(၄၁) ဘဏ္ဍာစိုးအဖြစ်​သင်​ကြား

17.7K 2.5K 124
                                    

Burmese Translation of "Doomed to be Cannon Fodder".
https://www.volarenovels.com/novel/doomed-to-be-cannon-fodder#TableOfContents

(၄၁) ဘဏ္ဍာစိုးအဖြစ်​သင်​ကြား (Jinnie_Grace)
~~~~~~~~~~~~~~~~~~~~~~~~

ပိုင်​ရှန်းရှို့ အစက​တော့ ​ကြောင်​​နေမိတယ်​။ပြီးမှ အံ့အားသင့်​မိသွား​တော့တယ်။လုံဟန့်​ကို အ​တန်​ကြာ ​ဘာမှမ​ပြောပဲ ​ကြောင်​ကြည့်​​နေပြီးမှ မျက်​နှာ​လေးနီရဲလာတယ်​​​။ ဒီ​လူက ငါ့ကို လုံးဝအလွတ်​မ​ပေးဘူးဘဲ!လုံဟန့်​က​တော့ ပိုင်​ရှန်းရှို့မျက်​နှာ​ပေါ်မှာ အမျိုးမျိုး ​ပြောင်း​နေတဲ့အ​ရောင်​​တွေကိုကြည့်​ရင်း ​ဝမ်းသာပီတိဂွမ်းဆီထိ​​​နေ​လေရဲ့။ဒီအမျိုးသမီး​လေးက တကယ့်​ကိုချစ်​ဖို့​ကောင်းပြီး ဖြူစင်​တာပဲ။သူမခံစားရသမျှကို သူမမျက်​နှာ​ပေါ်မှာ ဖတ်​လို့ရတယ်​။

ကံမ​ကောင်းတာက ဟန်​​ဆောင်​​ကောက်​ကျစ်​မှု​တွေကိုမသိတဲ့ သူမ​လေးက အ​နှေးနဲ့အမြန်​ပဲ အနိုင်​ကျင့်​ခံရလိမ့်​မယ်​။

ဒါ​ပေမယ့်​ သူမရဲ့ ရဲ​နေတဲ့မျက်​နှာ​လေးကို​တွေ့တဲ့အခါ သူ​ချောင်းတစ်ချက်​ဟန့်​လိုက်​တယ်​။ဆေးနံ့​တွေနဲ့ မွှန်​​နေတာမို့ သူကြာကြာမထိုင်​နိုင်​​တော့ပဲ "​ကောင်း​ကောင်းနား"လို့ပဲ​ပြောပြီးထွက်​လာခဲ့လိုက်​​တော့တယ်​။

ရှောင်​ရှီနဲ့ ယဲ့မားမားက​တော့ လုံဟန့်​ကိုအပြင်​လိုက်​ပို့ပြီးမှ သက်​ပြင်းချနိုင်​​တော့တယ်​။လူ​တွေက ​ပြောကြတယ်​။အမျိုးသမီးတစ်​​ယောက်​ရဲ့ စိတ်​ကိုဖတ်​ရတာဟာ သမုဒ္ဒရာထဲမှာ အပ်​ရှာရသလိုပဲတဲ့။ဒါ​ပေမယ့်​ ကြည့်​ရတာ ​ယောက်ျား​တွေရဲ့အ​တွေးကိုဖတ်​ရတာ ပိုခက်​ပုံရတယ်​။သူတို့ရဲ့ အရှင်​မင်းသားက သူတို့ရဲမမ​လေးအ​ပေါ်ထားတဲ့ခံစားချက်​​တွေကို သိုဝှက်​ထားပုံပါပဲ။ဘာလို့လဲဆို​တော့ သူဒီကိုလာ​ပေမယ့်​ ကြာကြာမထိုင်​ဘူး​​လေ။ခပ်​သုတ်​သုတ်​ ပြန်​ထွက်​သွားတတ်​တယ်​။ ဒါ​ပေမယ့်
အဲ့ဒီလိုဆို​ပေမယ့်​လည်း အခြားသခင်​မ​တွေဆီကိုကျ မသွားပြန်​ဘူး။သူ့စိတ်​ကို ခန့်​မှန်းဖို့ တကယ်​ခက်​ခဲတာပဲ။

ဗီလိန်ဖြစ်ရန် ကြမ္မာဖန် [Book 1]Where stories live. Discover now