(၄၀) အမွှန်းတင်​စကားပြောတာ ကြားရဖို့ စောင့်

17.7K 2.4K 86
                                    

Burmese Translation of "Doomed to be Cannon Fodder".

(၄၀) အမွှန်းတင်​စကားပြောတာ ကြားရဖို့ စောင့့်​ (No_Coz)

~~~~~~~~~~~~~~~~~~

ပထမသခင်​မနဲ့ ဒုတိယ သခင်​မတို့ အကြည့်​ချင်း ဖလှယ်​လိုက်​ကြတယ်​။ ထင်​ထားတဲ့အတိုင်းပဲ ဒီအမျိုးသမီးက ပျော့ညံ့သူ ဖြစ်​နေတယ်​။ သူမ အလွယ်​တကူကို သဘောတူလိုက်​တယ်​လေ။

ဒုတိယသခင်​မကလည်း အခန်းတွင်း လျှောက်​လှည့်​ပတ်​ကြည့်​နေတယ်။ သူမ သွားရင်းကြည့်​ရင်းနဲ့ ကန္တရဆူးပင်​တစ်​ပင်​အနားမှာ အရောင်​စုံဖန်​ကျောက်​သား အလှဆင်​ပစ္စည်းကို တွေ့လိုက်​ရတော့တယ်​။ ဖန်​ကျောက်​က လုံးဝန်းဝန်းသဏ္ဍာန်​နဲ့ ရိုးရိုးရှင်းရှင်းပါပဲ။ ဒါပေမယ့်​ နေရောင်​အလင်းအောက်​မှာ တဖျတ်​ဖျတ်​တောက်​ပလို့ နေတယ်​။ အခန်းတွင်းမှာ အရောင်​စုံအလင်းပျောက်​တို့ ဖြာထွက်​ကာ အလှဆင်​ပေးနေလေရဲ့။ ရှေးခေတ်​အခါတွေမှာ အခုလို ရောင်​စုံဖန်​ကျောက်​က အတော်​ရှားပါးတဲ့ ပစ္စည်းပဲ။ ဒီတော့ အတော်​အတန်​လည်း အဖိုးကြီးတယ်​။ မင်းသားက သူမကို လက်​ဆောင်​ပေးထားတာနေမယ်​။ သူမ မနာလိုဝန်​တို ဖြစ်​လာမိတာနဲ့ပဲ၊ ဖန်​ကျောက်​ကို ယူကိုင်​လိုက်​ကာ ဆော့ကစားရင်း ပြုံးကာ ဆိုလိုက်​တယ်​။ "ဒီလိုဟာမျိုး တွေ့ရခဲတယ်​... ညီမလေး ဘယ်​က ရလာတာလဲ မသိ..."

"မင်းသားက လူလွှတ်​ပြီး အပို့ခိုင်းလိုက်​တာပါ... သခင်​မက ညဘက်​တွေဆို ဆေးထသောက်​ရတာမို့ ဖယောင်းတိုင်​အလင်းတစ်​ခုတည်းနဲ့ဆို မလုံလောက်​တာနဲ့..." ရှောင်​ရှီကတော့ စိုးရိမ်​နေမိတယ်​။ အရှင်​မင်းသား ပို့ပေးထားတဲ့ ပစ္စည်းသာ တစ်​ခုခုဖြစ်​သွားခဲ့ရင်​ ရှို့သခင်​မတော့ အပြစ်​ပေးခံရတော့မှာပဲ။

"သြော...? မင်းသားက တော်​တော်​လေး လိုက်​တွေးပေးတတ်​တာပဲ...!" ဒုတိယသခင်​မက ဖန်​ကျောက်​လုံးကို ပြန်​တင်​တော့မလို ဟန်​လုပ်​လိုက်​တယ်​။ ဒါပေမယ့်​ သူမ လက်​ထဲကနေ တမင်​တကာ ချော်​ကျသွားသလိုလုပ်​ပြီး မြေပေါ် ပစ်​ချလိုက်​တယ်​။

ဗီလိန်ဖြစ်ရန် ကြမ္မာဖန် [Book 1]Où les histoires vivent. Découvrez maintenant