို ခေါ်ပြီး ထွက်လာလိုက်တယ်။
YOU ARE READING
ဗီလိန်ဖြစ်ရန် ကြမ္မာဖန် [Book 1]
Historical Fictionဘာသာပြန်ဝတ္ထုပါ။ [Zawgyi + Unicode] ___ အမျိုးသမီးဇာတ်ရံအဖြစ် သူမ ဝတ္ထုတစ်အုပ်ထဲ ရောက်သွားခဲ့တယ်။ အဓိကဇာတ်လိုက်မင်းသားကို တစ်ဖက်သတ်စွဲမက်နေခဲ့တဲ့ ဇာတ်ကောင်ပေါ့။ သူမမှာ သူ့လက်ကိုတောင် ဆုပ်ကိုင်ခွင့်မရလိုက်ဘဲ အရှင်လတ်လတ်ရိုက်သတ်ခံရမယ့် ကြမ္မာရှိနေတယ်လား...